ေရပူစခန္းတြင္ အစစ္မခံဘဲေမာင္းေျပးသည့္ အိမ္စီးကားမွ ဘိန္းျဖဴမ်ားဖမ္းဆီးရမိ

ေရပူစခန္းတြင္ အစစ္မခံဘဲေမာင္းေျပးသည့္ အိမ္စီးကားမွ ဘိန္းျဖဴမ်ားဖမ္းဆီးရမိ
ဧပြီ 1, 2017
By 🌸
မႏၱေလး - မူဆယ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕အနီး ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ဧၿပီလ (၁) ရက္ေန႔ နံနက္ (၁၀)နာရီ (၃၀)ခန္႔က စစ္ေဆးမႈမခံဘဲ ေမာင္းေျပးသည့္ အိမ္စီးကားအား လိုက္လံဖမ္းဆီးရာမွ ကားဘီးအပိုအတြင္း ထည့္သြင္းသယ္ေဆာင္လာသည့္ ဘိန္းျဖဴမ်ားအားဖမ္းဆီးရမိေၾကာင္း သိရသည္။

"အဲဒီကားက စစ္ေဆးေရးဂိတ္မွာ တန္းစီေနတဲ့ကားေတြၾကားထဲကေန ဂိတ္ထဲကိုမဝင္ဘဲ ေမာင္းၿပီးေျပးတာ။ ဒါနဲ႔ ကြ်န္ေတာ္အပါအဝင္ စစ္ေဆးေရးအဖြဲ႔ (၅)ဦးပါတဲ့ကားတစ္စီးနဲ႔ သူ႔ေနာက္ကိုလိုက္ၾကတာ။ သူ႔ကားကအရမ္းျမန္ေတာ့လိုက္မမီဘူး။ ေနာက္ဆံုး သိန္းနီတံတားအလြန္ကိုေရာက္မွ ဖမ္းလို႔မိတယ္။ သူ႔ကားကိုေသခ်ာစစ္ေဆးၾကည့္ေတာ့ ကားေနာက္က အပိုတင္လာတဲ့ ကားဘီးထဲမွာ ဘိန္းျဖဴထည့္ထားတဲ့ ဆပ္ျပာခြက္ ( ၇၄ ) ခြက္ကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ သတင္းႀကိဳရထားလို႔ဖမ္းမိတာမ်ိဳးမဟုတ္ဘူး" ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ကိုဆက္ႏိုင္ဆိုသူ ေမာင္းႏွင္လာသည့္ အဆိုပါ ပါဂ်ဲရိုကားမွာ မူဆယ္မွ မႏၱေလးသို႔ ေမာင္းႏွင္လာျခင္းျဖစ္ၿပီး အပိုတပ္ဆင္ထားသည့္ကားဘီးအတြင္း ဘိန္းျဖဴမ်ားထည့္ထားသည့့္ ဆပ္ျပာခြက္(၇၄)ခြက္အား ထည့္သြင္းသယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ဘိန္းျဖဴအေလးခ်ိန္ႏွင့္ တန္ဖိုးအား စစ္ေဆးတြက္ခ်က္ေနဆဲျဖစ္ၿပီး ဘိန္းျဖဴမ်ားသယ္ေဆာင္လာသည့္ ကိုဆက္ႏုိင္အား အမႈဖြင့္အေရးယူုႏုိင္ရန္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေရပူစစ္ေဆးေရးစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရေပူစခန်းတွင် အစစ်မခံဘဲမောင်းပြေးသည့် အိမ်စီးကားမှ ဘိန်းဖြူများဖမ်းဆီးရမိ
************
မန္တလေး - မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီး ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဧပြီလ (၁) ရက်နေ့ နံနက် (၁၀)နာရီ (၃၀)ခန့်က စစ်ဆေးမှုမခံဘဲ မောင်းပြေးသည့် အိမ်စီးကားအား လိုက်လံဖမ်းဆီးရာမှ ကားဘီးအပိုအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူများအားဖမ်းဆီးရမိကြောင်း သိရသည်။

"အဲဒီကားက စစ်ဆေးရေးဂိတ်မှာ တန်းစီနေတဲ့ကားတွေကြားထဲကနေ ဂိတ်ထဲကိုမဝင်ဘဲ မောင်းပြီးပြေးတာ။ ဒါနဲ့ ကျွန်တော်အပါအဝင် စစ်ဆေးရေးအဖွဲ့ (၅)ဦးပါတဲ့ကားတစ်စီးနဲ့ သူ့နောက်ကိုလိုက်ကြတာ။ သူ့ကားကအရမ်းမြန်တော့လိုက်မမီဘူး။ နောက်ဆုံး သိန်းနီတံတားအလွန်ကိုရောက်မှ ဖမ်းလို့မိတယ်။ သူ့ကားကိုသေချာစစ်ဆေးကြည့်တော့ ကားနောက်က အပိုတင်လာတဲ့ ကားဘီးထဲမှာ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက် ( ရ၄ ) ခွက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သတင်းကြိုရထားလို့ဖမ်းမိတာမျိုးမဟုတ်ဘူး" ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုဆက်နိုင်ဆိုသူ မောင်းနှင်လာသည့် အဆိုပါ ပါဂျဲရိုကားမှာ မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာခြင်းဖြစ်ပြီး အပိုတပ်ဆင်ထားသည့်ကားဘီးအတွင်း ဘိန်းဖြူများထည့်ထားသည့့် ဆပ်ပြာခွက်(၇၄)ခွက်အား ထည့်သွင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်ဘိန်းဖြူအလေးချိန်နှင့် တန်ဖိုးအား စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး ဘိန်းဖြူများသယ်ဆောင်လာသည့် ကိုဆက်နိုင်အား အမှုဖွင့်အရေးယူုနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရေပူစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~