မိုးသက်လေပြင်းနှင့်မိုးသီးကြွေကျမှုကြောင့် သက္ကယ်ကျေးရွာတွင် နေအိမ်(၉)လုံး အမိုးလန် ပျက်စီး

မိုးသက်လေပြင်းနှင့်မိုးသီးကြွေကျမှုကြောင့် သက္ကယ်ကျေးရွာတွင် နေအိမ်(၉)လုံး အမိုးလန် ပျက်စီး
ဧပွီ 22, 2017
By Tachileik News Agency

ဧပြီလ(၂၁)ရက်နေ့က အချိန်မိနစ်(၂၀)ကျော်ကြာ တိုက်ခတ်သော မိုးသက်လေပြင်းနှင့် မိုးသီးကြွေကျမှုကြောင့် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ သက္ကယ်ကျေးရွာတွင် နေအိမ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရပြီး ဒဏ်ရာရရှိမှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စု သက္ကယ်ကျေးရွာတွင် ဧပြီလ(၂၁)ရက်နေ့ နေ့လယ်(၂)နာရီမှ နေ့လယ်(၂း၂၀)နာရီကျော်အထိ မိုးသက်လေပြင်းနှင့်မိုးသီးကြွေကျမှုကြောင့် ပျဉ်ထောင်သွပ်မိုးအိမ် (၂)လုံးသွပ်မိုးလန်သွားပြီး ပျဉ်ထောင်သွပ်မိုးအိမ် (၁)လုံး အမိုးပေါက်ကာ သက္ကယ်မိုးထရံကာနေအိမ် (၆)လုံး အမိုးအနည်းငယ် လန်သွားကြောင်း သိရသည်။




မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ ကျား(၁၇)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၃၃)ဦး လေဘေးသင့်ခဲ့ပြီး (၃၇၅,၀၀၀)ကျပ်တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့ပေါ်ပရဟိတ အဖွဲ့များမှလည်း လိုအပ်သည်များကိုထောက်ပံ့ကူညီနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

သတင်း - ဖီးနစ်
ဓါတ်ပုံ - Myothit Lin


~~~~~~~~⊰❂ unicode ~~~~~~~~

ဧပြီလ(၂၁)ရက်နေ့က အချိန်မိနစ်(၂၀)ကျော်ကြာ တိုက်ခတ်သော မိုးသက်လပြေင်းနှင့် မိုးသီးကြွေကျမှုကြောင့် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ သက္ကယ်ကျေးရွာတွင် နေအိမ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရပြီး ဒဏ်ရာရရှိမှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စု သက္ကယ်ကျေးရွာတွင် ဧပြီလ(၂၁)ရက်နေ့ နေ့လယ်(၂)နာရီမှ နေ့လယ်(၂း၂၀)နာရီကျော်အထိ မိုးသက်လပြေင်းနှင့်မိုးသီးကြွေကျမှုကြောင့် ပျဉ်ထောင်သွပ်မိုးအိမ် (၂)လုံးသွပ်မိုးလန်သွားပြီး ပျဉ်ထောင်သွပ်မိုးအိမ် (၁)လုံး အမိုးပေါက်ကာ သက္ကယ်မိုးထရံကာနေအိမ် (၆)လုံး အမိုးအနည်းငယ် လန်သွားကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ ရွာမှ အသက်(၂၄)နှစ်အရွယ် ကိုတင်မိုးဝင်းမှာ နဖူးထိမှန်ပြတ်ရှဒဏ်ရာ ရရှိ၍ မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အထက်မင်းလှမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များမှ ချက်ချင်း သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

“ကယ်ဆယ်ရေးလုပ်ဖို့ သွားတဲ့အခါ မိုးရွာထားလို့ လမ်းကအတော်ဆိုးတာကြောင့် ကားဝင်မရပါဘူး။ ဆိုင်ကယ်တောင် ရွှံ့တွေနဲ့ လည်ခံနေလို့ ခြေကျင် သွားခဲ့ကြရပါတယ်။ ရွာရောက်တော့ ဆိုးဆိုးရွားရွားကြီး ပျက်စီးဆုံးရှုံးတာမဟုတ်တဲ့ အတွက် နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ နဂိုမူလနေအိမ်တွေမှာပဲ နေရာ ချထားတာတွေလုပ်ပေးခဲ့ပါတယ်”ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

မိုးသက်လပြေင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ ကျား(၁၇)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၃၃)ဦး လေဘေးသင့်ခဲ့ပြီး (၃၇၅,ဝဝဝ)ကျပ်တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့ပေါ်ပရဟိတ အဖွဲ့များမှလည်း လိုအပ်သည်များကိုထောက်ပံ့ကူညီနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - Myothit Lin

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~