တာခ်ီလိတ္နယ္စပ္တံတားမွ ထုိင္းႏုိင္ငံအဝင္စိစစ္မႈ ပိုမိုျမန္ဆန္ေစရန္ ျမန္မာဘက္ တာဝန္ရိွသူမ်ားက တိုက္တြန္းထား

တာခ်ီလိတ္နယ္စပ္တံတားမွ ထုိင္းႏုိင္ငံအဝင္စိစစ္မႈ ပိုမိုျမန္ဆန္ေစရန္ ျမန္မာဘက္ တာဝန္ရိွသူမ်ားက တိုက္တြန္းထား
ဧပြီ 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္းနယ္စပ္ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)တြင္ ထိုင္းဘက္အျခမ္း ထုိင္းႏုိင္ငံသို႔ အဝင္အတြက္ စစ္ေဆးမႈမ်ား ၾကန္႔ၾကာသျဖင့္ တာခ်ီလိတ္တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈအား ေျဖရွင္းႏိုင္ရန္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာဝန္ရိွသူမ်ားက ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားအား ဧၿပီလ (၂၂)ရက္ေန႔တြင္ တုိက္တြန္းလိုက္ေၾကာင္း သိရသည္။

“အခုဆိုရင္ ထုိင္းဘက္ လဝက တံုးထုတဲ့ပုဂၢိဳလ္က လူဘယ္ေလာက္မ်ားမ်ား တစ္ေယာက္ပဲ ထုတာကိုး။ တစ္ေယာက္ထဲ ထုတဲ့ အခါက်ေတာ့ ကားေတြကရပ္ၿပီးေတာ့ ဒီဘက္မွာယာဥ္ေၾကာေတြ ပိတ္ကုန္တယ္။ ဒါေၾကာင့္ ဒီဘက္က စည္ပင္ကလည္း စစ္ေဆးတယ္။ ခရိုင္လဝကလည္း ဟိုဘက္က ထိုင္းလဝကကို တံဆိပ္တံုးထုတာ ျမန္ျမန္ဆန္ဆန္ ေဆာင္ရြက္ေပးပါဆိုၿပီးေတာ့ ကၽြန္ေတာ္တို႔ဆီကေန သူတို႔ကို အသိထပ္ေပးလိုက္တယ္။ ျမန္မာဘက္ကလည္း မၾကန္႔ၾကာေအာင္ လုပ္ေဆာင္ေပးမယ္။ ထုိင္းဘက္ကလည္း လာတဲ့လူနဲ႔ ညီမွ်တဲ့ ဝန္ေဆာင္မႈေပးတာ နည္းေနတဲ့အတြက္ ျမန္ျမန္ဆန္ဆန္ ေဆာင္ရြက္ေပးဖို႔ တိုက္တြန္းထားပါတယ္”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား(၁)မွ ထိုင္းႏုိင္ငံသို႔ ဝင္ေရာက္သူမ်ားအား ထိုင္းလူဝင္မႈ ႀကီးၾကပ္ေရးဌာနမွ စိစစ္ ခြင့္ျပဳရာတြင္ ထုိင္းႏုိင္ငံသို႔ ေန႔စဥ္သြားလာေနသည့္ လူဦးေရႏွင့္ စိစစ္သည့္ ဝန္ထမ္းဦးေရ မမွ်သျဖင့္ တာခ်ီလိတ္တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား အၿမဲႀကံဳေနရသည္ျဖစ္ရာ အဆိုပါ ကိစၥအား ေျဖရွင္းေပးရန္ တာခ်ီလိတ္ခရိုင္တာဝန္ရိွသူမ်ားက ဧၿပီလ(၂၂)ရက္ေန႔တြင္ ထုိင္းႏုိင္ငံ တာဝန္ရိွသူမ်ားအား ညိႇႏိႈင္းေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီတံတားမွာ ယာဥ္ေၾကာအၿမဲပိတ္ဆို႔ေနေတာ့ ဘယ္လိုေျဖရွင္းေပးလို႔ရမလဲဆိုတာ ကြင္းဆင္းၾကည့္ၿပီး ဒီေန႔ လုပ္လို႔ျဖစ္ႏုိင္ေခ်ရိွတာေလးေတြကို လုပ္ေပးခဲ့တာပါ”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

