တာေလၿမိဳ႕အ၀င္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး ဘီးေပါက္ၿပီး အရွိန္မထိန္းႏိုင္၍ တိမ္းေမွာက္

တာေလၿမိဳ႕အ၀င္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး ဘီးေပါက္ၿပီး အရွိန္မထိန္းႏိုင္၍ တိမ္းေမွာက္
ဧပြီ 5, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မွ က်ဳိင္းလပ္သို႔ အျပန္ ကုန္ပစၥည္းမ်ားတင္ေဆာင္ထားေသာ ေမာ္ေတာ္ယာဥ္တစ္စီးသည္ ကားဘီးေပါက္ရာမွ အရွိန္မထိန္းႏိုင္ေတာ့ဘဲ တိမ္းေမွာက္မႈ ဧၿပီလ(၅)ရက္ေန႔ ညေန(၅း၃၀)နာရီအခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္သည္ တာေလၿမိဳ႕အ၀င္ဆိုင္းဘုတ္အနီး နားေယာင္းကြင္း ကားလမ္းေဘးတြင္ ကားဘီးေပါက္သြားျခင္းျဖစ္ရာ ယာဥ္ေပၚတြင္ ပါလာသည့္ ယာဥ္ေမာင္းအပါအ၀င္ အမ်ဳိးသမီး ႏွစ္ဦးမွာ ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိေၾကာင္း သိရသည္။

"ကားက တာခ်ီလိတ္ဘက္ကေန လာတာ၊ ကားတာယာေပါက္ၿပီး အရွိန္မထိန္းႏိုင္ပဲ ေမွာက္သြားတာ၊ လူေတြကေတာ့ စိုးရိမ္စရာမရွိဘူး၊"ဟု နားေယာင္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေဒးဗစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အရွိန္မထိန္းႏိုင္ဘဲ ျဖစ္ပြားခဲ့ရသည့္ ယာဥ္အား အနီးအနားေန ျပည္သူမ်ားမွ ၀ိုင္း၀န္း ကူညီေဆာင္ရြက္ေပးခဲ့ရေၾကာင္း ႏွင့္ အဆိုပါ ယာဥ္မွာ ကုန္ပစၥည္းမ်ား တင္ေဆာင္လာသည့္ ယာဥ္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - #နန္းေမာက္ကြမ္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မှ ကျိုင်းလပ်သို့ အပြန် ကုန်ပစ္စည်းများတင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီးသည် ကားဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်မှု ဧပြီလ(၅)ရက်နေ့ ညနေ(၅း၃၀)နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်သည် တာလမြေို့အဝင်ဆိုင်းဘုတ်အနီး နားယောင်းကွင်း ကားလမ်းဘေးတွင် ကားဘီးပေါက်သွားခြင်းဖြစ်ရာ ယာဉ်ပေါ်တွင် ပါလာသည့် ယာဉ်မောင်းအပါအဝင် အမျိုးသမီး နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

"ကားက တာချီလိတ်ဘက်ကနေ လာတာ၊ ကားတာယာပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ မှောက်သွားတာ၊ လူတွေကတော့ စိုးရိမ်စရာမရှိဘူး၊"ဟု နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အရှိန်မထိန်းနိုင်ဘဲ ဖြစ်ပွားခဲ့ရသည့် ယာဉ်အား အနီးအနားနေ ပြည်သူများမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း နှင့် အဆိုပါ ယာဉ်မှာ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - #နန်းမောက်ကွမ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~