တာခ်ီလိတ္မွ မူးယစ္ေဆးစြဲသူမ်ားႏွင့္ ပတ္သက္၍ ျပန္လည္ထူေထာင္ေရး သႀကၤန္အၿပီး စတင္မည္

တာခ်ီလိတ္မွ မူးယစ္ေဆးစြဲသူမ်ားႏွင့္ ပတ္သက္၍ ျပန္လည္ထူေထာင္ေရး သႀကၤန္အၿပီး စတင္မည္
ဧပြီ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္နဝါရီလအတြင္းက စာရင္းေကာက္ယူထားသည့္ အိမ္ရာမဲ့ မူးယစ္ေဆးစြဲသူမ်ားအား မူးယစ္ေဆးျဖတ္ျခင္းႏွင့္ ျပန္လည္ထူေထာင္ေရးကို သႀကၤန္ကာလ အၿပီးတြင္ စတင္ႏိုင္ရန္အတြက္ သႀကၤန္းၿပီးၿပီးျခင္း ထပ္မံ၍ စာရင္းေကာက္သြားမွာ ျဖစ္ေၾကာင္း မဇၨ်ိမလူမႈကူညီေရးအသင္းထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါးစြဲကာ အိမ္ရာမဲ့ ေနထုိင္သူမ်ားအား ေဆးျဖတ္ေပးႏိုင္ရန္အတြက္ ျပည္နယ္အစိုးရ၏ ညႊန္ၾကားခ်က္ျဖင့္ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ မဇၥ်ိမလူမႈကူညီေရးအသင္းက သက္ဆုိင္ရာ တာဝန္ရိွသူမ်ားႏွင့္ ပူးေပါင္းကာ ဇန္နဝါရီလ (၁၀)ရက္ေန႔မွ ဇန္နဝါရီလကုန္အထိ စာရင္းေကာက္ယူရရိွထားသည့္ (၁၂၅)ဦး၏ အမည္စာရင္းအား ျပည္နယ္အစိုးရထံ တင္ျပထားၿပီးျဖစ္ေၾကာင္း သိရသည္။

“မူးယစ္ေဆးျဖတ္ေပးလိုက္တာက တစ္လဆိုရင္ရတယ္။ ဒါေပမယ့္ ျပန္လည္ထူေထာင္ေရးကို ထိထိ ေရာက္ေရာက္ ျပန္မလုပ္ႏုိင္ဘူးဆိုရင္ သူတို႔ျပန္သံုးမယ္။ ေဆးျဖတ္လိုက္ ျပန္သံုးလုိက္ သံုးႀကိမ္ေလာက္ဆို ဒီကေလးေတြက အဆင္မေျပေတာ့ဘူး။ ဒါေၾကာင့္ ျပန္လည္ထူေထာင္ေရး အဓိက လုပ္ေဆာင္ေပးမယ့္ သဘာဝတရားရိပ္သာ ဆရာေတာ္ႀကီးကို ေစာင့္ေနတာ”ဟု မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ခရိုင္ၿမိဳ႕ႀကီး(၇)ၿမိဳ႕တြင္ မူူးယစ္ေဆးစြဲသူမ်ားအား ေဆးျဖတ္စခန္းမ်ားတြင္ ပို႔ေဆာင္ ေဆးျဖတ္ေပးရန္ ျပည္နယ္အစိုးရက အစီအစဥ္ျဖင့္ ညႊန္ၾကားထားျခင္းျဖစ္ၿပီး  အဆိုပါ လုပ္ငန္းမ်ား အေကာင္အထည္ ေဖာ္ရန္ လိုအပ္သည့္ အဖြဲ႕အစည္းမ်ား ဖြဲ႕စည္းျခင္းကို ျပည္နယ္အစိုးရက လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္မဲဆႏၵနယ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ထံမွ သိရသည္။

“ျပည္နယ္အစုိုးရက ဒီကိစၥအတြက္ လိုအပ္တဲ့က႑အလိုက္ အဖြဲ႔အစည္းေတြ ဖြဲ႔ေနပါၿပီ။ ေမလေလာက္မွာ စတင္ႏုိင္ပါလိမ့္မယ္။ ရန္ပံုေငြအတြက္ကလည္း ကူညီမယ့္အဖြဲ႕အစည္းေတြ ရိွေနပါၿပီ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္မဲဆႏၵနယ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ဆိုသည္။

