က်ဳိင္းတံုၿမိဳ႕နယ္ရွိ မဲရံု(၅၇)ရံုအနက္ မဲရံု(၂၀)ေက်ာ္ေရတြက္မႈ အၿပီးတြင္ ႀကိဳတင္မဲျဖင့္ ျပည္ခိုင္ၿဖိဳးပါတီမွ မဲအသာရေန

က်ဳိင္းတံုၿမိဳ႕နယ္ရွိ မဲရံု(၅၇)ရံုအနက္ မဲရံု(၂၀)ေက်ာ္ေရတြက္မႈ အၿပီးတြင္ ႀကိဳတင္မဲျဖင့္ ျပည္ခိုင္ၿဖိဳးပါတီမွ မဲအသာရေန
ဧပြီ 1, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္တြင္ ဧၿပီလ (၁) ရက္ေန႔ နံနက္ပိုင္းက စ၍ က်င္းပသည့္ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္ မဲရံု (၅၇) ရံုရိွသည့္ အနက္ ည(၈)နာရီခြဲေက်ာ္သည့္ အခ်ိန္ထိ ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္သို႔ ေရာက္ရိွလာသည့္ မဲရုံ (၂၀)ေက်ာ္မွ ဆႏၵမဲရလဒ္မ်ား အရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက အသာရေနရာမွ ႀကိဳတင္မဲ ထပ္ေပါင္းၿပီးေနာက္တြင္ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ ့ၿဖိဳးေရးပါတီမွ အသာရေနလ်က္ရိွေၾကာင္း သိရသည္။
က်ိဳင္းတုံၿမိဳ႕ေပၚရိွ ရပ္ကြက္(၂)ခု အပါအဝင္ ေက်းရြာအုပ္စု အခ်ိဳ႕ရိွ မဲရံုမ်ားမွ မဲလက္မွတ္မ်ားမွာ ၿမိဳ ့နယ္ ေရြးေကာက္ပြဲေကာ္မရွင္သို႔ ေရာက္ရိွေနၿပီ ျဖစ္ေသာ္လည္း ၿမိဳ႕ႏွင့္ အလွမ္းေ၀းေသာ မဲရုံမ်ားမွ မဲလက္မွတ္မ်ား ေရာက္ရိွလာျခင္း မရိွေသးေၾကာင္း သိရသည္။
ၿမိဳ႕ေပၚရပ္ကြက္ (၂)ခုႏွင့္ ေက်းရြာအုပ္စုအခ်ိဳ႕မွ မဲရုံ(၂၀)ေက်ာ္၏ မဲရလဒ္မ်ားအရ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ဆႏၵမဲ (၂၀၀)ေက်ာ္ျဖင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ ့ၿဖိဳးေရးပါတီကို အသာရရိွခဲ့ေသာ္လည္း
ႀကိဳတင္မဲမ်ားကို ေရတြက္ၿပီးေနာက္တြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ဆႏၵမဲ(၃၀၀)ေက်ာ္ျဖင့္ ျပန္လည္ အႏိုင္ရရိွေနျခင္းျဖစ္သည္။
"တပ္တြင္းမဲရုံ နဲ႔ ေက်းရြာအုပ္စုမဲရုံအခ်ိဳ႕မွာ မဲမသမာမႈေတြရိွခဲ့တာကို ေတြ႔ရပါတယ။္ ဒီအတြက္လည္း ကန္႔ကြက္သြားဖို႔ိ ရိွပါတယ္"ဟု အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ၏ မဲရုံ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဝင္းက ေျပာသည္။
လက္ရိွ ေရြးေကာက္ပြဲေကာ္မရွင္သို႔ မဲလက္မွတ္မ်ား လာေရာက္ အပ္ႏွံျခင္း မရိွေသးသည့္ မဲရုံမ်ားမွာ ဆႏၵမဲေပးသူဦးေရ နည္းပါးသည့္ မဲရံုမ်ားျဖစ္ သျဖင့္ ယခုရလဒ္ အေျခအေနအရ ျပည္ေထာင္စုႀကံ႕ခိုင္ေရးနွင့္ ဖြံ႕ၿဖိဳးေရးပါတီက အႏိုင္ရႏိုင္ဖြယ္ ရိွသည္ဟု ေရြးေကာက္ပြဲ ေလ့လာ ေစာင့္ၾကည့္သူ အခ်ိဳ႕၏ သုံးသပ္ေနမႈမ်ားလည္း ရိွေနသည္။
က်ိဳင္းတုံၿမိဳ႕နယ္အတြင္းတြင္ မဲေပးပိုင္ခြင့္ရိွသူ (၅၆,၁၃၄)ဦးရိွေသာ္လည္း မဲရုံမ်ားသို႔ အမွန္တကယ္ လာေရာက္ မဲေပးသူမွာ (၁)ေသာင္းခန္႔သာရိွေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ဧပြီလ (၁) ရက်နေ့ နံနက်ပိုင်းက စ၍ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲရုံ (၅၇) ရုံရှိသည့် အနက် ည(၈)နာရီခွဲကျော်သည့် အချိန်ထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ ရောက်ရှိလာသည့် မဲရုံ (၂၀)ကျော်မှ ဆန္ဒမဲရလဒ်များ အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသာရနေရာမှ ကြိုတင်မဲ ထပ်ပေါင်းပြီးနောက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အသာရနေလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ပေါ်ရှိ ရပ်ကွက်(၂)ခု အပါအဝင် ကျေးရွာအုပ်စု အချို့ရှိ မဲရုံများမှ မဲလက်မှတ်များမှာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ ရောက်ရှိနပြေီ ဖြစ်သော်လည်း မြို့နှင့် အလှမ်းေဝးသော မဲရုံများမှ မဲလက်မှတ်များ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက် (၂)ခုနှင့် ကျေးရွာအုပ်စုအချို့မှ မဲရုံ(၂၀)ကျော်၏ မဲရလဒ်များအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆန္ဒမဲ (၂၀၀)ကျော်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အသာရရှိခဲ့သော်လည်း
ကြိုတင်မဲများကို ရေတွက်ပြီးနောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆန္ဒမဲ(၃၀၀)ကျော်ဖြင့် ပြန်လည် အနိုင်ရရှိနခြေင်းဖြစ်သည်။

"တပ်တွင်းမဲရုံ နဲ့ ကျေးရွာအုပ်စုမဲရုံအချို့မှာ မဲမသမာမှုတွေရှိခဲ့တာကို တွေ့ရပါတယ။် ဒီအတွက်လည်း ကန့်ကွက်သွားဖို့ ရှိပါတယ်"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ မဲရုံ ကိုယ်စားလှယ် ဦးအောင်ကျော်ဝင်းက ပြောသည်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်သို့ မဲလက်မှတ်များ လာရောက် အပ်နှံခြင်း မရှိသေးသည့် မဲရုံများမှာ ဆန္ဒမဲပေးသူဦးရေ နည်းပါးသည့် မဲရုံများဖြစ် သဖြင့် ယခုရလဒ် အခြေအနေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရနိုင်ဖွယ် ရှိသည်ဟု ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ အချို့၏ သုံးသပ်နေမှုများလည်း ရှိနေသည်။

ကျိုင်းတုံမြို့နယ်အတွင်းတွင် မဲပေးပိုင်ခွင့်ရှိသူ (၅၆,၁၃၄)ဦးရှိသော်လည်း မဲရုံများသို့ အမှန်တကယ် လာရောက် မဲပေးသူမှာ (၁)သောင်းခန့်သာရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~