ထိုင္းမွ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာသည့္ (၁၁)ဦးတြင္ ဘဂၤါလီလူမ်ဳိး တစ္ဦးပါ၀င္

ထိုင္းမွ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာသည့္ (၁၁)ဦးတြင္ ဘဂၤါလီလူမ်ဳိး တစ္ဦးပါ၀င္
ဧပြီ 26, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ သြားလာေနထိုင္သည့္ ျမန္မာႏိုင္ငံသားမ်ားအား ဖမ္းဆီးအေရးယူၿပီးေနာက္ မယ္ဆိုင္ၿမိဳ႕မွ တာ၀န္ရွိသူမ်ားက ျမန္မာႏိုင္ငံ တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းလာေလ့ရွိရာတြင္ ဧၿပီလ(၂၆)ရက္ေန႔ ေန႔လယ္ပိုင္းက လြဲေျပာင္းေပးလာမႈ၌ ဘဂၤါလီလူမ်ဳိးတစ္ဦး ပါ၀င္လာေၾကာင္း သိရသည္။

"သူ႔ကို ၾကည့္တာနဲ႔ ျမန္မာႏိုင္ငံသား မဟုတ္ဘူးဆိုတာ သိသာတယ္။ ျမန္မာလို ေျပာေတာ့လည္း မသိ၊ ထိုင္းလို ေျပာေတာ့လည္း မသိ၊ အဲ့ဒါနဲ႔ ဘူးသီးေတာင္ဘက္မွာ တာ၀န္က်ခဲ့ဖူးတဲ့ ရဲတစ္ေယာက္က ကုလားစကားနဲ႔ ေမးလိုက္ေတာ့ ဘဂၤါလီျဖစ္ေနတာကို သိရတယ္။ သူကိုယ္တိုင္ကလည္း ဘဂၤါလီလူမ်ဳိးဆိုတာကို ၀န္ခံတယ္။ အဲ့ဒါနဲ႔ ကြ်န္ေတာ္တို႔ လက္မခံဘဲ၊ ထိုင္းကိုပဲ ျပန္လႊဲအပ္ေပးလိုက္ ပါတယ္။"ဟု ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ(CNCMC)၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးစည္သူေမာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

မယ္ဆိုင္ လ၀က ႏွင့္ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားသို႔ လာေရာက္၍ လႊဲေျပာင္းလာရာတြင္ လႊဲေျပာင္းခံသူ (၁၁)ဦးအနက္ တစ္ဦးမွာ ဘဂၤါလီလူမ်ဳိး ျဖစ္ေနေၾကာင္း သိရသည္။

ထိုင္းဘက္မွ ျမန္မာဘက္ တာ၀န္ရွိသူမ်ားထံသို႔ ျမန္မာႏိုင္ငံသား အမ်ဳိးသား (၆)ဦး ႏွင့္ အမ်ဳိးသမီး(၄)ဦး အပါအ၀င္ ဘဂၤါလီလူမ်ဳိး (၁)ဦး စုစုေပါင္း (၁၁)ဦးအား လႊဲေျပာင္းလာရာမွ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက လႊဲေျပာင္းခံသူမ်ားအား တစ္ဦးခ်င္းစီ စိစစ္ၿပီးေနာက္တြင္ ဘဂၤါလီလူမ်ဳိးတစ္ဦး ပါလာသည့္အတြက္ ထိုင္းဘက္ တာ၀န္ရွိသူမ်ားထံသို႔ ခ်က္ခ်င္း ျပန္လည္ လႊဲေျပာင္းေပးလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္း တရားမဝင္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားအား ထိုင္းအာဏာပိုင္မ်ားက ဖမ္းဆီးအေရးယူၿပီး ျပန္လည္ လႊဲေျပာင္းေပးလာရာ၌ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဧၿပီလ(၂၆)ရက္ေန႔အထိ အမ်ဳိးသား (၃၄၇)ဦး ႏွင့္ အမ်ဳိးသမီး (၁၃၃)ဦး စုစုေပါင္း (၄၈၀)ဦး ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းမှ တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် (၁၁)ဦးတွင် ဘင်္ဂါလီလူမျိုး တစ်ဦးပါဝင်
............

ထိုင်းနိုင်ငံအတွင်း တရားမဝင် သွားလာနေထိုင်သည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးအရေးယူပြီးနောက် မယ်ဆိုင်မြို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာလေ့ရှိရာတွင် ဧပြီလ(၂၆)ရက်နေ့ နေ့လယ်ပိုင်းက လွဲပြောင်းပေးလာမှု၌ ဘင်္ဂါလီလူမျိုးတစ်ဦး ပါဝင်လာကြောင်း သိရသည်။

"သူ့ကို ကြည့်တာနဲ့ မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုတာ သိသာတယ်။ မြန်မာလို ပြောတော့လည်း မသိ၊ ထိုင်းလို ပြောတော့လည်း မသိ၊ အဲ့ဒါနဲ့ ဘူးသီးတောင်ဘက်မှာ တာဝန်ကျခဲ့ဖူးတဲ့ ရဲတစ်ယောက်က ကုလားစကားနဲ့ မေးလိုက်တော့ ဘင်္ဂါလီဖြစ်နေတာကို သိရတယ်။ သူကိုယ်တိုင်ကလည်း ဘင်္ဂါလီလူမျိုးဆိုတာကို ဝန်ခံတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့ လက်မခံဘဲ၊ ထိုင်းကိုပဲ ပြန်လွှဲအပ်ပေးလိုက်ပါတယ်။"ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေး ကော်မတီ(CNCMC)၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင် က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

မယ်ဆိုင် လဝက နှင့် တာဝန်ရှိသူများက တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားသို့ လာရောက်၍ လွှဲပြောင်းလာရာတွင် လွှဲပြောင်းခံသူ (၁၁)ဦးအနက် တစ်ဦးမှာ ဘင်္ဂါလီလူမျိုးဖြစ်နေကြောင်း သိရသည်။

ထိုင်းဘက်မှ မြန်မာဘက် တာဝန်ရှိသူများထံသို့ မြန်မာနိုင်ငံသား အမျိုးသား (၆)ဦး နှင့် အမျိုးသမီး(၄)ဦး အပါအဝင် ဘင်္ဂါလီလူမျိုး (၁)ဦး စုစုပေါင်း (၁၁)ဦးအား လွှဲပြောင်းလာရာမှ မြန်မာဘက် တာဝန်ရှိသူများက လွှဲပြောင်းခံသူများအား တစ်ဦးချင်းစီ စိစစ်ပြီးနောက်တွင် ဘင်္ဂါလီလူမျိုးတစ်ဦး ပါလာသည့်အတွက် ထိုင်းဘက် တာဝန်ရှိသူများထံသို့ ချက်ချင်း ပြန်လည် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူပြီး ပြန်လည် လွှဲပြောင်းပေးလာရာ၌ ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဧပြီလ(၂၆)ရက်နေ့အထိ အမျိုးသား (၃၄၇)ဦး နှင့် အမျိုးသမီး (၁၃၃)ဦး စုစုပေါင်း (၄၈၀)ဦး ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~