ဂ်ာမနီအေထာက္အပံ့ျဖင့္ တည္ေဆာက္သည့္ မိုင္းျဖတ္ၿမိဳ႕နယ္ ေက်းလက္က်န္းမာေရးအေဆာက္အဦမ်ားဖြင့္လွစ္

ဂ်ာမနီအေထာက္အပံ့ျဖင့္ တည္ေဆာက္သည့္ မိုင္းျဖတ္ၿမိဳ႕နယ္ ေက်းလက္က်န္းမာေရးအေဆာက္အဦမ်ားဖြင့္လွစ္
ဧပြီ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ဂ်ာမနီစီးပြားေရးေကာ္ပိုေရးရွင္းႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ေရးဝန္ႀကီးဌာန၏ ရန္ပံုေငြျဖင့္ ျမန္မာႏိုင္ငံက်န္းမာေရးဝန္ႀကီးဌာန၊ giz ႏွင့္ Malterser International တို႔ ပူးေပါင္းေဆာင္ရြက္သည့္ ေက်းလက္က်န္းမာေရး အေဆာက္အဦ(၃)လံုးအား ဧၿပီလ (၂၅)ရက္ေန႔တြင္ စတင္ဖြင့္လွစ္ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္နန္းေက်းရြာ ေက်းလက္က်န္းမာေရးဌာနခြဲအတြက္ ေဆးေပးခန္း(၁)ခု၊ ဝန္ထမ္းအိမ္ရာ တစ္လံုး၊ ေရေပးေဝေရးလုပ္ငန္း ဆိုလာမီး (၂)စံု တို႔ကုိ က်ပ္(၇၅၉)သိန္းျဖင့္ လည္းေကာင္း၊
နမ့္ယြန္းေက်းရြာ ေက်းလက္က်န္းမာေရးဌာနခြဲ အတြက္ ေဆးေပးခန္း(၁)ခု၊ ဝန္ထမ္းအိမ္ရာတစ္လံုး၊ ေရေပးေဝေရးလုပ္ငန္း၊ ဆိုလာမီး (၂)စံု တို႔ကုိ က်ပ္(၇၇၇)သိန္း ျဖင့္လည္းေကာင္း၊ ေညာင္ပင္သာ ေက်းရြာ ေက်းလက္က်န္းမာေရးဌာနခြဲ အတြက္ ေဆးေပးခန္း(၁)ခု၊ ဝန္ထမ္းအိမ္ရာ တစ္လံုး၊ ေရေပးေဝေရးလုပ္ငန္း၊ ဆိုလာမီး (၂)စံုတို႔ကုိ က်ပ္(၇၆၇)သိန္းျဖင့္ လည္းေကာင္း မိုင္းျဖတ္ၿမိဳ႕ နမ့္ယြန္းေတာင္ေပၚ ေဆာက္လုပ္ေရး ကုမၸဏီမွ တာဝန္ယူၿပီး ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ (၈) ရက္ေန႔တြင္ လုပ္ငန္းစတင္ကာ ၂၀၁၇ ခုႏွစ္ မတ္လ (၃၁) ရက္ေန႔တြင္ လုပ္ငန္းမ်ားအားလံုး ၿပီးစီးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကသည့္ ဦးစိုင္းေက်ာက္ႏွင့္ ဦးအားကို၊ ျပည္နယ္က်န္းမာေရးဦးစီးမွဴး ေဒါက္တာေဇာ္လင္းႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလိႈင္ႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား giz အာဟာရနည္းပညာကြ်မ္းက်င္ (က်ဳိင္းတံု)မွ ဦးေက်ာ္သူလတ္ႏွင့္ ဝန္ထမ္းမ်ား၊ Malteser International (ျမန္မာ) ဌာေနညႇိႏိႈင္းေရးမွဴး ဦးမင္းႏိုင္ဦးႏွင့္ ဝန္ထမ္းမ်ား၊ သက္ဆိုင္ရာ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေက်းရြာသူ၊ ေက်းရြာသားမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဂျာမနီစီးပွားရေးကော်ပိုရေးရှင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ရန်ပုံငွဖြေင့် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊ giz နှင့် Malterser International တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ကျန်းမာရေး အဆောက်အဦ(၃)လုံးအား ဧပြီလ (၂၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် နမ့်နန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ဆေးပေးခန်း(၁)ခု၊ ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ရေပေးဝေရေးလုပ်ငန်း ဆိုလာမီး (၂)စုံ တို့ကို ကျပ်(၇၅၉)သိန်းဖြင့် လည်းကောင်း၊
နမ့်ယွန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အတွက် ဆေးပေးခန်း(၁)ခု၊ ဝန်ထမ်းအိမ်ရာတစ်လုံး၊ ရေပေးဝေရေးလုပ်ငန်း၊ ဆိုလာမီး (၂)စုံ တို့ကို ကျပ်(၇၇၇)သိန်း ဖြင့်လည်းကောင်း၊ ညောင်ပင်သာ ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အတွက် ဆေးပေးခန်း(၁)ခု၊ ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ရေပေးဝေရေးလုပ်ငန်း၊ ဆိုလာမီး (၂)စုံတို့ကို ကျပ်(၇၆၇)သိန်းဖြင့် လည်းကောင်း မိုင်းဖြတ်မြို့ နမ့်ယွန်းတောင်ပေါ် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် လုပ်ငန်းစတင်ကာ ၂၀၁၇ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် လုပ်ငန်းများအားလုံး ပြီးစီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ giz အာဟာရနည်းပညာကျွမ်းကျင် (ကျိုင်းတုံ)မှ ဦးကျော်သူလတ်နှင့် ဝန်ထမ်းများ၊ Malteser International (မြန်မာ) ဌာနေညှိနှိုင်းရေးမှူး ဦးမင်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~