အာဠာဝကသခင္ဖိုးလွႀကီး၏ ေမြးရပ္ေျမတြင္ သမိုင္းဝင္ ေမာ္ကြန္းေက်ာက္စာတိုင္ စိုက္ထူ

အာဠာဝကသခင္ဖိုးလွႀကီး၏ ေမြးရပ္ေျမတြင္ သမိုင္းဝင္ ေမာ္ကြန္းေက်ာက္စာတိုင္ စိုက္ထူ
ဧပြီ 8, 2017
By Tachileik News Agency

အာဠာဝကသခင္ဖိုးလွႀကီး၏ သမိုင္းဝင္ေမာ္ကြန္းေက်ာက္စာတိုင္ကို ဧၿပီလ(၇)ရက္ေန႔ နံနက္ပိုင္းက မေကြး - ေတာင္တြင္းႀကီး ကားလမ္းရိွ သရက္ေလးပင္ေက်းရြာ အနီး၌ စိုက္ထူခဲ့ေၾကာင္း သရက္ေလးပင္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

သမိုင္းဝင္ ၁၃၀၀ ျပည့္အေရးေတာ္ပံုႀကီးအား ဦးေဆာင္ခဲ့သူ အာဠာဝကသခင္ဖိုးလွႀကီး၏ ေမြးရပ္ ဇာတိေျမျဖစ္ေသာ မေကြးၿမိဳ႕နယ္ သရက္ေလးပင္ေက်းရြာတြင္ ထိုသို႔ သမိုင္းဝင္ေမာ္ကြန္း ေက်ာက္စာတိုင္ စိုက္ထူႏိုင္ခဲ့၍ အဆိုပါ ေက်းရြာသူ ေက်းရြာသားမ်ားအေနျဖင့္ ဂုဏ္ယူဝမ္းေျမာက္လွ်က္ရိွေၾကာင္း ဆိုသည္။

“ျမန္မာ႔သမိုင္းမွာ မွတ္တမ္းတင္ ဂုဏ္ျပဳရသူ အာဠာဝက သခင္ဖိုးလွႀကီးဟာ သရက္ေလးပင္ေက်း ရြာသားတစ္ဦးျဖစ္တယ္ ဆိုတာ သိသူ အလြန္နည္းပါတယ္။ ကြ်န္ေတာ့္ လက္ထက္မွာ အခုလို ေမာ္ကြန္းေက်ာက္ စာတိုင္စိုက္ထူႏိုင္ခဲ႔တဲ့အတြက္ ၁၃၀၀ျပည့္ အေရးေတာ္ပံုႀကီး အေၾကာင္းနဲ႔ အာဠာဝကသခင္ဖိုးလွႀကီး အေၾကာင္းကို ေလ့လာသိရိွႏိုင္ၾကမွာျဖစ္လို႔ ေက်းရြာသားေတြနဲ႔ ထပ္တူဝမ္းေျမာက္ဂုဏ္ယူမိပါတယ္”ဟု သရက္ေလးပင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးဦးေဇာ္ႏိုင္က တာခ်ီလိတ္ေအဂ်င္စီသို႔ ေျပာၾကားသည္။

အဆိုပါ ေမာ္ကြန္းေက်ာက္စာတိုင္အား စိုက္ထူႏိုင္ရန္အတြက္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔၏ ေထာက္ပံ႔ေငြျဖင့္ မတည္၍ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၊အာဠာဝကသခင္ဖိုးလွႀကီး၏သမီး ေဒၚၾကင္ၾကင္ေဝႏွင္႔ ေက်းရြာသူ ေက်းရြာသားမ်ားက ခြန္အားစိုက္ထုတ္ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္ၿပီး ကုန္က်ေငြ က်ပ္(၁၀)သိန္း ရိွသည္ဆို၏။

“ေဖေဖက ေထာင္ထဲမွာနဲ႔ နယ္ႏွင္ခံေနရတာဆိုေတာ့ မိသားစုေတြနဲ႔ အတူတူေနရတယ္ကို မရွိပါဘူး။ ေဖေဖက ၁၃၀၀ ျပည့္အေရးေတာ္ပံုႀကီးမွာ ေရနံေျမသပိတ္ေခါင္းေဆာင္အျဖစ္နဲ႔ ရန္ကုန္ကို ေျခက်င္ တက္ေတာ႔ ကြ်န္မက ၁၂ႏွစ္သမီးပဲရိွေသးတယ္”ဟု အာဠယဝကသခင္ဖိုးလွႀကီး၏ သမီး ေဒၚၾကင္ၾကင္ေဝက ေျပာသည္။

