တာခ်ီလိတ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ေစ်းအတြင္း လွည့္လည္ကာ ယာဥ္/လမ္းစည္ကမ္း အသိပညာေပး

တာခ်ီလိတ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ေစ်းအတြင္း လွည့္လည္ကာ ယာဥ္/လမ္းစည္ကမ္း အသိပညာေပး
ဧပြီ 23, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ေပၚရွိ ၿမိဳ႕မေစ်းႏွင့္ ဆန္ဆိုင္းေစ်းတို႔တြင္ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ လွည့္လည္၍ ေစ်းသူ၊ ေစ်းသားမ်ားႏွင့္ ေစ်း၀ယ္သူျပည္သူမ်ားအား ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးမႈမ်ား အျဖစ္ ဧၿပီလ(၂၃)ရက္ေန႔ နံနက္ပိုုင္းက ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ၿမိဳမေစ်း(၀မ္ေကာင္းေစ်း) ႏွင့္ ဆန္ဆိုင္းေစ်းတို႔တြင္ နံနက္(၉)နာရီမွ (၁၁)နာရီခြဲ၀န္းက်င္အထိ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ရဲအုပ္ ေဇာ္ေဇာ္ညႊန္႔ ႏွင့္အဖြဲ႔မွ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ ဆိုင္ကယ္စီးလွ်င္ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းၿပီး ေမးသိုင္းႀကိဳးတပ္ဆင္ရန္ ႏွင့္ ဆိုင္ကယ္အား ႏွစ္ဦးထက္ ပိုတင္ေဆာင္ ေမာင္းႏွင္ျခင္း မျပဳရန္အျပင္ ယာဥ္မ်ားအား အရွိန္ျပင္းစြာ ေမာင္းႏွင္ျခင္းမ်ား မျပဳလုပ္ရန္၊ သံစံုဟြန္း တပ္ဆင္ျခင္း၊ ပါ၀ါအိတ္ေဇာမ်ား တပ္ဆင္ေမာင္းႏွင္ျခင္းမ်ား မျပဳလုပ္ရန္ စသည့္အေၾကာင္းအရာမ်ားအား အသိပညာေပးခဲ့ေၾကာင္း သိရသည္။

သတ္မွတ္ထားသည့္ ယာဥ္/လမ္း စည္းကမ္းမ်ားကို ေဖာက္ဖ်က္ပါက ေမာ္ေတာ္ယာဥ္ ဥပေဒျဖင့္ တရားစြဲဆို အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ႏွင့္ ယာဥ္/လမ္း စည္းကမ္းအေၾကာင္း သိေကာင္းစရာမ်ားကို သိရွိႏိုင္ရန္အတြက္ အသိပညာေပး လက္ကမ္းစာေစာင္မ်ားကိုလည္း ျဖန္႔ေ၀ေပးခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပေါ်ရှိ မြို့မဈေးနှင့် ဆန်ဆိုင်းဈေးတို့တွင် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လှည့်လည်၍ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများ အဖြစ် ဧပြီလ(၂၃)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိုမဈေး(ဝမ်ကောင်းဈေး) နှင့် ဆန်ဆိုင်းဈေးတို့တွင် နံနက်(၉)နာရီမှ (၁၁)နာရီခွဲဝန်းကျင်အထိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ် ဇော်ဇော်ညွှန့် နှင့်အဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ဆင်ရန် နှင့် ဆိုင်ကယ်အား နှစ်ဦးထက် ပိုတင်ဆောင် မောင်းနှင်ခြင်း မပြုရန်အပြင် ယာဉ်များအား အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများ မပြုလုပ်ရန်၊ သံစုံဟွန်း တပ်ဆင်ခြင်း၊ ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်ခြင်းများ မပြုလုပ်ရန် စသည့်အကြောင်းအရာများအား အသိပညာပေးခဲ့ကြောင်း သိရသည်။

သတ်မှတ်ထားသည့် ယာဉ်/လမ်း စည်းကမ်းများကို ဖောက်ဖျက်ပါက မော်တော်ယာဉ် ဥပဒဖြေင့် တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယာဉ်/လမ်း စည်းကမ်းအကြောင်း သိကောင်းစရာများကို သိရှိနိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~