က်ဳိင္းတံုၾကားျဖတ္ ေရြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖဳိးပါတီမွ တိုင္းရင္းသားေရးရာ ၀န္ႀကီးေဟာင္း အႏိုင္ရ

က်ဳိင္းတံုၾကားျဖတ္ ေရြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖဳိးပါတီမွ တိုင္းရင္းသားေရးရာ ၀န္ႀကီးေဟာင္း အႏိုင္ရ
ဧပြီ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားလွယ္ေလာင္း ျဖစ္ၿပီး ၂၀၁၀ အစိုးရ လက္ထက္က လားဟူတိုင္းရင္းသားေရးရာ ဝန္ႀကီးတာ၀န္ကို ထမ္းေဆာင္ခဲ့သူ ဦးရွာေမြလရွဲန္က ဆႏၵမဲ(၇၀၂၆)ျဖင့္ အႏိုင္ရသြားေၾကာင္း က်ိဳင္းတုံၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။

ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ ့ၿဖိဳးေရးပါတီ၏ ကိုယ္စားလွယ္ေလာင္းျဖစ္သူ ဦးရွာေမြလွရွဲန္က ေဒသတြင္း ၎၏ အဓိက ၿပိဳင္ဘက္ျဖစ္ေသာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ ့ခ်ဳပ္ပါတီမွ ေဒါက္တာ၀ဏၰစိုးကို ဆႏၵမဲေပါင္း (၃,၀၀၀)ေက်ာ္ျဖင့္ အသာရရိွခဲ့ၿပီး ရွမ္းတိုင္းရင္းသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ပါတီမွ ဦးစိုင္းလုံက ဆႏၵမဲ (၃,၃၉၇)မဲျဖင့္ တတိယ ေနရာတြင္ လည္းေကာင္း၊ လားဟူအမ်ိဳးသားဖြံ ့ၿဖိဳးတိုုးတက္ေရးပါတီမွ ဦးအာမုတ္က ဆႏၵမဲေပါင္း (၂,၄၆၆)မဲျဖင့္ စတုတၳေနရာတြင္ လည္းေကာင္း ၊ အာခါအမ်ိဳးသားဖြံ႔ၿဖိဳး တိုးတက္ေရး ပါတီမွ ေဒၚနာတာလီနာက ဆႏၵမဲေပါင္း(၂,၀၄၆)မဲျဖင့္ ပဥၥမေနရာတြင္လည္းေကာင္း၊ ရွမ္းအမ်ိဳးသား ဒီမိုကရက္တစ္ပါတီမွ ေဒါက္တာစိုင္းရြက္ေဟာင္က ဆႏၵမဲေပါင္း (၁,၁၇၅)မဲျဖင့္ လည္းေကာင္း အသီးသီး ရရိွခဲ့ၾကျခင္းျဖစ္သည္။

ဧၿပီလ(၁)ရက္ေန႔ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ က်ိဳင္းတံုၿမိဳ႕နယ္ ေတာင္ေပၚေက်းရြာမ်ားႏွင့္ တပ္တြင္း မဲရုံမ်ားတြင္ မဲမသမာမႈမ်ား ရိွခဲ့သည့္ အတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ပါတီ အေနျဖင့္ ေရြးေကာက္ပြဲ ေကာ္မရွင္သို ့ ကန္ ့ကြက္စာ တင္သြင္းသြားရန္လည္း ျပင္ဆင္ထားေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ က်င္းပခဲ့သည့္ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္ ဆႏၵမဲေပးပိုင္ခြင့္ရိွသူ (၅၆,၁၃၄)ဦးရိွေသာ္လည္း အမွန္တစ္ကယ္ မဲေပးခဲ့သူမွာ (၂၅,၀၀၀)ခန္ ့သာ ရိွေၾကာင္း သိရသည္။

ယခု အႏိုင္ရရွိခဲ့ေသာ ဦးရွာေမြလရွဲန္သည္ ၂၀၁၅ ခုႏွစ္ ပါတီစံုေရြးေကာက္ပြဲတြင္ လားဟူ တိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ရံႈးနိမ့္ခဲ့ျခင္းျဖစ္ၿပီး ယခုၾကားျဖတ္ ေရြးေကာက္ပြဲတြင္ က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ ျပန္လည္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွ ေရြးခ်ယ္ခံရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဖြစ်ပြီး ၂၀၁၀ အစိုးရ လက်ထက်က လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဦးရှာမွေလရှဲန်က ဆန္ဒမဲ(၇၀၂၆)ဖြင့် အနိုင်ရသွားကြောင်း ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးရှာမွေလှရှဲန်က ဒေသတွင်း၎င်း၏ အဓိက ပြိုင်ဘက်ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာဝဏ္ဏစိုးကို ဆန္ဒမဲပေါင်း (၃,ဝဝဝ)ကျော်ဖြင့် အသာရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းလုံက ဆန္ဒမဲ (၃,၃၉၇)မဲဖြင့် တတိယ နေရာတွင် လည်းကောင်း၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအာမုတ်က ဆန္ဒမဲပေါင်း (၂,၄၆၆)မဲဖြင့် စတုတ္ထနေရာတွင် လည်းကောင်း၊ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဒေါ်နာတာလီနာက ဆန္ဒမဲပေါင်း(၂,ဝ၄၆)မဲဖြင့် ပဉ္စမနေရာတွင်လည်းကောင်း၊ ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာစိုင်းရွက်ဟောင်က ဆန္ဒမဲပေါင်း (၁,၁၇၅)မဲဖြင့် လည်းကောင်း အသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။

ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့နယ် တောင်ပေါ်ကျေးရွာများနှင့် တပ်တွင်း မဲရုံများတွင် မဲမသမာမှုများ ရှိခဲ့သည့် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနဖြေင့် ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာ တင်သွင်းသွားရန်လည်း ပြင်ဆင်ထားကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၆,၁၃၄)ဦးရှိသော်လည်း အမှန်တစ်ကယ် မဲပေးခဲ့သူမှာ (၂၅,ဝဝဝ)ခန့်သာ ရှိကြောင်း သိရသည်။

ယခု အနိုင်ရရှိခဲ့သော ဦးရှာမွေလရှဲန်သည် ၂၀၁၅ ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် လားဟူ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယခုကြားဖြတ် ရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~