အဆိုပါ ေမာ္ကြန္းေက်ာက္စာတိုင္ဖြင္႔ပဲြသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေဒါက္တာ ေအာင္မိုးညိဳ ႏွင့္ ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာအႀကီး အကဲမ်ား၊  အာဌာဝကသခင္ဖိုးလွႀကီး၏သား၊ သမီး၊ ေျမး မ်ားႏွင္႔ သရက္ေလးပင္ ေက်းရြာေနျပည္သူမ်ား တက္ေရာက္ခ့ဲၾကသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

အာဠာဝကသခင်ဖိုးလှကြီး၏ မွေးရပ်မြေတွင် သမိုင်းဝင် မော်ကွန်းကျောက်စာတိုင် စိုက်ထူ

အာဠာဝကသခင်ဖိုးလှကြီး၏ သမိုင်းဝင်မော်ကွန်းကျောက်စာတိုင်ကို ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းက မကွေး - တောင်တွင်းကြီး ကားလမ်းရှိ သရက်လေးပင်ကျေးရွာ အနီး၌ စိုက်ထူခဲ့ကြောင်း သရက်လေးပင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သမိုင်းဝင် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအား ဦးဆောင်ခဲ့သူ အာဠာဝကသခင်ဖိုးလှကြီး၏ မွေးရပ် ဇာတိမြဖြေစ်သော မကွေးမြို့နယ် သရက်လေးပင်ကျေးရွာတွင် ထိုသို့ သမိုင်းဝင်မော်ကွန်း ကျောက်စာတိုင် စိုက်ထူနိုင်ခဲ့၍ အဆိုပါ ကျေးရွာသူ ကျေးရွာသားများအနဖြေင့် ဂုဏ်ယူဝမ်းမြောက်လျှက်ရှိကြောင်း ဆိုသည်။

“မြန်မာ့သမိုင်းမှာ မှတ်တမ်းတင် ဂုဏ်ပြုရသူ အာဠာဝက သခင်ဖိုးလှကြီးဟာ သရက်လေးပင်ကျေး ရွာသားတစ်ဦးဖြစ်တယ် ဆိုတာ သိသူ အလွန်နည်းပါတယ်။ ကျွန်တော့် လက်ထက်မှာ အခုလို မော်ကွန်းကျောက် စာတိုင်စိုက်ထူနိုင်ခဲ့တဲ့အတွက် ၁၃၀၀ပြည့် အရေးတော်ပုံကြီး အကြောင်းနဲ့ အာဠာဝကသခင်ဖိုးလှကြီး အကြောင်းကို လေ့လာသိရှိနိုင်ကြမှာဖြစ်လို့ ကျေးရွာသားတွေနဲ့ ထပ်တူဝမ်းမြောက်ဂုဏ်ယူမိပါတယ်”ဟု သရက်လေးပင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးဇော်နိုင်က တာချီလိတ်အေဂျင်စီသို့ ပြောကြားသည်။

အဆိုပါ မော်ကွန်းကျောက်စာတိုင်အား စိုက်ထူနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွဖြေင့် မတည်၍ ကျေးရွာအုပ်ချုပ်ရေးမှူး၊အာဠာဝကသခင်ဖိုးလှကြီး၏သမီး ဒေါ်ကြင်ကြင်ဝေနှင့် ကျေးရွာသူ ကျေးရွာသားများက ခွန်အားစိုက်ထုတ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကုန်ကျငွေ ကျပ်(၁၀)သိန်း ရှိသည်ဆို၏။

“ဖေဖေက ထောင်ထဲမှာနဲ့ နယ်နှင်ခံနေရတာဆိုတော့ မိသားစုတွေနဲ့ အတူတူနေရတယ်ကို မရှိပါဘူး။ ဖေဖေက ၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှာ ရေနံမြေသပိတ်ခေါင်းဆောင်အဖြစ်နဲ့ ရန်ကုန်ကို ခြေကျင် တက်တော့ ကျွန်မက ၁၂နှစ်သမီးပဲရှိသေးတယ်”ဟု အာဠယဝကသခင်ဖိုးလှကြီး၏ သမီး ဒေါ်ကြင်ကြင်ဝေက ပြောသည်။

အဆိုပါ မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညို နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ အာဌာဝကသခင်ဖိုးလှကြီး၏သား၊ သမီး၊ မြေး များနှင့် သရက်လေးပင် ကျေးရွာနပြေည်သူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~