ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံေရာက္ေက်းရြာတြင္ ေနအိမ္တစ္လုံးမီးေလာင္

ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံေရာက္ေက်းရြာတြင္ ေနအိမ္တစ္လုံးမီးေလာင္
ဧပြီ 27, 2017
By 🌸
ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေငြေတာင္ေက်းရြာအုပ္စု ေဒါငံေရာက္ေက်းရြာတြင္ ဧၿပီလ (၂၇) ရက္ေန႔ နံနက္(၁း၅၅ )နာရီခန္႔က လူေနအိမ္တစ္လုံးမီးေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။
ဒီေမာ့ဆိုၿမိဳ႕နယ္၊ ေငြေတာင္အုပ္စု၊ ေဒါငံေရာက္ေက်း႐ြာေန ဦးကေလးတို၏ သြမ္မိုး၊ပ်ဥ္ကာ၊ပ်ဥ္ခင္း ေနအိမ္ မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
" မီးေလာင္တာေတာ့ ေတာ္ေတာ္ေလာင္တာ။ တစ္ခါမွလည္းမၾကံဳဖူးဘူး တျခားအိမ္ေတြ မကူးတာပဲ ေတာ္ေသးတယ္။ မီးသတ္ေတြလည္း အခ်ိန္မွီေရာက္လာေတာ့ ျမန္ျမန္ၿငိ္မ္းသြားတယ္ "ဟု ေဒါငံေရာက္ေက်းရြာမွ ေဒသခံတစ္ဦးက ေျပာသည္။
မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ႐ြာသူ႐ြာသားမ်ား ဝိုင္းဝန္းၿငိမ္းသတ္မႈေၾကာင့္ (၂)နာရီ (၄၅)မိနစ္အခ်ိန္တြင္ မီးၿငိမ္း သတ္ႏိုင္ခဲ့ၿပီး မီးေလာင္မႈေၾကာင့္ လူႏွင့္ တိရိစာၦန္မ်ား ထိခိုက္မႈမရွိဘဲ မီးေလာင္ဆံုးရံႈးမႈတန္ဖိုးက်ပ္(၇)သိန္းခန႔္ ဟု မီးသတ္ဦးစီးဌာနက ခန္႔မွန္းတြက္ခ်က္ထားသည္။
သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ဒီးမော့ဆိုမြို့နယ် ဒေါငံရောက်ကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်
*************

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဒေါငံရောက်ကျေးရွာတွင် ဧပြီလ (၂၇) ရက်နေ့ နံနက်(၁း၅၅ )နာရီခန့်က လူနေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဒီမော့ဆိုမြို့နယ်၊ ငွေတောင်အုပ်စု၊ ဒေါငံရောက်ကျေးရွာနေ ဦးကလေးတို၏ သွမ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း နေအိမ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
" မီးလောင်တာတော့ တော်တော်လောင်တာ။ တစ်ခါမှလည်းမကြုံဖူးဘူး တခြားအိမ်တွေ မကူးတာပဲ တော်သေးတယ်။ မီးသတ်တွေလည်း အချိန်မှီရောက်လာတော့ မြန်မြန်ငြိ်မ်းသွားတယ် "ဟု ဒေါငံရောက်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် (၂)နာရီ (၄၅)မိနစ်အချိန်တွင် မီးငြိမ်း သတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိဘဲ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကျပ်(၇)သိန်းခန့် ဟု မီးသတ်ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~