ပဒါန္းေက်းရြာတြင္ တရားမဝင္ ပိေတာက္သားသစ္မ်ား ဖမ္းဆီးရမိ

ပဒါန္းေက်းရြာတြင္ တရားမဝင္ ပိေတာက္သားသစ္မ်ား ဖမ္းဆီးရမိ
ဧပြီ 24, 2017
By Tachileik News Agency

တရားမဝင္ ပိေတာက္သား ၉ တန္ခဲြေက်ာ္ သယ္ေဆာင္လာေသာ ယာဥ္အား ယာဥ္ေမာင္း၊ ယာဥ္ ေနာက္လိုက္ႏွင့္တကြ ဧၿပီလ (၂၃)ရက္ေန႔ညပိုင္းက မေကြးတုိင္းေဒသႀကီး၊ ပဒါန္းေက်းရြာတြင္ ဖမ္းဆီးရမိခဲ႔ၿပီး သစ္ပိုင္ရွင္ကိုပါ ေဖာ္ထုတ္ႏိုင္ခဲ႔ေၾကာင္း ငဖဲၿမိဳ႕ နယ္သစ္ေတာဦးစီးဌာနမွ သိရသည္။

“ပဒါန္းေက်းရြာ စာတတ္ကူေမာင္းတံဂိတ္မွာတားၿပီး စစ္ေဆးခဲ႔ရာမွာ တရားမဝင္သယ္ေဆာင္လာတဲ႔ ပိေတာက္သားသစ္ ကိုးတန္ခဲြေက်ာ္ကို ယာဥ္ေမာင္း၊ယာဥ္ေနာက္လိုက္နဲ႔တကြ ေတြ႔ရိွဖမ္းဆီးႏိုင္ခဲ႔တာပါ” ဟု ငဖဲၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ သစ္ေတာဦးစီးမွဴး ဦးေအာင္မင္းသူက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီး မင္းဘူးခရိုင္ ငဖဲၿမိဳ႕နယ္ ပဒါန္းေက်းရြာ စာတတ္ကူေမာင္းတံဂိတ္၌ ဧၿပီလ (၂၃) ရက္ေန႔ ညေန (၆) နာရီ (၂၅) မိနစ္အခ်ိန္ခန္႔တြင္ တရားမဝင္ ပိေတာက္သားသစ္မ်ား သယ္ေဆာင္လာေသာ ယာဥ္ကို တားဆီးစစ္ေဆးႏိုင္ခဲ့သျဖင့္ က်ပ္(၂၄)သိန္းေက်ာ္ တန္ဖိုးရိွေသာ သစ္တန္ခ်ိန္ (၉.၆၅၃၈)တန္ အား ေတြ႔ရိွသိမ္းဆည္းရမိခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သစ္မ်ားကို သယ္ေဆာင္လာေသာ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ႏွင့္ သစ္ပိုင္ရွင္တို႔အား ငဖဲၿမိဳ႕မရဲစခန္းတြင္ (ပ)၆၈/၂၀၁၇၊ ျပည္သူပိုင္ပစၥည္းကာကြယ္ေရးဥပေဒပုဒ္မ ၆(၁) ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ပဒါန်းကျေးရွာတွင် တရားမဝင် ပိတောက်သားသစ်များ ဖမ်းဆီးရမိ
...............

တရားမဝင် ပိတောက်သား ၉ တန်ခွဲကျော် သယ်ဆောင်လာသော ယာဉ်အား ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နှင့်တကွ ဧပြီလ (၂၃)ရက်နေ့ညပိုင်းက မကွေးတိုင်းဒေသကြီး၊ ပဒါန်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး သစ်ပိုင်ရှင်ကိုပါ ဖော်ထုတ်နိုင်ခဲ့ကြောင်း ငဖဲမြို့ နယ်သစ်တောဦးစီးဌာနမှ သိရသည်။

“ပဒါန်းကျေးရွာ စာတတ်ကူမောင်းတံဂိတ်မှာတားပြီး စစ်ဆေးခဲ့ရာမှာ တရားမဝင်သယ်ဆောင်လာတဲ့ ပိတောက်သားသစ် ကိုးတန်ခွဲကျော်ကို ယာဉ်မောင်း၊ယာဉ်နောက်လိုက်နဲ့တကွ တွေ့ရှိဖမ်းဆီးနိုင်ခဲ့တာပါ” ဟု ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဦးစီးမှူး ဦးအောင်မင်းသူက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာ စာတတ်ကူမောင်းတံဂိတ်၌ ဧပြီလ (၂၃) ရက်နေ့ ညနေ (၆) နာရီ (၂၅) မိနစ်အချိန်ခန့်တွင် တရားမဝင် ပိတောက်သားသစ်များ သယ်ဆောင်လာသော ယာဉ်ကို တားဆီးစစ်ဆေးနိုင်ခဲ့သဖြင့် ကျပ်(၂၄)သိန်းကျော် တန်ဖိုးရှိသော သစ်တန်ချိန် (၉.၆၅၃၈)တန် အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်များကို သယ်ဆောင်လာသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် သစ်ပိုင်ရှင်တို့အား ငဖဲမြို့မရဲစခန်းတွင် (ပ)၆၈/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~