တာခ်ီလိတ္ - က်ဳိင္းတံုကားလမ္းရွိ နမ့္လံုေခ်ာင္းအတြင္း ယာဥ္တစ္စီးအရွိန္လြန္က်၍ တစ္ဦးေသ သံုးဦးဒဏ္ရာရ

တာခ်ီလိတ္ - က်ဳိင္းတံုကားလမ္းရွိ နမ့္လံုေခ်ာင္းအတြင္း ယာဥ္တစ္စီးအရွိန္လြန္က်၍ တစ္ဦးေသ သံုးဦးဒဏ္ရာရ
ဧပြီ 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံု - တာခ်ီလိတ္ကားလမ္း မိုင္တိုင္အမွတ္ (၆၉၅)ႏွင့္ (၆၉၆)အၾကား စြပ္ပေလာင္း ေက်းရြာတြင္ ဧၿပီလ(၁၂)ရက္ေန႔က မိုင္းျဖတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ကားတစ္စီး အရွိန္လြန္၍ ေပ(၂၀၀)ေက်ာ္နက္သည့္ ေခ်ာက္ကမ္းပါးသုိ႔က်ရာမွ တစ္ဦးေသ၊ သံုးဦးဒဏ္ရာ ရသြားေၾကာင္း သိရသည္။

စြပ္ပေလာင္းေက်းရြာမွ မိုင္းျဖတ္ၿမိဳ႕ဘက္သုိ႔ ယာဥ္ေမာင္း ေဇာ္ထြန္း ေမာင္းႏွင္လာၿပီး အမ်ဳိးသားတစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦး စုစုေပါင္းေလးဦး လိုက္ပါလာသည့္ ယာဥ္သည္ ဧၿပီလ (၁၂)ရက္ေန႔ ညေန (၆)နာရီ (၂၀)မိနစ္ခန္႔တြင္ လမ္း၏ ယာဘက္ ေပ(၂၀၀)ေက်ာ္နက္သည့္ ေခ်ာက္ကမ္းပါး နမ့္လံုေခ်ာင္းအတြင္း အရွိန္လြန္ ထိုးက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လုိက္ပါလာသည့္ ယာဥ္ေမာင္း အပါအဝင္ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးမွာ ဒဏ္ရာမ်ားရသြားၿပီး အမ်ိဳးသမီးတစ္ဦးမွာ ေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာသို႔ ရဲတပ္ဖြဲ႔၊ မီးသတ္တပ္ဖြဲ႔၊ တပ္နယ္မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ကူညီသူ စုစုေပါင္း အင္အား (၇၀)ခန္႔ျဖင့္ ကူညီကယ္ဆယ္ၿပီး ဒဏ္ရာရသူမ်ားအား မုိင္းျဖတ္ေဆးရံုသို႔ တင္ပို႔ထားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ ပတ္သက္၍ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၈/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် - ကျိုင်းတုံကားလမ်းရှိ နမ့်လုံချောင်းအတွင်း ယာဉ်တစ်စီးအရှိန်လွန်ကျ၍ တစ်ဦးသေ သုံးဦးဒဏ်ရာရ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ - တာချီလိတ်ကားလမ်း မိုင်တိုင်အမှတ် (၆၉၅)နှင့် (၆၉၆)အကြား စွပ်ပလောင်း ကျေးရွာတွင် ဧပြီလ(၁၂)ရက်နေ့က မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီး အရှိန်လွန်၍ ပေ(၂၀၀)ကျော်နက်သည့် ချောက်ကမ်းပါးသို့ကျရာမှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာ ရသွားကြောင်း သိရသည်။

စွပ်ပလောင်းကျေးရွာမှ မိုင်းဖြတ်မြို့ဘက်သို့ ယာဉ်မောင်း ဇော်ထွန်း မောင်းနှင်လာပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်းလေးဦး လိုက်ပါလာသည့် ယာဉ်သည် ဧပြီလ (၁၂)ရက်နေ့ ညနေ (၆)နာရီ (၂၀)မိနစ်ခန့်တွင် လမ်း၏ ယာဘက် ပေ(၂၀၀)ကျော်နက်သည့် ချောက်ကမ်းပါး နမ့်လုံချောင်းအတွင်း အရှိန်လွန် ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်း အပါအဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာများရသွားပြီး အမျိုးသမီးတစ်ဦးမှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တပ်နယ်မှ တပ်ဖွဲ့ဝင်များနှင့် ကူညီသူ စုစုပေါင်း အင်အား (၇၀)ခန့်ဖြင့် ကူညီကယ်ဆယ်ပြီး ဒဏ်ရာရသူများအား မိုင်းဖြတ်ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~