
ဧပွီ 12, 2017
By Tachileik News Agency


“မကွေးမြို့မှာ လူ(၁၅)ဦးသေဆုံးခဲ့ရတဲ့ ရွှေမြတ်မင်းသမီး KTV မီးလောင်မှု ဖြစ်စဉ်အရ တိုင်းအတွင်းမှာ ရှိတဲ့ KTVဆိုင်တွေကို ပြန်လည် စိစစ်ကြီးကြပ်ဖို့ လိုအပ်တာကြောင့် ယာယီပိတ်သိမ်းဖို့ ညွှန် ကြားချက် ထုတ်ပြန်လိုက်တာပါ”ဟု မကွေးတိုင်းဗွီဒီယို စိစစ်ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် ဦးသိုက်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေမြတ်မင်းသမီး KTV ဆိုင် မီးလောင်မှု ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် (၃၁) အရ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်း တာဝန်ပေးအပ်မည့်အဖွဲ့အစည်းက KTV ဆိုင်များအား စိစစ်ကာ စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



ဧပြီလ(၂) ရက်နေ့ ည(၁၀)နာရီအချိန် ၀န်းကျင်က မကွေးမြို့၊ မြင်သာရပ်ကွက် သစ္စာလမ်းနှင့် (၂၉)လမ်းထောင့်ရှိ “ရွှေမြတ်မင်း သမီး” KTV ဆိုင် မီးလောင်မှုဖြစ်စဉ်ကြောင့် အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၄)ဦး မီးလောင် သေဆုံးခဲ့ပြီး အမျိုးသမီး(၁)ဦး မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်းရှိ KTV ဆိုင်များ ဧပြီ ၁၁ ရက်နေ့မှစ၍ ယာယီပိတ်သိမ်းရန် ညွှန်ကြားထား

မကွေးတိုင်းဒေသကြီးအတွင်းရှိ KTV ဆိုင်များအား ဧပြီ(၁၁)ရက်နေ့မှစ၍ ယာယီပိတ်သိမ်းရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီးကြောင်း မကွေးတိုင်းဗွီဒီယိုစိစစ်ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

“မကွေးမြို့မှာ လူ(၁၅)ဦးသေဆုံးခဲ့ရတဲ့ ရွှမြေတ်မင်းသမီး KTV မီးလောင်မှု ဖြစ်စဉ်အရ တိုင်းအတွင်းမှာ ရှိတဲ့ KTVဆိုင်တွေကို ပြန်လည် စိစစ်ကြီးကြပ်ဖို့ လိုအပ်တာကြောင့် ယာယီပိတ်သိမ်းဖို့ ညွှန် ကြားချက် ထုတ်ပြန်လိုက်တာပါ”ဟု မကွေးတိုင်းဗွီဒီယို စိစစ်ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် ဦးသိုက်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှမြေတ်မင်းသမီး KTV ဆိုင် မီးလောင်မှု ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် (၃၁) အရ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်း တာဝန်ပေးအပ်မည့်အဖွဲ့အစည်းက KTV ဆိုင်များအား စိစစ်ကာ စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း ဖွင့်လှစ်ထားသော KTV ဆိုင်များ အားလုံး ဧပြီ (၁၁)ရက်နေ့မှစ၍ ယာယီပိတ် သိမ်းရမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက် တစ်စုံတရာမရမီ မည်သည့် KTV ဆိုင်မှ ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန် အမိန့်ထုတ်ပြန်ထားကြောင်း မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နမှ သိရသည်။

မကွေးမြို့တွင် KTV ဆိုင် (၂၇)ဆိုင်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း၌ (၅၆)ဆိုင်ရှိကြောင်း သိရသည်။

ဧပြီလ(၂) ရက်နေ့ ည(၁၀)နာရီအချိန် ဝန်းကျင်က မကွေးမြို့၊ မြင်သာရပ်ကွက် သစ္စာလမ်းနှင့် (၂၉)လမ်းထောင့်ရှိ “ရွှမြေတ်မင်း သမီး” KTV ဆိုင် မီးလောင်မှုဖြစ်စဉ်ကြောင့် အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၄)ဦး မီးလောင် သေဆုံးခဲ့ပြီး အမျိုးသမီး(၁)ဦး မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~