ေတာင္ႀကီးၿမိဳ႕ မီးသတ္ဦးစီးဌာန၏ ေႏြရာသီေရလွဴဒါန္းမႈ စတင္လုပ္ေဆာင္

ေတာင္ႀကီးၿမိဳ႕ မီးသတ္ဦးစီးဌာန၏ ေႏြရာသီေရလွဴဒါန္းမႈ စတင္လုပ္ေဆာင္
ဧပြီ 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕မွ ေရရရိွေရး ခက္ခဲေနသည့္ ရပ္ကြက္(၄)ခုသို႔ မီးသတ္ ဦးစီးဌာနက ႏွစ္စဥ္ျပဳလုပ္ေနသည့္ ေႏြရာသီေရလွဴဒါန္းမႈကို ဧၿပီလ (၂၂) ရက္ေန႔က စတင္ လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႕ဌာနအေနနဲ႔ ေတာင္ႀကီးၿမိဳ႕အတြင္းမွာရွိတဲ့ ေရရွားပါးတဲ့ရပ္ကြက္ေတြမွာ ႏွစ္စဥ္ႏွစ္တိုင္း သြားေရာက္ လွဴဒါန္းေပးပါတယ္” ဟု ရွမ္းျပည္နယ္ မီးသတ္ဦးစီးဌာန မွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။

ေတာင္ႀကီးၿမိဳ႕ရိွ ရပ္ကြက္ေပါင္း (၂၂)ခုအနက္ ခ်မ္းျမသာစည္၊ ေရႊေတာင္၊ ရတနာသီရိ ၊ စိန္ပန္း ရပ္ကြက္မ်ားမွာ ေရတြင္းတူး၍ မရဘဲ စည္ပင္သာယာေရးမွ ေရေပးေဝမႈ တစ္ခုကိုသာ အဓိက အသံုးျပဳေနရသျဖင့္ အျခားရပ္ကြက္မ်ားထက္ ေရရရိွေရးခက္ခဲေနရာ မီးသတ္ဦးစီးဌာနအပါအဝင္ ေရအလွဴရွင္မ်ားက လာေရာက္လွဴဒါန္းေလ့ရိွေၾကာင္း သိရသည္။

“ရပ္ကြက္ထဲမွာေတာ့ ေရလာလွဴတာေတြ အၿမဲတမ္းရွိပါတယ္။ ဦးတို႔ရပ္ကြက္က ကားလမ္းလည္း သြားလို႔မရေတာ့ အဆင္မေျပဘူး။ ဘုန္းႀကီးေက်ာင္း ကန္ကေနတစ္ဆင့္ ရပ္ကြက္မွာ ေရပိုက္ ထား ထားေပးပါတယ္။ အဝီစိလည္း တူးလို႕မရဘူးေလ” ဟု ေရႊေတာင္ရပ္ကြက္ေနသူတစ္ဦး ကေျပာသည္။

ေတာင္ႀကီးၿမိဳ႕ စည္ပင္သာယာေရးဦးစီးဌာနက ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ေရမီတာျဖင့္ ေရေပးေဝျခင္း အျပင္ ေရရွားပါးသည့္ရပ္ကြက္မ်ားအတြက္ အမ်ားသံုးေရငုတ္မ်ားကိုလည္း လုပ္ေဆာင္ေပးထားေၾကာငး္ သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို



~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့ မီးသတ်ဦးစီးဌာန၏ နွေရာသီရေလှူဒါန်းမှု စတင်လုပ်ဆောင်

****************

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှ ရေရရှိရေး ခက်ခဲနေသည့် ရပ်ကွက်(၄)ခုသို့ မီးသတ် ဦးစီးဌာနက နှစ်စဉ်ပြုလုပ်နေသည့် နွေရာသီရေလှူဒါန်းမှုကို ဧပြီလ (၂၂) ရက်နေ့က စတင် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ တောင်ကြီးမြို့အတွင်းမှာရှိတဲ့ ရေရှားပါးတဲ့ရပ်ကွက်တွေမှာ နှစ်စဉ်နှစ်တိုင်း သွားရောက် လှူဒါန်းပေးပါတယ်” ဟု ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တောင်ကြီးမြို့ရှိ ရပ်ကွက်ပေါင်း (၂၂)ခုအနက် ချမ်းမြသာစည်၊ ရွှေတောင်၊ ရတနာသီရိ၊ စိန်ပန်း ရပ်ကွက်များမှာ ရေတွင်းတူး၍ မရဘဲ စည်ပင်သာယာရေးမှ ရေပေးဝေမှု တစ်ခုကိုသာ အဓိက အသုံးပြုနေရသဖြင့် အခြားရပ်ကွက်များထက် ရေရရှိရေးခက်ခဲနေရာ မီးသတ်ဦးစီးဌာနအပါအဝင် ရေအလှူရှင်များက လာရောက်လှူဒါန်းလေ့ရှိကြောင်း သိရသည်။

“ရပ်ကွက်ထဲမှာတော့ ရေလာလှူတာတွေ အမြဲတမ်းရှိပါတယ်။ ဦးတို့ရပ်ကွက်က ကားလမ်းလည်း သွားလို့မရတော့ အဆင်မပြေဘူး။ ဘုန်းကြီးကျောင်း ကန်ကနေတစ်ဆင့် ရပ်ကွက်မှာ ရေပိုက် ထား ထားပေးပါတယ်။ အဝီစိလည်း တူးလို့မရဘူးလေ” ဟု ရွှေတောင်ရပ်ကွက်နေသူတစ်ဦး ကပြောသည်။

တောင်ကြီးမြို့ စည်ပင်သာယာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များတွင် ရေမီတာဖြင့် ရေပေးဝခြေင်း အပြင် ရေရှားပါးသည့်ရပ်ကွက်များအတွက် အများသုံးရေငုတ်များကိုလည်း လုပ်ဆောင်ပေးထားကြောငး် သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~