ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ ႏုိင္ငံသားစိစစ္ေရးကတ္ ထုတ္ေပးေရး NRC အဖြဲ႔ကူညီ

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ ႏုိင္ငံသားစိစစ္ေရးကတ္ ထုတ္ေပးေရး NRC အဖြဲ႔ကူညီ
ဧပြီ 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားတြင္ ႏိုင္ငံသားစိစစ္ေရးကတ္ရရိွေရးအတြက္ NRC အဖြဲ႔က အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပံုတင္ေရးဦးစီးဌာနႏွင့္ ခ်ိတ္ဆက္ကာ ေက်းရြာမ်ားအထိ ကူညီေပးေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပအိုဝ္းႏွင့္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားတြင္ ႏုိင္ငံသားစိစစ္ေရးကတ္ ျပဳလုပ္ေရး အတြက္ ေနာ္ေဝႏုိင္ငံ ဒုကၡသည္အေရးကူညီေနေသာ အဖြဲ႕ျဖစ္သည့္ NRC (Norwegian Refugee Council )က ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠဌမ်ားကို ခ်ိတ္ဆက္ၿပီး ေက်းရြာမ်ား အထိ ဆင္းကာ ႏုိင္ငံသားစိစစ္ေရးကတ္အတြက္ လိုအပ္သည့္ စာရြက္စာတမ္းမ်ား မိတၱဴကူးေပးျခင္း၊ ဓာတ္ပံုရိုက္ျခင္း၊ က်သင့္ေငြေပးသြင္းျခင္းမ်ားအား ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြမွာ သူတို႔အဖြဲ႕က ဦးစားေပးလုပ္ေပးတယ္။ ပအို၀္းကိုယ္ပိုင္ေနရာေတာ့ ၿပီးသြားၿပီ ဆိုေတာ့ အခုဒီႏွစ္မွာ ဓႏုေဒသေတြမွာ ျပဳလုပ္ေပးေနပါတယ္။ တျခား ၿမိဳ႕နယ္ေတြက်ေတာ့ ကၽြန္မတို႔ ဌာနကေနပဲ သြားေရာက္လုပ္ေပးပါတယ္”ဟု ခရိုင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပံုတင္ေရးဦးစီးဌာန ဦးစီးအရာရွိ ေဒၚနန္းခမ္းဦးထံမွ သိရသည္။

NRC အဖြဲ႔သည္ ေဒသခံမ်ား ႏုိင္ငံသားစိစစ္ေရးကတ္ျပားရရိွေရးအတြက္ ကူညီေဆာင္ရြက္ေပးျခင္းကို ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားျဖစ္သည့္ ဟိုပံုး၊ ပင္ေလာင္း၊ ဆီဆိုင္၊ ေက်ာက္တစ္လံုး၊ ေနာင္တယားေဒသမ်ားတြင္ ၂၀၁၃ ခုႏွစ္မွစ၍ လုပ္ေဆာင္ေပးခဲ့ကာ လက္ရိွတြင္ ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားအျပင္ ကရင္ႏွင့္ ကယားျပည္နယ္မ်ားတြင္လည္း ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေး NRC အဖွဲ့ကူညီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးအတွက် NRC အဖွဲ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ချိတ်ဆက်ကာ ကျေးရွာများအထိ ကူညီပေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရေး အတွက် နော်ဝေနိုင်ငံ ဒုက္ခသည်အရေးကူညီနေသော အဖွဲ့ဖြစ်သည့် NRC (Norwegian Refugee Council )က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌများကို ချိတ်ဆက်ပြီး ကျေးရွာများ အထိ ဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ မိတ္တူကူးပေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ကျသင့်ငွေပေးသွင်းခြင်းများအား ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ သူတို့အဖွဲ့က ဦးစားပေးလုပ်ပေးတယ်။ ပအိုဝ်းကိုယ်ပိုင်နေရာတော့ ပြီးသွားပြီ ဆိုတော့ အခုဒီနှစ်မှာ ဓနုဒေသတွေမှာ ပြုလုပ်ပေးနေပါတယ်။ တခြား မြို့နယ်တွေကျတော့ ကျွန်မတို့ ဌာနကနေပဲ သွားရောက်လုပ်ပေးပါတယ်”ဟု ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းဦးထံမှ သိရသည်။

NRC အဖွဲ့သည် ဒေသခံများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ကျောက်တစ်လုံး၊ နောင်တယားဒေသများတွင် ၂၀၁၃ ခုနှစ်မှစ၍ လုပ်ဆောင်ပေးခဲ့ကာ လက်ရှိတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများအပြင် ကရင်နှင့် ကယားပြည်နယ်များတွင်လည်း ဆောင် ရွက်ပေးနေကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~