က်ိဳင္းတံုၿမိဳ႕ အမွတ္(၁)ရပ္ကြက္ မဲရံုအမွတ္ (၆)တြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ မဲအမ်ားစုရ

က်ိဳင္းတံုၿမိဳ႕ အမွတ္(၁)ရပ္ကြက္ မဲရံုအမွတ္ (၆)တြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ မဲအမ်ားစုရ
ဧပြီ 1, 2017
By 🌸
္ရွမ္းျပည္နယ္အေရွ႕ပုိင္း က်ိဳင္းတံုၿမိဳ႕နယ္ အမွတ္(၁) ရပ္ကြက္ မဲရံုအမွတ္ (၆)တြင္ ျပည္ေထာင္စု ႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ကိုယ္စားလွယ္ေလာင္း ဦးရွာေမြလရွဲန္က (၃၈၅)မဲျဖင့္ အဆိုပါမဲရံုတြင္ မဲအမ်ားဆံုး ရရိွထားေၾကာင္း သိရသည္။

ဧၿပီလ (၁) ရက္ေန႔က က်င္းပသည့္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ က်ိဳင္းတံုၿမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္(၂)အတြက္ အဆိုပါ တပ္တြင္းမဲရံုတြင္ မဲဆႏၵရွင္ဦးေရ (၆၉၁)ဦးရိွသည့္အနက္ ႀကိဳတင္မဲေပးသူ (၁)ဦး၊ ဆႏၵမဲလာေပးသူ (၄၀၂)ဦးႏွင့္ ပယ္မဲ (၃)မဲရိွေၾကာင္း သိရသည္။

အဆိုပါ မဲရံုမွဆႏၵမဲမ်ားအား ညေန (၃)နာရီဝန္းက်င္တြင္ ေရတြက္အၿပီး ရွမ္းတိုင္းသားမ်ား ဒီမိုကရက္တစ္ပါတီမွ ေဒါက္တာ စိုင္းရြက္ေဟာင္း (ခ) စိုင္းရြက္က (၂)မဲ၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဦးစိုင္းလံုက (၁)မဲ၊ အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက (၆)မဲ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ေဒါက္တာ ဝဏၰစိုးက (၈)မဲ၊ လားဟူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက မဲမရရိွေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက် မဲရုံအမှတ် (၆)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲအများစုရ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အမှတ်(၁) ရပ်ကွက် မဲရုံအမှတ် (၆)တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်က (၃၈၅)မဲဖြင့် အဆိုပါမဲရုံတွင် မဲအများဆုံး ရရှိထားကြောင်း သိရသည်။

ဧပြီလ (၁) ရက်နေ့က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)အတွက် အဆိုပါ တပ်တွင်းမဲရုံတွင် မဲဆန္ဒရှင်ဦးရေ (၆၉၁)ဦးရှိသည့်အနက် ကြိုတင်မဲပေးသူ (၁)ဦး၊ ဆန္ဒမဲလာပေးသူ (၄၀၂)ဦးနှင့် ပယ်မဲ (၃)မဲရှိကြောင်း သိရသည်။

အဆိုပါ မဲရုံမှဆန္ဒမဲများအား ညနေ (၃)နာရီဝန်းကျင်တွင် ရေတွက်အပြီး ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာ စိုင်းရွက်ဟောင်း (ခ) စိုင်းရွက်က (၂)မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းလုံက (၁)မဲ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက (၆)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာ ဝဏ္ဏစိုးက (၈)မဲ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မဲမရရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~