၂၁ ရာစုပင္လံုညီလာခံတြင္ ရွမ္းျပည္နယ္မွ တင္သြင္းမည့္ စာတမ္းသံုးေစာင္ ေပးပို႔ေတာ့မည္

၂၁ ရာစုပင္လံုညီလာခံတြင္ ရွမ္းျပည္နယ္မွ တင္သြင္းမည့္ စာတမ္းသံုးေစာင္ ေပးပို႔ေတာ့မည္
ဧပြီ 26, 2017
By Tachileik News Agency

(၂၁)ရာစုပင္လံုညီလာခံတြင္ ရွမ္းျပည္နယ္မွ တင္ျပမည့္ ဖက္ဒရယ္ကို အေျခခံေသာ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ေျမယာက႑ (၃)ရပ္ စာတမ္း(၃)ေစာင္အား ရွမ္းျပည္နယ္ေဒသအလိုက္ နိုင္ငံေရးေဆြးေႏြးပြဲ အတြင္း စာတမ္းေပါင္း (၆၃)ေစာင္ႏွင့္ အၾကံျပဳစာ (၄၅) ေစာင္ကို အဖြဲ႕အစည္း အသီးသီးက တင္ျပထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ ဧၿပီလ (၂၃)ရက္ေန႔မွ (၂၅)ရက္ေန႔အထိ (၃)ရက္တာ က်င္းပသည့္ ေဆြးေႏြးပြဲတြင္ က႑သံုးရပ္အတြက္ အဖြဲ႕အစည္းအသီးသီးမွ စာတမ္းမ်ား တင္သြင္းေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပင္ဆင္ခ်ိန္ (၄) ရက္အတြင္းမွာ အလ်င္အျမန္ လုပ္ရတဲ့အေပၚမွာေတာ့ တက္လာတဲ့စာတမ္းေတြရဲ႕ အေရအတြက္ေရာ၊ အရည္အေသြးေရာ၊ ပညာရွင္ရဲ႕စုစည္းမႈအင္အားေရာ၊ ထြက္လာတဲ့စာတမ္း ၃ ေစာင္ ရဲ႕ အေပၚမွာေတာ့ ကၽြန္ေတာ္တို႔ အေနနဲ႔ ဝမ္းသာအားရမိပါတယ္။ လုပ္ရင္းနဲ႔ေတာ့ စိုးရိမ္မိခဲ့ပါတယ္။ တခ်ဳိ႕စာတမ္းေတြက အခ်ိန္တိုအတြင္းမွာ လုပ္ရတယ္ေျပာေပမယ့္လည္း အံ့ၾသစရာ ေကာင္းေလာက္ ေအာင္ စုစည္းထားတာေတြ ေတြ႕ရပါတယ္။ ေနာက္လာမယ့္ ေဆြးေႏြးပြဲမွာကေတာ့ ဒီထက္ပိုၿပီး အရည္အေသြးျပည္႕မီတဲ႕ စာတမ္းေတြရလာအံုးမွာပါ” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္က ေျပာသည္။

ေဆြးေႏြးပြဲမွ ရရိွသည့္ စာတမ္းမ်ားအား ရွမ္းျပည္နယ္ ေဒသအလိုက္အမ်ိဳးသားအဆင့္နိုင္ငံေရးေဆြးေႏြးပြဲ ျဖစ္ေျမာက္ေရး ဦးစီးေကာ္မတီ ဥကၠ႒ျဖစ္သူ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္အမ်ိဳးသားအဆင့္ နိုင္ငံေရးေဆြးေႏြးပြဲ ႀကီးၾကပ္မႈု ေကာ္မတီထံအပ္ႏွံသြားမည္ျဖစ္ၿပီး ၎မွတစ္ဆင့္ ေနျပည္ေတာ္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနထံ ဆက္လက္ေပးပို႔ကာ ဗဟိုဌာနမွတစ္ဆင့္တူညီသည့္အခ်က္အလက္မ်ား စုစည္းရယူ၍ ၂၁ ရာစု ပင္လုံညီလာခံတြင္ ဆက္လက္တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႕ရဲ႕ အျမင့္ဆံုး ရည္မွန္းခ်က္ကေတာ့ ေဒသဖြံ႕ၿဖိဳးေရးအတြက္ပါပဲ”ဟု စာတမ္းတင္သြင္းခဲ့သည့္ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠဌ ဦး၀င္းေက်ာ္က ေျပာသည္။

