တာခ်ီလိတ္ ေလယာဥ္ေျပးလမ္းအနီးတြင္ ဦးေခါင္းတြင္ ဓါးဒဏ္ရာျဖင့္ ေသဆံုးေနသည့္ အမ်ဳိးသားအေလာင္း ေတြ႔ရိွ

တာခ်ီလိတ္ ေလယာဥ္ေျပးလမ္းအနီးတြင္ ဦးေခါင္းတြင္ ဓါးဒဏ္ရာျဖင့္ ေသဆံုးေနသည့္ အမ်ဳိးသားအေလာင္း ေတြ႔ရိွ
ဧပြီ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေလယာဥ္ကြင္းအတြင္း ေလယာဥ္ေျပးလမ္း အနီးတြင္ ဓားဒဏ္ရာျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္း တစ္ေလာင္းေတြ႕ရွိရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ထားၿပီး စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူမ်ားသည္ သတင္းအရ ဧၿပီလ(၃)ရက္ေန႔ နံနက္ (၉) နာရီ ဝန္းက်င္ခန္႔က ေလယာဥ္ကြင္း အတြင္း ေလယာဥ္ေျပးလမ္းအနီး အေရးေပၚမ်ား ဝင္ထြက္လမ္းေဘးသို႔ သြားေရာက္ စစ္ေဆးရာ အသက္(၃၅)ႏွစ္ခန္႔ အမ်ိဳးသားတစ္ဦး ဦးေခါင္းတြင္ ဓားခုတ္ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူသည္ အက်ႌျဖဴနီက်ား၊ ေဘာင္းဘီမီးခိုးေရာင္ ဝတ္ဆင္ထားၿပီး ဆြဲႀကိဳးတစ္ကံုး ဝတ္ဆင္ထားသည္ကို ေတြ႔ရေၾကာင္းသိရသည္။

အေလာင္းအား ေဆးရံုသို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွပို႔ေဆာင္ ေပးထားၿပီး သက္ဆိုင္ရာမွ စစ္ေဆးေနလ်က္ရွိေၾကာင္းႏွင့္ ေသဆံုးသူ မည္သူျဖစ္သည္ကို အတည္ျပဳႏုိင္ရန္ ရဲတပ္ဖြဲ႔က ႀကိဳးစားေနေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)အမွတ္ ၇၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လေယာဉ်ကွင်းအတွင်း လေယာဉ်ပြေးလမ်း အနီးတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိရသဖြင့် တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သတင်းအရ ဧပြီလ(၃)ရက်နေ့ နံနက် (၉) နာရီ ဝန်းကျင်ခန့်က လေယာဉ်ကွင်း အတွင်း လေယာဉ်ပြေးလမ်းအနီး အရေးပေါ်များ ဝင်ထွက်လမ်းဘေးသို့ သွားရောက် စစ်ဆေးရာ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦး ဦးခေါင်းတွင် ဓားခုတ်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် အင်္ကျီဖြူနီကျား၊ ဘောင်းဘီမီးခိုးရောင် ဝတ်ဆင်ထားပြီး ဆွဲကြိုးတစ်ကုံး ဝတ်ဆင်ထားသည်ကို တွေ့ရကြောင်းသိရသည်။

အလောင်းအား ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းမှပို့ဆောင် ပေးထားပြီး သက်ဆိုင်ရာမှ စစ်ဆေးနေလျက်ရှိကြောင်းနှင့် သေဆုံးသူ မည်သူဖြစ်သည်ကို အတည်ပြုနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးစားနေကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)အမှတ် ၇၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~