ပင်းတယမြို့နယ်အတွင်း သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာများအတွက် ဧပြီလ နောက်ဆုံးပတ်မှ ပြန်လည်ပေးဝေနိုင်မည်

ပင်းတယမြို့နယ်အတွင်း သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာများအတွက် ဧပြီလ နောက်ဆုံးပတ်မှ ပြန်လည်ပေးဝေနိုင်မည်
ဧပွီ 21, 2017
By Tachileik News Agency

ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်အတွင်း သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာများအတွက် သောက်သုံးရေဖြန့်ဝေပေးခြင်း လုပ်ငန်းများအား ဧပြီလ နောက်ဆုံး အပတ်မှ ပြန်လည် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သောက်သုံးရေ ရရှိရေးဆောင်ရွက်ပေးနေသည့် လူမှုကူညီရေး အဖွဲ့ထံမှသိရသည်။


၂၀၁၇ ခုနှစ် ဇန်နဝါရီ၊ဖေဖော်ဝါရီလများမှ စတင်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၂) ခုတွင် သောက်သုံးရေရှားပါးလာခြင်းကြောင့် တောင်ရိုးလူငယ် အထောက်အကူပြု အဖွဲ့နှင့် ဓနုလူငယ်အဖွဲ့တို့မှ သောက်သုံးရေ လိုက်လံဝေမျှပေးနေရခြင်းဖြစ်ပြီး ဧပြီလအတွင်း ပအို့ဝ်လူငယ်အဖွဲ့၊ ရှမ်းတိုင်းရင်းသားများအဖွဲ့ နှင့် အင်းသားလူငယ်အဖွဲ့တို့မှလည်း သောက်သုံးရေ ရရှိစေရေးအတွက် ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။


သောက်သုံးရေဖြန့်ဝေပေးခြင်း အနေဖြင့် အိမ်ထောင်စု တစ်စုအတွက် (၂) ရက်စာအဖြစ် ရေဂါလန်(၂၀)ခန့် ခွဲတမ်းကျပေးဝေနေခြင်းဖြစ်ကာ လတ်တလော သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာအုပ်စု (၁၄)ခုတွင် အိမ်ခြေ(၇၂၀)ခန့်နှင့် လူဦးရေ (၁၀၂၄၀/ ၁၀၂၅၀ ) ခန့်ရှိပြီး မိုးရေအနည်းငယ် ရရှိထားသည့်အတွက် ရေပေးဝေမှုကို ခေတ္တရပ်နားထားကာ ဧပြီလ နောက်ဆုံးအပတ်တွင် ပြန်လည် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နေဖြိုးမြင့်



~~~~~~~~⊰❂ unicode ~~~~~~~~

ရာသီဥတု ပြောင်းလဲလာခြင်းကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်အတွင်း သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာများအတွက် သောက်သုံးရဖြေန့်ဝေပေးခြင်း လုပ်ငန်းများအား ဧပြီလ နောက်ဆုံး အပတ်မှ ပြန်လည် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သောက်သုံးရေ ရရှိရေးဆောင်ရွက်ပေးနေသည့် လူမှုကူညီရေး အဖွဲ့ထံမှသိရသည်။

"သင်္ကြန်ကာလမှာ မိုးရွာတာတွေရှိလာတော့ ရေလှောင်ကန်တွေမှာ မိုးရေတွေရှိလာတယ်၊ ဒါကြောင့်ရေပေးဝေရေးလုပ်ငန်းကို ခဏနားထားတယ်၊ ဘဏ်အကောင့်ထဲကိုလှမ်းပြီး လှူတာတွေကိုတော့ လက်ခံထားတယ်။ ရေကားတွေနဲ့ လာလှူတာတွေကို ခဏနားထားတယ်၊ ကျေးရွာအုပ်စု (၂၂)ခုဆိုပေမယ့် အခက်ခဲဆုံးကျေးရွာအုပ်စု(၁၄)ခုကို အဓိက ဦးစားပေးပြီး သောက်သုံးရေရရှိရေး ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်"ဟု တောင်ရိုး လူငယ်အထောက်အကူပြုအဖွဲ့ ဦးစီးအဖွဲ့ ခေါင်းဆောင် ကိုအောင်ဆန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ၊ဖေဖော်ဝါရီလများမှ စတင်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၂) ခုတွင် သောက်သုံးရေရှားပါးလာခြင်းကြောင့် တောင်ရိုးလူငယ် အထောက်အကူပြု အဖွဲ့နှင့် ဓနုလူငယ်အဖွဲ့တို့မှ သောက်သုံးရေ လိုက်လံဝေမျှပေးနေရခြင်းဖြစ်ပြီး ဧပြီလအတွင်း ပအို့ဝ်လူငယ်အဖွဲ့၊ ရှမ်းတိုင်းရင်းသားများအဖွဲ့ နှင့် အင်းသားလူငယ်အဖွဲ့တို့မှလည်း သောက်သုံးရေ ရရှိစေရေးအတွက် ဆောင်ရွက်ပေးနကြေကြောင်း သိရသည်။

"မိုးရေရထားတယ်ဆိုပေမယ့် ရေလှောင်ကန်ထဲက မိုးရေတွေက နည်းနည်းတော့ ညစ်ပတ်တာပေါ့၊ ငှက်ချေးတွေ အနည်တွေရှိနေတာဖြစ်တဲ့အတွက် ရေကိုကြိုချက်အသုံးပြုဖို့တော့ ပညာပေးတာတွေ လိုက်လုပ်ပေးနေရတယ်၊ နှစ်တိုင်းရေ အခက်အခဲဖြစ်နေတဲ့အတွက် ရေရှည်စီမံကိန်းအဖြစ် ဆောင်ရွက်ပေးဖို့ရာလည်း စီစဉ်နေပါတယ်၊ နိုင်ငံတော်အစိုးရထံကိုလည်း တင်ပြထားပါတယ်၊ ခွင့်ပြုချက်ရတာနဲ့စတင်နိုင်မှာပါ" ဟု ကိုအောင်ဆန်းက ပြောသည်။

သောက်သုံးရဖြေန့်ဝေပေးခြင်း အနဖြေင့် အိမ်ထောင်စု တစ်စုအတွက် (၂) ရက်စာအဖြစ် ရေဂါလန်(၂၀)ခန့် ခွဲတမ်းကျပေးဝေနခြေင်းဖြစ်ကာ လတ်တလော သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာအုပ်စု (၁၄)ခုတွင် အိမ်ခြေ(၇၂၀)ခန့်နှင့် လူဦးရေ (၁၀၂၄၀/ ၁၀၂၅၀ ) ခန့်ရှိပြီး မိုးရေအနည်းငယ် ရရှိထားသည့်အတွက် ရေပေးဝေမှုကို ခေတ္တရပ်နားထားကာ ဧပြီလ နောက်ဆုံးအပတ်တွင် ပြန်လည် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေအရှားပါးဆုံး ကျေးရွာ(၁၄)ခုအတွက် အဝီစိတွင်း(၅)တွင်း တူးဖော်ပေးမည်ဖြစ်ပြီး ပေ (၄၀)ပတ်လည် ရေလှောင်ကန်ကိုလည်း တူးဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လတ်တလောတွင် နိုင်ငံတော်အစိုးရထံ တင်ပြထားသည့်အဆင့်သာ ရှိသေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - တောင်ရိုးလူငယ်အထောက်အကူပြု ( ရှမ်း/တောင် ဒေသ ) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~