သီေပါၿမိဳ႕တြင္ ဒုတိယႏွစ္ေက်ာင္းသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

သီေပါၿမိဳ႕တြင္ ဒုတိယႏွစ္ေက်ာင္းသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
ဧပြီ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ ဇာတ္စုရပ္ကြက္တြင္ ဧၿပီလ (၂)ရက္ေန႔ နံနက္ ( ၁ )နာရီခြဲခန္႔က ဒုတိယႏွစ္ေက်ာင္းသားတစ္ဦး ေနအိမ္ အိပ္ခန္းတြင္ ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားသျဖင့္ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ သက္ဆိုင္ရာမွ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

“ျဖစ္တာကေတာ့ မနက္ (၁)နာရီခြဲ ဝန္းက်င္ေလာက္က ျဖစ္တာပါ။ ကၽြန္ေတာ္တို႔က မနက္ (၆) နာရီ ခြဲေလာက္မွ သတင္းရတဲ့အတြက္ သတင္း ရရခ်င္းသြားၿပီး စစ္ေဆးခဲ့ပါတယ္”ဟု သီေပါၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ တာဝန္မွဴးက ေျပာသည္။

သီေပါၿမိဳ႕ ဇာတ္စုရပ္ကြက္တြင္ေနထိုင္သည့္ အသက္ (၂၀)အရြယ္ ဒုတိယႏွစ္ ဥပေဒပညာ ေျဖဆိုထားသည့္ ေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။

“မနက္အေစာပိုင္းမွာ ကြ်န္ေတာ္တို႔ အသင္းကို ဖုန္းဆက္လာတဲ့အတြက္ ေသဆံုးသူရဲ့ ခႏၶာကိုယ္ကို သယ္ေဆာင္ၿပီး ေဆးရံုကို ပို႔ေပးခဲ့ပါတယ္”ဟု သီေပါၿမိဳ႕ နယ္စည္းမျခားပရဟိတအသင္းမွ ကိုမ်ိဳးက ေျပာသည္။

အဆိုပါ ေသဆံုးမႈအား သီေပါၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၈ / ၂၀၁၇ ) ျဖင့္ အမႈဖြင့္ စစ္ေဆးလွ်က္ရွိၿပီး သီေပါၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ႀကိဳးဆြဲခ်ေသဆံုးမႈမွာ ယခုအမႈ
အပါအဝင္(၂)မႈရွိၿပီ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ဇာတ်စုရပ်ကွက်တွင် ဧပြီလ (၂)ရက်နေ့ နံနက် ( ၁ )နာရီခွဲခန့်က ဒုတိယနှစ်ကျောင်းသားတစ်ဦး နေအိမ် အိပ်ခန်းတွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ဖြစ်တာကတော့ မနက် (၁)နာရီခွဲ ဝန်းကျင်လောက်က ဖြစ်တာပါ။ ကျွန်တော်တို့က မနက် (၆) နာရီ ခွဲလောက်မှ သတင်းရတဲ့အတွက် သတင်း ရရချင်းသွားပြီး စစ်ဆေးခဲ့ပါတယ်”ဟု သီပေါမြို့ မြို့မရဲစခန်းမှ တာဝန်မှူးက ပြောသည်။

သီပေါမြို့ ဇာတ်စုရပ်ကွက်တွင်နေထိုင်သည့် အသက် (၂၀)အရွယ် ဒုတိယနှစ် ဥပဒေပညာ ဖြေဆိုထားသည့် ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

“မနက်အစောပိုင်းမှာ ကျွန်တော်တို့ အသင်းကို ဖုန်းဆက်လာတဲ့အတွက် သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်ပြီး ဆေးရုံကို ပို့ပေးခဲ့ပါတယ်”ဟု သီပေါမြို့ နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးက ပြောသည်။

အဆိုပါ သေဆုံးမှုအား သီပေါမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၈ / ၂၀၁၇ ) ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိပြီး သီပေါမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း ကြိုးဆွဲချသေဆုံးမှုမှာ ယခုအမှု
အပါအဝင်(၂)မှုရှိပြီ ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~