ယာဥ္တိုက္မႈ အမ်ားဆံုးအျဖစ္မ်ားသည့္ မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္း ေနရာ(၄)ခုတြင္ အႏၱရာယ္ကင္းပရိတ္တရားနာၾကား

ယာဥ္တိုက္မႈ အမ်ားဆံုးအျဖစ္မ်ားသည့္ မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္း ေနရာ(၄)ခုတြင္ အႏၱရာယ္ကင္းပရိတ္တရားနာၾကား
ဧပြီ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕ ႏွင့္ က်ဳိင္းတံုသြားလမ္း ျပည္ေထာင္စုလမ္းမေပၚရွိ တာေက်ာက္ေက်းရြာတံတား ႏွင့္ မိုင္တိုင္အမွတ္ 694 KM မွ 706 KM အထိ အနီး၀န္းက်င္တို႔တြင္ ယာဥ္တိမ္းေမွာက္မႈမ်ား အျဖစ္မ်ားေနသည့္အတြက္ အႏၱရာယ္ကင္းရွင္းေစရန္ သံဃာေတာ္(၇)ပါးျဖင့္အႏၱရာယ္ကင္း ပရိတ္တရားေတာ္မ်ားရြတ္ဖတ္သရဇၩာယ္ျခင္း ႏွင့္ ကမၼ၀ါရြတ္ဖတ္ျခင္းကို ဧၿပီလ(၂၁)ရက္ေန႔ နံနက္(၇)နာရီခြဲက စ၍ ျပဳလုပ္ေၾကာင္း သိရသည္။

တာေက်ာက္ေက်းရြာတံတား ႏွင့္ မိုင္တိုင္အမွတ္ 694 KM မွ 706 KM အထိ ေနရာ(၄)ခုတြင္ မိုင္းျဖတ္ၿမိဳ႕ ေထရ၀ါဒဗုဒၶသာသနာျပဳ(ဗဟို)ေက်ာင္းတိုက္ ဆရာေတာ္ဦးစီး၍ သံဃာေတာ္ (၇)ပါးတို႔ထံမွွ ပရိတ္တရားေတာ္မ်ားနာယူျခင္း၊ ကမၼဝါရြတ္ဖတ္ျခင္း၊ အမွ်အတန္းေပးေဝျခင္း၊ ပရိတ္ေရ ပရိတ္သဲမ်ားျဖင့္ ပက္ဖ်န္းျခင္း ပရိတ္ႀကိဳးမ်ား ခ်ည္ေႏွာင္ခဲ့ျခင္းမ်ားကို ျပဳလုပ္ခဲ့ၾကသည္။

မိုင္းျဖတ္ - က်ဳိင္းတံုသြား ျပည္ေထာင္စုလမ္းမေပၚ တာေက်ာက္ေက်းရြာတံတား ႏွင့္ မိုင္တိုင္အမွတ္ 694 KM မွ 706 KM အထိ ၀န္းက်င္တို႔တြင္ ခရီးသည္တင္ယာဥ္မ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား တိမ္းေမွာက္ျခင္း၊ ေခ်ာက္ထဲသို႔ ထိုးက်သြားျခင္း၊ ယာဥ္တိုက္မႈမ်ား ျဖစ္ပြားျခင္း စသည့္ ယာဥ္အႏၱရာယ္မ်ား ျဖစ္ပြားေလ့ရွိၿပီး အသက္ ေသဆံုးမႈမ်ားအထိ ရွိလာသည့္အတြက္ အဆိုပါ လမ္းပိုင္းတြင္ တာခ်ီလိတ္ခရိုင္ ကညန ႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔တို႔မွ အခ်က္ျပသေကၤတမ်ား ထားရွိရန္ ႏွင့္ ျပဳျပင္မႈမ်ား ေဆာင္ရြက္ႏိုင္ရန္အတြက္ ၂၀၁၇ခုႏွစ္ မတ္လအတြင္းက သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ႏွင့္ လုပ္ငန္းအေကာင္အထည္ မေဖာ္ရေသးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ နှင့် ကျိုင်းတုံသွားလမ်း ပြည်ထောင်စုလမ်းမပေါ်ရှိ တာကျောက်ကျေးရွာတံတား နှင့် မိုင်တိုင်အမှတ် 694 KM မှ 706 KM အထိ အနီးဝန်းကျင်တို့တွင် ယာဉ်တိမ်းမှောက်မှုများ အဖြစ်များနေသည့်အတွက် အန္တရာယ်ကင်းရှင်းစေရန် သံဃာတော်(၇)ပါးဖြင့်အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်သရဇ္ဈာယ်ခြင်း နှင့် ကမ္မဝါရွတ်ဖတ်ခြင်းကို ဧပြီလ(၂၁)ရက်နေ့ နံနက်(၇)နာရီခွဲက စ၍ ပြုလုပ်ကြောင်း သိရသည်။

တာကျောက်ကျေးရွာတံတား နှင့် မိုင်တိုင်အမှတ် 694 KM မှ 706 KM အထိ နေရာ(၄)ခုတွင် မိုင်းဖြတ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်ဦးစီး၍ သံဃာတော် (၇)ပါးတို့ထံမှ ပရိတ်တရားတော်များနာယူခြင်း၊ ကမ္မဝါရွတ်ဖတ်ခြင်း၊ အမျှအတန်းပေးဝခြေင်း၊ ပရိတ်ရေ ပရိတ်သဲများဖြင့် ပက်ဖျန်းခြင်း ပရိတ်ကြိုးများ ချည်နှောင်ခဲ့ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

မိုင်းဖြတ် - ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမပေါ် တာကျောက်ကျေးရွာတံတား နှင့် မိုင်တိုင်အမှတ် 694 KM မှ 706 KM အထိ ဝန်းကျင်တို့တွင် ခရီးသည်တင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ တိမ်းမှောက်ခြင်း၊ ချောက်ထဲသို့ ထိုးကျသွားခြင်း၊ ယာဉ်တိုက်မှုများ ဖြစ်ပွားခြင်း စသည့် ယာဉ်အန္တရာယ်များ ဖြစ်ပွားလေ့ရှိပြီး အသက် သေဆုံးမှုများအထိ ရှိလာသည့်အတွက် အဆိုပါ လမ်းပိုင်းတွင် တာချီလိတ်ခရိုင် ကညန နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ အချက်ပြသင်္ကေတများ ထားရှိရန် နှင့် ပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ခုနှစ် မတ်လအတွင်းက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် လုပ်ငန်းအကောင်အထည် မဖော်ရသေးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~