တာခ်ီလိတ္တြင္ သႀကၤန္အတြင္း ပိတ္ရက္ေၾကာင့္ မီတာခ ေပးေဆာင္မႈကို မီးလင္းေရးရံုး ႏွစ္ရံုးလံုးမွ ေမလ(၅)ရက္ေန႔အထိ ေနာက္ဆံုး သတ္မွတ္ေပးထား

တာခ်ီလိတ္တြင္ သႀကၤန္အတြင္း ပိတ္ရက္ေၾကာင့္ မီတာခ ေပးေဆာင္မႈကို မီးလင္းေရးရံုး ႏွစ္ရံုးလံုးမွ ေမလ(၅)ရက္ေန႔အထိ ေနာက္ဆံုး သတ္မွတ္ေပးထား
ဧပြီ 24, 2017
By Tachileik News Agency

တာခ်ီလိတ္မီးလင္းေရးရံုး ႏွစ္ရံုးသည္ သႀကၤန္ကာလအတြင္း ပိတ္ရက္မ်ားေၾကာင့္ မတ္လအတြင္း အသံုးျပဳခဲ့ေသာ မီတာခ က်သင့္ေငြမ်ားအား မူလေနာက္ဆံုး သတ္မွတ္ရက္ ျဖစ္သည့္ ဧၿပီလ(၂၅)ရက္ေန႔ အစား ေမလ(၅)ရက္ေန႔အထိ ေပးေဆာင္ႏိုင္ရန္ ရက္တိုးျမႇင့္သတ္မွတ္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ မွ ဆန္ဆိုင္း(ခ)ရပ္ကြက္ မီးလိုင္းမ်ားႏွင့္ သက္ဆိုင္သည့္ တာခ်ီလိတ္ေရႊတိဂံု အဆင္းလမ္းရွိ မီးလင္းေရးရံုးတြင္ မူလသတ္မွတ္ထားသည့္ (၂၅)ရက္ေန႔ ေနာက္ဆံုး အစား ေမလ(၅)ရက္ေန႔အထိ ေပးေဆာင္ႏိုင္မွာ ျဖစ္ေၾကာင္း ႏွင့္ စေန၊ တနဂၤေႏြေန႔မ်ားသည္ ပံုမွန္အတိုင္း ပိတ္ရက္ျဖစ္ေၾကာင္း သိရသည္။

"သႀကၤန္အတြင္းက ပိတ္ရက္ရွည္ျဖစ္ထားတဲ့အတြက္ ကြ်န္ေတာ္တို႔ သတ္မွတ္ထားတဲ့ ရက္အတိုင္းဆိုရင္ လာေဆာင္သူေတြအတြက္ အခက္အခဲ ျဖစ္ေစမွာေၾကာင့္ ဒီလ တစ္လတည္းအတြက္ ေမလ(၅)ရက္ေန႔ ေနာက္ဆံုးထားၿပီး ေပးေဆာင္ႏို္င္ရန္ ရက္ထပ္တိုးေပးထားပါတယ္။"ဟု တာခ်ီလိတ္ေရႊတိဂံု အဆင္းလမ္းရွိ မီးလင္းေရးရံံုး ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးစိုင္းခမ္းမြန္းက ေျပာသည္။

ယခုလို ရက္တိုးျမွင့္ေပးထားမႈသည္ သႀကၤန္ကာလအတြင္းက ပိတ္ရက္ရွည္ေၾကာင့္ ရံုးဖြင့္ခ်ိန္တြင္ မီတာခ လာေရာက္ေပးေဆာင္သူမ်ား မ်ားျပားကာ အခ်ိန္ၾကန္႔ၾကာမႈမ်ား ျဖစ္ေစသည့္အတြက္ ရက္ထပ္တိုးေပးလိုက္ျခင္း ျဖစ္ေၾကာင္း ႏွင့္ ယခု တစ္လတည္းအတြက္သာ ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ရံုးဘက္ကေတာ့ သႀကၤန္ကာလ ပိတ္ရက္ေၾကာင့္ စေန တနဂၤေႏြကို မပိတ္ဘဲနဲ႔ မီတာေဆာင္တာေတြကို လက္ခံေပးခဲ့ပါတယ္။ ဒီလကလည္း သႀကၤန္ပိတ္ရက္ျဖစ္တဲ့အတြက္ ကြ်န္ေတာ္တို႔လည္း ေမလ(၅)ရက္ေန႔အထိ သတ္မွတ္ေပးထားပါတယ္၊ အခုလို ရက္တိုးသတ္မွတ္ေပးမႈက ဒီတလတည္းအတြက္ပါ။" ဟု တာခ်ီလိတ္ မီးလင္းေရးေကာ္မတီ(ရံုးခြဲ)( တာေ၀မီးစက္အတြင္းရွိ ရံုး)မွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ကိုဟိန္းကိုက ေျပာသည္။

