တိုင်းရင်းသားရေးရာ ၀န်ကြီး(၃)ဦး နှင့် မိုင်းဆတ်နေ တိုင်းရင်းသား ပြည်သူများ တွေ့ဆုံ

တိုင်းရင်းသားရေးရာ ၀န်ကြီး(၃)ဦး နှင့် မိုင်းဆတ်နေ တိုင်းရင်းသား ပြည်သူများ တွေ့ဆုံ
ဧပွီ 6, 2017
By Tachileik News Agency


တွေ့ဆုံပွဲတွင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောတပ် နှင့် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာတို့က မိတ်ဆက်စကားပြောကြားပြီး ဒေသခံပြည်သူများအ နေဖြင့် မိမိတို့၏ လူနေမှုဘ၀အဆင့်အတန်းနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည်များကို ရဲရင့်ပွင့်လင်းစွာ တင်ပြကြရန်နှင့် ကဏ္ဍအလိုက် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်သွားကြရန် ပြောကြားသည်။

ယင်းနောက် မိုင်းခုတ်မြို့၊ ထူးဒေါ့ကျေးရွာနေ အာခါတိုင်းရင်းသား ဦးကွီးကျီက  ၎င်း၏ ကျေးရွာတွင် ရေအလုံအလောက် ရရှိရေး၊ မိုင်းဆတ်မြို့၊ နားမကျေးရွာနေ လားဟူတိုင်းရင်းသား ဦးရွှေမြင့်က ၎င်း၏ ကျေးရွာရှိ လမ်းများ ကောင်းမွန်စေရေးနှင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်ပေးစေရေး၊ မယ်ဆွမ်တောင်ရပ်ကွက်နေ လီဆူ တိုင်းရင်းသား ဦးကျော်ဇင်လတ်က တိုင်းရင်းသားများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အဆင်ပြေစေရန် ဆောင်ရွက် ပေးစေရေးတို့ကို အသီးသီးတင်ပြဆွေးနွေးကြသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် လီဆူ၊ အာခါ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံပွဲကို ဧပြီလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောတပ် နှင့် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာတို့က မိတ်ဆက်စကားပြောကြားပြီး ဒေသခံပြည်သူများအ နဖြေင့် မိမိတို့၏ လူနေမှုဘဝအဆင့်အတန်းနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည်များကို ရဲရင့်ပွင့်လင်းစွာ တင်ပြကြရန်နှင့် ကဏ္ဍအလိုက် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်သွားကြရန် ပြောကြားသည်။

ယင်းနောက် မိုင်းခုတ်မြို့၊ ထူးဒေါ့ကျေးရွာနေ အာခါတိုင်းရင်းသား ဦးကွီးကျီက၎င်း၏ ကျေးရွာတွင် ရေအလုံအလောက် ရရှိရေး၊ မိုင်းဆတ်မြို့၊ နားမကျေးရွာနေ လားဟူတိုင်းရင်းသား ဦးရွှမြေင့်က၎င်း၏ ကျေးရွာရှိ လမ်းများ ကောင်းမွန်စေရေးနှင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်ပေးစေရေး၊ မယ်ဆွမ်တောင်ရပ်ကွက်နေ လီဆူ တိုင်းရင်းသား ဦးကျော်ဇင်လတ်က တိုင်းရင်းသားများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အဆင်ပြေစေရန် ဆောင်ရွက် ပေးစေရေးတို့ကို အသီးသီးတင်ပြဆွေးနွေးကြသည်။

ဆက်လက်၍ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ လီဆူ၊ အာခါ၊ လားဟူ တိုင်းရင်းသားရေးရာဝန်ကြီးတို့က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~