တာခ်ီလိတ္မွ မူးယစ္ေဆးစြဲသူမ်ားအား ျပန္လည္ထူေထာင္ေရး လုပ္ေဆာင္ေပးရန္အတြက္ လြယ္ေတာ္ခမ္း ရပ္ကြက္ရိွ သဘာဝတရားရိပ္သာတြင္ အေဆာက္အဦေဆာက္လုပ္ထားၿပီး ၎တို႔အား မူးယစ္ေဆးျဖတ္ၿပီး ပါက အလုပ္အကိုင္ေပးႏုိင္ေရး၊ ေနရပ္ျပန္ႏိုင္ေရးကိစၥမ်ားကိုလည္း ေဆာင္ရြက္ေပးသြားရန္ကိုပါ စီစဥ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးသံုးစြဲသူ မ်ားျပားေနလ်က္ရွိေသာ္လည္း လက္ရွိ ရရွိေကာက္ခံရရွိထားေသာ စာရင္းမွာ နည္းေနေသးသည့္အတြက္ သႀကၤန္အၿပီးတြင္ လူဦးေရ (၃၀၀)၀န္းက်င္အထိ ရရွိရန္အတြက္ ေနရာအႏွံ႔တြင္ စာရင္းထပ္မံ ေကာက္ယူသြားမွာ ျဖစ္ေၾကာင္း မဇၨ်ိမလူမႈကူညီေရးအသင္းထံမွ သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇန်နဝါရီလအတွင်းက စာရင်းကောက်ယူထားသည့် အိမ်ရာမဲ့ မူးယစ်ဆေးစွဲသူများအား မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးကို သင်္ကြန်ကာလ အပြီးတွင် စတင်နိုင်ရန်အတွက် သင်္ကြန်းပြီးပြီးခြင်း ထပ်မံ၍ စာရင်းကောက်သွားမှာ ဖြစ်ကြောင်း မဇ္ဇျိမလူမှုကူညီရေးအသင်းထံမှ သိရသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးစွဲကာ အိမ်ရာမဲ့ နေထိုင်သူများအား ဆေးဖြတ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဇန်နဝါရီလ (၁၀)ရက်နေ့မှ ဇန်နဝါရီလကုန်အထိ စာရင်းကောက်ယူရရှိထားသည့် (၁၂၅)ဦး၏ အမည်စာရင်းအား ပြည်နယ်အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဖြတ်ပေးလိုက်တာက တစ်လဆိုရင်ရတယ်။ ဒါပေမယ့် ပြန်လည်ထူထောင်ရေးကို ထိထိ ရောက်ရောက် ပြန်မလုပ်နိုင်ဘူးဆိုရင် သူတို့ပြန်သုံးမယ်။ ဆေးဖြတ်လိုက် ပြန်သုံးလိုက် သုံးကြိမ်လောက်ဆို ဒီကလေးတွေက အဆင်မပြေတော့ဘူး။ ဒါကြောင့် ပြန်လည်ထူထောင်ရေး အဓိက လုပ်ဆောင်ပေးမယ့် သဘာဝတရားရိပ်သာ ဆရာတော်ကြီးကို စောင့်နေတာ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ရှမ်းပြည်နယ်အတွင်း ခရိုင်မြို့ကြီး(၇)မြို့တွင် မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်စခန်းများတွင် ပို့ဆောင် ဆေးဖြတ်ပေးရန် ပြည်နယ်အစိုးရက အစီအစဉ်ဖြင့် ညွှန်ကြားထားခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းများ အကောင်အထည် ဖော်ရန် လိုအပ်သည့် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းကို ပြည်နယ်အစိုးရက လုပ်ဆောင်နပြေီဖြစ်ကြောင်း တာချီလိတ်မြို့နယ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ထံမှ သိရသည်။

“ပြည်နယ်အစိုးရက ဒီကိစ္စအတွက် လိုအပ်တဲ့ကဏ္ဍအလိုက် အဖွဲ့အစည်းတွေ ဖွဲ့နေပါပြီ။ မေလလောက်မှာ စတင်နိုင်ပါလိမ့်မယ်။ ရန်ပုံငွေအတွက်ကလည်း ကူညီမယ့်အဖွဲ့အစည်းတွေ ရှိနေပါပြီ”ဟု တာချီလိတ်မြို့နယ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဆိုသည်။

တာချီလိတ်မှ မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးရန်အတွက် လွယ်တော်ခမ်း ရပ်ကွက်ရှိ သဘာဝတရားရိပ်သာတွင် အဆောက်အဦဆောက်လုပ်ထားပြီး၎င်းတို့အား မူးယစ်ဆေးဖြတ်ပြီး ပါက အလုပ်အကိုင်ပေးနိုင်ရေး၊ နေရပ်ပြန်နိုင်ရေးကိစ္စများကိုလည်း ဆောင်ရွက်ပေးသွားရန်ကိုပါ စီစဉ်နခြေင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားနေလျက်ရှိသော်လည်း လက်ရှိ ရရှိကောက်ခံရရှိထားသော စာရင်းမှာ နည်းနေသေးသည့်အတွက် သင်္ကြန်အပြီးတွင် လူဦးရေ (၃၀၀)ဝန်းကျင်အထိ ရရှိရန်အတွက် နေရာအနှံ့တွင် စာရင်းထပ်မံ ကောက်ယူသွားမှာ ဖြစ်ကြောင်း မဇ္ဇျိမလူမှုကူညီရေးအသင်းထံမှ သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~