ေက်ာက္မဲၿမိဳ႕မရဲစခန္းေရွ႕တြင္ မီးဖိုသံုးဂက္စ္ဘူးငယ္ ႏွစ္လံုးေပါက္ကြဲမႈ ျဖစ္ပြား

ေက်ာက္မဲၿမိဳ႕မရဲစခန္းေရွ႕တြင္ မီးဖိုသံုးဂက္စ္ဘူးငယ္ ႏွစ္လံုးေပါက္ကြဲမႈ ျဖစ္ပြား
ဧပြီ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းေရွ႕တြင္ ဧၿပီလ (၁၈) ရက္ေန႔ ေန႔လယ္ (၁၂) နာရီ (၃၀) မိနစ္ခန္႔က ၿမိဳ႕ေနလူထု အထိတ္တလန္႔ျဖစ္ခဲ့ရသည့္ ေပါက္ကြဲမႈမွာ ကားတစ္စီးေပၚတြင္ မီးဖိုသံုး ဂက္စ္ဘူးငယ္ ႏွစ္လံုး ေပါက္ကြဲျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးထံမွ သိရသည္။

“ဗံုးေပါက္တာမဟုတ္ပါဘူး။ လက္လုပ္ဗံုးနဲ႔ လာပစ္တယ္ဆိုတာလည္း မဟုတ္ပါဘူး။ မီးဖိုေခ်ာင္သံုး ဂက္စ္ဘူး အေသးေလးေတြတင္လာတဲ့ ကားတစ္စီးေပၚက ဂက္စ္ဘူး ႏွစ္ဘူး ထေပါက္တာပါ။ လူေတြဘာေတြလည္း ထိခိုက္မႈ မရွိပါဘူး။ အခုေတာ့ သက္ဆိုင္ရာအရာရွိေတြက ရဲလုပ္ငန္းေတြ ဆက္လုပ္ေနတုန္းပဲရွိပါေသးတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႕မွ ရဲမွဴး ဝင္းခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေပါက္ကြဲမႈအား ေက်ာက္မဲရဲစခန္းေရွ႕အဝင္ေပါက္ရွိ နတ္စင္တစ္ခုအနီးတြင္ လက္လုပ္ဗံုးျဖင့္ လာေရာက္ပစ္ခတ္သြားသည္ဟု သတင္းမ်ား ပ်ံ႕ႏွံ႕ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘာမွထိခိုက္မႈ လည္းမရွိဘူး။ ကြ်န္ေတာ္တို႔ဟင္းေတြဘာေတြ ခ်က္တဲ့ မီးဖိုေတြမွာသံုးတဲ့ ဂက္စ္ဘူး( မီးျခစ္ဂက္စ္ျဖည့္တဲ့ဘူးေလာက္) အေသးေလးေတြတင္လာတဲ့ကားက ဘူး (၂)ဘူးအခ်ိန္ နည္းနည္းျခားၿပီး ေပါက္တာပါ” ဟု ေပါက္ကြဲမႈျဖစ္ပြားရာအနီး ဆိုင္ခန္းမွ လူငယ္တစ္ဦးက ေျပာသည္။

အမိုးမပါသည့္ ကားေနာက္ခန္းတြင္ ဂက္စ္ဘူးငယ္(၁၀)ဘူးအားတန္းစီ၍ အေပၚမွ အျပားတစ္ျပားျဖင့္အုပ္ကာ တင္လာသည့္အတြက္ ပြတ္တိုက္မႈ၊ အပူရွိန္ျမင့္တက္မႈတို႔ျဖစ္ပြားၿပီး ေပါက္ကြဲမႈျဖစ္ပြားျခင္းျဖစ္ႏုိင္ေၾကာင္း အခင္းျဖစ္ပြားရာေနရာအား စစ္ေဆးေနသည္ ရဲတပ္ဖြဲ႕တာဝန္ရိွသူတစ္ဦးက သံုးသပ္သည္။

ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း လက္လုပ္ဗံုးျဖင့္လာေရာက္ပစ္ခတ္မႈ (၃) ႀကိမ္ ျဖစ္ပြားခဲ့သျဖင့္ ဗံုးေပါက္ကြဲသည္ဟု ထိတ္လန္႔ေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ မြို့မရဲစခန်းရှေ့တွင် ဧပြီလ (၁၈) ရက်နေ့ နေ့လယ် (၁၂) နာရီ (၃၀) မိနစ်ခန့်က မြို့နေလူထု အထိတ်တလန့်ဖြစ်ခဲ့ရသည့် ပေါက်ကွဲမှုမှာ ကားတစ်စီးပေါ်တွင် မီးဖိုသုံး ဂက်စ်ဘူးငယ် နှစ်လုံး ပေါက်ကွဲခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

“ဗုံးပေါက်တာမဟုတ်ပါဘူး။ လက်လုပ်ဗုံးနဲ့ လာပစ်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ မီးဖိုချောင်သုံး ဂက်စ်ဘူး အသေးလေးတွေတင်လာတဲ့ ကားတစ်စီးပေါ်က ဂက်စ်ဘူး နှစ်ဘူး ထပေါက်တာပါ။ လူတွေဘာတွေလည်း ထိခိုက်မှု မရှိပါဘူး။ အခုတော့ သက်ဆိုင်ရာအရာရှိတွေက ရဲလုပ်ငန်းတွေ ဆက်လုပ်နေတုန်းပဲရှိပါသေးတယ်” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ ရဲမှူး ဝင်းခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုအား ကျောက်မဲရဲစခန်းရှေ့အဝင်ပေါက်ရှိ နတ်စင်တစ်ခုအနီးတွင် လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု သတင်းများ ပျံ့နှံ့နခြေင်းဖြစ်ကြောင်း သိရသည်။

“ဘာမှထိခိုက်မှု လည်းမရှိဘူး။ ကျွန်တော်တို့ဟင်းတွေဘာတွေ ချက်တဲ့ မီးဖိုတွေမှာသုံးတဲ့ ဂက်စ်ဘူး( မီးခြစ်ဂက်စ်ဖြည့်တဲ့ဘူးလောက်) အသေးလေးတွေတင်လာတဲ့ကားက ဘူး (၂)ဘူးအချိန် နည်းနည်းခြားပြီး ပေါက်တာပါ” ဟု ပေါက်ကွဲမှုဖြစ်ပွားရာအနီး ဆိုင်ခန်းမှ လူငယ်တစ်ဦးက ပြောသည်။

အမိုးမပါသည့် ကားနောက်ခန်းတွင် ဂက်စ်ဘူးငယ်(၁၀)ဘူးအားတန်းစီ၍ အပေါ်မှ အပြားတစ်ပြားဖြင့်အုပ်ကာ တင်လာသည့်အတွက် ပွတ်တိုက်မှု၊ အပူရှိန်မြင့်တက်မှုတို့ဖြစ်ပွားပြီး ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း အခင်းဖြစ်ပွားရာနေရာအား စစ်ဆေးနေသည် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

ကျောက်မဲမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း လက်လုပ်ဗုံးဖြင့်လာရောက်ပစ်ခတ်မှု (၃) ကြိမ် ဖြစ်ပွားခဲ့သဖြင့် ဗုံးပေါက်ကွဲသည်ဟု ထိတ်လန့်နခြေင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~