တာခ်ီလိတ္ရွိ မီးလင္းေရးရံုးမ်ားတြင္ မီတာခ ေပးေဆာင္မႈကို လစဥ္ (၁၀)ရက္ေန႔မွ စ၍ လစဥ္ (၂၄-၂၅)ရက္ေန႔အထိ ေပးေဆာင္ႏိုင္ၿပီး သတ္မွတ္ရက္ထက္ ေက်ာ္လြန္သြားပါက ဒဏ္ေငြေပးေဆာင္ရျခင္း အျပင္ သတ္မွတ္ရက္ထက္ ပိုမိုေက်ာ္လြန္သြားပါက မီတာသံုးစြဲခြင့္ ေခတၱျဖတ္ေတာက္ထားျခင္းမ်ားကို ျပဳလုပ္သြားရန္အတြက္ စည္းကမ္းမ်ား သတ္မွတ္ထားရွိေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် သင်္ကြန်အတွင်း ပိတ်ရက်ကြောင့် မီတာခ ပေးဆောင်မှုကို မီးလင်းရေးရုံး နှစ်ရုံးလုံးမှ မေလ(၅)ရက်နေ့အထိ နောက်ဆုံး သတ်မှတ်ပေးထား
........

တာချီလိတ်မီးလင်းရေးရုံး နှစ်ရုံးသည် သင်္ကြန်ကာလအတွင်း ပိတ်ရက်များကြောင့် မတ်လအတွင်း အသုံးပြုခဲ့သော မီတာခ ကျသင့်ငွေများအား မူလနောက်ဆုံး သတ်မှတ်ရက် ဖြစ်သည့် ဧပြီလ(၂၅)ရက်နေ့ အစား မေလ(၅)ရက်နေ့အထိ ပေးဆောင်နိုင်ရန် ရက်တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် မှ ဆန်ဆိုင်း(ခ)ရပ်ကွက် မီးလိုင်းများနှင့် သက်ဆိုင်သည့် တာချီလိတ်ရွှေတိဂုံ အဆင်းလမ်းရှိ မီးလင်းရေးရုံးတွင် မူလသတ်မှတ်ထားသည့် (၂၅)ရက်နေ့ နောက်ဆုံး အစား မေလ(၅)ရက်နေ့အထိ ပေးဆောင်နိုင်မှာ ဖြစ်ကြောင်း နှင့် စနေ၊ တနင်္ဂေနွနေ့များသည် ပုံမှန်အတိုင်း ပိတ်ရက်ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်အတွင်းက ပိတ်ရက်ရှည်ဖြစ်ထားတဲ့အတွက် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရက်အတိုင်းဆိုရင် လာဆောင်သူတွေအတွက် အခက်အခဲ ဖြစ်စေမှာကြောင့် ဒီလ တစ်လတည်းအတွက် မေလ(၅)ရက်နေ့ နောက်ဆုံးထားပြီး ပေးဆောင်နို်င်ရန် ရက်ထပ်တိုးပေးထားပါတယ်။"ဟု တာချီလိတ်ရွှေတိဂုံ အဆင်းလမ်းရှိ မီးလင်းရေးရုံး ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက ပြောသည်။

ယခုလို ရက်တိုးမြှင့်ပေးထားမှုသည် သင်္ကြန်ကာလအတွင်းက ပိတ်ရက်ရှည်ကြောင့် ရုံးဖွင့်ချိန်တွင် မီတာခ လာရောက်ပေးဆောင်သူများ များပြားကာ အချိန်ကြန့်ကြာမှုများ ဖြစ်စေသည့်အတွက် ရက်ထပ်တိုးပေးလိုက်ခြင်း ဖြစ်ကြောင်း နှင့် ယခု တစ်လတည်းအတွက်သာ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရုံးဘက်ကတော့ သင်္ကြန်ကာလ ပိတ်ရက်ကြောင့် စနေ တနင်္ဂေနွကို မပိတ်ဘဲနဲ့ မီတာဆောင်တာတွေကို လက်ခံပေးခဲ့ပါတယ်။ ဒီလကလည်း သင်္ကြန်ပိတ်ရက်ဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း မေလ(၅)ရက်နေ့အထိ သတ်မှတ်ပေးထားပါတယ်၊ အခုလို ရက်တိုးသတ်မှတ်ပေးမှုက ဒီတလတည်းအတွက်ပါ။" ဟု တာချီလိတ် မီးလင်းရေးကော်မတီ(ရုံးခွဲ)( တောဝမီးစက်အတွင်းရှိ ရုံး)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းကိုက ပြောသည်။

တာချီလိတ်ရှိ မီးလင်းရေးရုံးများတွင် မီတာခ ပေးဆောင်မှုကို လစဉ် (၁၀)ရက်နေ့မှ စ၍ လစဉ် (၂၄-၂၅)ရက်နေ့အထိ ပေးဆောင်နိုင်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်သွားပါက ဒဏ်ငွေပေးဆောင်ရခြင်း အပြင် သတ်မှတ်ရက်ထက် ပိုမိုကျော်လွန်သွားပါက မီတာသုံးစွဲခွင့် ခေတ္တဖြတ်တောက်ထားခြင်းများကို ပြုလုပ်သွားရန်အတွက် စည်းကမ်းများ သတ်မှတ်ထားရှိကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~