အဆိုပါ တံတားမွ ေန႔စဥ္ႏွစ္ႏုိင္ငံျဖတ္သန္းသည့္ လူႏွင့္ယာဥ္မ်ားအား ႏွစ္ႏုိင္ငံမွ သက္ဆိုင္ရာဌာနမ်ားက စိစစ္ခြင့္ျပဳေပးေနျခင္းျဖစ္ၿပီး ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသို႔ ဝင္လာသည့္ယာဥ္မ်ားအား သက္ဆိုင္ရာ ဌာနမ်ားမွ ပံုမွန္စစ္ေဆးျခင္းအျပင္ ေရွာင္တခင္စစ္ေဆးျခင္းမ်ားကိုလည္း အခါအားေလ်ာ္စြာ ဆက္လက္လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်နယ်စပ်တံတားမှ ထိုင်းနိုင်ငံအဝင်စိစစ်မှု ပိုမိုမြန်ဆန်စေရန် မြန်မာဘက် တာဝန်ရှိသူများက တိုက်တွန်းထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် ထိုင်းဘက်အခြမ်း ထိုင်းနိုင်ငံသို့ အဝင်အတွက် စစ်ဆေးမှုများ ကြန့်ကြာသဖြင့် တာချီလိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းနိုင်ရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအား ဧပြီလ (၂၂)ရက်နေ့တွင် တိုက်တွန်းလိုက်ကြောင်း သိရသည်။

“အခုဆိုရင် ထိုင်းဘက် လဝက တုံးထုတဲ့ပုဂ္ဂိုလ်က လူဘယ်လောက်များများ တစ်ယောက်ပဲ ထုတာကိုး။ တစ်ယောက်ထဲ ထုတဲ့ အခါကျတော့ ကားတွေကရပ်ပြီးတော့ ဒီဘက်မှာယာဉ်ကြောတွေ ပိတ်ကုန်တယ်။ ဒါကြောင့် ဒီဘက်က စည်ပင်ကလည်း စစ်ဆေးတယ်။ ခရိုင်လဝကလည်း ဟိုဘက်က ထိုင်းလဝကကို တံဆိပ်တုံးထုတာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးပါဆိုပြီးတော့ ကျွန်တော်တို့ဆီကနေ သူတို့ကို အသိထပ်ပေးလိုက်တယ်။ မြန်မာဘက်ကလည်း မကြန့်ကြာအောင် လုပ်ဆောင်ပေးမယ်။ ထိုင်းဘက်ကလည်း လာတဲ့လူနဲ့ ညီမျှတဲ့ ဝန်ဆောင်မှုပေးတာ နည်းနေတဲ့အတွက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား(၁)မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများအား ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနမှ စိစစ် ခွင့်ပြုရာတွင် ထိုင်းနိုင်ငံသို့ နေ့စဉ်သွားလာနေသည့် လူဦးရေနှင့် စိစစ်သည့် ဝန်ထမ်းဦးရေ မမျှသဖြင့် တာချီလိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ အမြဲကြုံနေရသည်ဖြစ်ရာ အဆိုပါ ကိစ္စအား ဖြေရှင်းပေးရန် တာချီလိတ်ခရိုင်တာဝန်ရှိသူများက ဧပြီလ(၂၂)ရက်နေ့တွင် ထိုင်းနိုင်ငံ တာဝန်ရှိသူများအား ညှိနှိုင်းဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

“ဒီတံတားမှာ ယာဉ်ကြောအမြဲပိတ်ဆို့နေတော့ ဘယ်လိုဖြေရှင်းပေးလို့ရမလဲဆိုတာ ကွင်းဆင်းကြည့်ပြီး ဒီနေ့ လုပ်လို့ဖြစ်နိုင်ချေရှိတာလေးတွေကို လုပ်ပေးခဲ့တာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

အဆိုပါ တံတားမှ နေ့စဉ်နှစ်နိုင်ငံဖြတ်သန်းသည့် လူနှင့်ယာဉ်များအား နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာနများက စိစစ်ခွင့်ပြုပေးနခြေင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်လာသည့်ယာဉ်များအား သက်ဆိုင်ရာ ဌာနများမှ ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း အခါအားလျော်စွာ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~