
ဧပွီ 29, 2017
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းအတွင်း ချောင်းအနီးနေ နှစ်နိုင်ငံပြည်သူများက အမှိုက်နှင့် အညစ်အကြေးများ စွန့်ပစ်ခြင်းမပြုရေး အတွက် ပညာပေးလှုံ့ဆော်ခြင်း လုပ်ငန်းများကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ကြရန် (၈၉)ကြိမ်မြောက် မြို့နယ်အဆင့်နယ်ခြားကော်မတီအစည်းအဝေးတွင် ဆွေးနွေးကြောင်း သိရသည်။


မယ်ဆိုင်ချောင်းဘေးတွင်ရှိသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကော်ချန့်အုပ်စုနှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းအနီးနေသူများက ချောင်းအတွင်း အမှိုက်များနှင့် အညစ်အကြေးများ စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများကို ဖြစ်ပေါ်စေပြီး မယ်ဆိုင်မြို့ ကော်ချန့်နယ်မြေ တမံမြောင်းအတွင်း ရေစီးနှင့်အတူ အမှိုက်နှင့်အညစ်အကြေးများ ပါလာတတ်သဖြင့် မယ်ဆိုင်ချောင်းရေ ကောင်းစွာ စီးဆင်းနိုင်ရေး၊ ချောင်းပတ်ဝန်းကျင် သာယာလှပရေးအတွက် မယ်ဆိုင်ချောင်း အနီးနေ ပြည်သူများအား အသိပညာပေးခြင်းကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ထိုင်းဘက်က ဦးစွာတင်ပြခြင်းဖြစ်ကြောင်း သိရသည်။



မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ (၈၉)ကြိမ်မြောက် အစည်းအဝေးအား တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်တွင် ဧပြီလ(၂၇)ရက်နေ့က ကျင်းပရာ ထိုင်း - မြန်မာ နယ်ခြားကော်မတီ (မယ်ဆိုင်)မှ တာဝန်ရှိသူ (၅၈)ဦး တက်ရောက်လာကြောင်းနှင့်  မြန်မာ - ထိုင်းနယ်ခြားကော်မတီ(တာချီလိတ်)ဘက်မှ တာဝန်ရှိသူ (၅)ဦးနှင့် လေ့လာသူများ အပါအ၀င် စုစုပေါင်း(၂၀)ဦးသာ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

သတင်း - ကိုဇောင်း


~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်ချောင်းအတွင်း အမှိုက်ကင်းစင်ရေး မြန်မာ - ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းအတွင်း ချောင်းအနီးနေ နှစ်နိုင်ငံပြည်သူများက အမှိုက်နှင့် အညစ်အကြေးများ စွန့်ပစ်ခြင်းမပြုရေး အတွက် ပညာပေးလှုံ့ဆော်ခြင်း လုပ်ငန်းများကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ကြရန် (၈၉)ကြိမ်မြောက် မြို့နယ်အဆင့်နယ်ခြားကော်မတီအစည်းအေဝးတွင် ဆွေးနွေးကြောင်း သိရသည်။

နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်ရေးအတွက် ထိုင်းနိုင်ငံ နယ်ခြားကော်မတီမှ မြန်မာနိုင်ငံ နယ်ခြားကော်မတီထံ တင်ပြ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ချောင်းဘေးတွင်ရှိသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကော်ချန့်အုပ်စုနှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းအနီးနေသူများက ချောင်းအတွင်း အမှိုက်များနှင့် အညစ်အကြေးများ စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများကို ဖြစ်ပေါ်စပြေီး မယ်ဆိုင်မြို့ ကော်ချန့်နယ်မြေ တမံမြောင်းအတွင်း ရေစီးနှင့်အတူ အမှိုက်နှင့်အညစ်အကြေးများ ပါလာတတ်သဖြင့် မယ်ဆို်င်ချောင်းရေ ကောင်းစွာ စီးဆင်းနိုင်ရေး၊ ချောင်းပတ်ဝန်းကျင် သာယာလှပရေးအတွက် မယ်ဆိုင်ချောင်း အနီးနေ ပြည်သူများအား အသိပညာပေးခြင်းကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ထိုင်းဘက်က ဦးစွာတင်ပြခြင်းဖြစ်ကြောင်း သိရသည်။

ရေရှည်တွင် နှစ်နိုင်ငံပြည်သူများအား ထိခိုက်စေမည့် ညစ်ညမ်းပတ်ဝန်းကျင် မဖြစ်ရန် ကြိုတင်ကာကွယ် ခြင်းများ၊ သက်ဆိုင်ရာများဖြင့် ပူးပေါင်းကာ မယ်ဆိုင်ချောင်းအနီးရှိ နေအိမ်များမှ ပြည်သူများအား ချောင်းအတွင်း အမှိုက်များ မပစ်စေရန်နှင့် အမှိုက်သိမ်းယာဉ်များလာမှသာ စွန့်ပစ်ကြရန် လိုက်လံ ပညာပေး လှုံ့ဆော်ခြင်းများ၊ အမှိုက်များ သိမ်းဆည်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန် မြန်မာနယ်ခြားကော်မတီက ပြန်လည်ဆွေးနွေးကြောင်း သိရသည်။

ဆွေးနွေးပွဲ သဘောတူညီချက်အရ နှစ်နိုင်ငံပြည်သူများအား ချောင်းအတွင်း အမှိုက်များ မစွန့်ပစ်ကြရန် ပညာပေး လှုံ့ဆော်ခြင်းနှင့် တစ်လလျှင် (၁)ကြိမ် ချောင်းအတွင်းရှိ အမှိုက်များအား နှစ်နိုင်ငံပူးပေါင်း၍ ဆယ်ယူ ရှင်းလင်းခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ (၈၉)ကြိမ်မြောက် အစည်းအေဝးအား တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်တွင် ဧပြီလ(၂၇)ရက်နေ့က ကျင်းပရာ ထိုင်း - မြန်မာ နယ်ခြားကော်မတီ (မယ်ဆိုင်)မှ တာဝန်ရှိသူ (၅၈)ဦး တက်ရောက်လာကြောင်းနှင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ(တာချီလိတ်)ဘက်မှ တာဝန်ရှိသူ (၅)ဦးနှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း(၂၀)ဦးသာ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~