ေဆြးေႏြးပြဲအတြင္း နိုင္ငံေရးႏွင့္ သက္ဆိုင္သည့္စာတမ္း (၂၈)ေစာင္၊ ေဆြးေႏြးအႀကံဳျပဳစာ (၂၃) ေစာင္၊ စီးပြားေရးႏွင့္ဆိုင္ေသာ စာတမ္း (၂၇) ေစာင္ႏွင့္ ေဆြးေႏြးအႀကံဳျပဳစာ (၉) ေစာင္၊ ေျမယာႏွင့္ သဘာဝသယံဇာတႏွင့္ဆိုင္ေသာ စာတမ္းေပါင္း အေစာင္ (၃၀) ႏွင့္ေဆြးေႏြးအႀကံဳျပဳစာ (၁၃)ေစာင္တို႔ တင္သြင္းခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႕နိုင္ငံၿငိမ္းခ်မ္းမႈက အေရးႀကီးဆံုးပါပဲ။ တိုင္းရင္းသားအားလံုးတန္းတူ ဖယ္ဒရယ္ကို ေလွ်ာက္လမ္းဖို႔ အဓိကပါပဲ။ စာတမ္းျပဳစုတဲ့ အခ်ိန္မွာကလည္း အခ်ိန္ကနည္းေတာ့ ကၽြန္ေတာ္တို႔ အခြင့္အေရး အမ်ားႀကီး ဆံုးရံႈးပါတယ္။ တိုင္းရင္းသားေတြအားလံုး စုေပါင္းၿပီးေတာ့ ကူညီ ေဆာင္ရြက္ၾကမယ္ ဆိုရင္ေတာ့ အေကာင္းဆံုးရလဒ္ကို ရရွိလာမွာပါ”ဟု မူဆယ္ခရိုင္ ကိုယ္စားျပဳ NLD ဥကၠဌ ဦးေနာ္ေဘာက္ ကေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲသို႔ ျပည္နယ္အစိုးရအဖြဲ႕၊ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕၊ ျပည္နယ္အဆင့္ ဌာနဆိုင္ရာအဖြဲ႕၊ ရွမ္းျပည္နယ္တြင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ (၅)ဖြဲ႕၊ ရွမ္းျပည္နယ္တြင္းမွ ႏုိင္ငံေရးပါတီ (၂၃)ခု၊ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕၊ NCA လက္မွတ္ ေရးထိုးထားသည့္ ရွမ္းျပည္နယ္တြင္း လက္နက္က္ိုင္အဖြဲ႕ (၂)ဖြဲ႕ျဖစ္သည့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ (RCSS)ႏွင့္ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ခ်ဳပ္ (PNLO)၊ ၿမိဳ႕နယ္အလိုက္ စာတမ္းဖတ္ၾကားသူမ်ား အပါအဝင္ စုစုေပါင္း ကိုယ္စားလွယ္ (၄၂၆)ဦး တက္ေရာက္ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~
၂၁ ရာစုပင်လုံညီလာခံတွင် ရှမ်းပြည်နယ်မှ တင်သွင်းမည့် စာတမ်းသုံးစောင် ပေးပို့တော့မည်

(၂၁)ရာစုပင်လုံညီလာခံတွင် ရှမ်းပြည်နယ်မှ တင်ပြမည့် ဖက်ဒရယ်ကို အခြေခံသော နိုင်ငံရေး၊ စီးပွားရေးနှင့် မြေယာကဏ္ဍ (၃)ရပ် စာတမ်း(၃)စောင်အား ရှမ်းပြည်နယ်ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ အတွင်း စာတမ်းပေါင်း (၆၃)စောင်နှင့် အကြံပြုစာ (၄၅) စောင်ကို အဖွဲ့အစည်း အသီးသီးက တင်ပြထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဧပြီလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသည့် ဆွေးနွေးပွဲတွင် ကဏ္ဍသုံးရပ်အတွက် အဖွဲ့အစည်းအသီးသီးမှ စာတမ်းများ တင်သွင်းဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

“ပြင်ဆင်ချိန် (၄) ရက်အတွင်းမှာ အလျင်အမြန် လုပ်ရတဲ့အပေါ်မှာတော့ တက်လာတဲ့စာတမ်းတွေရဲ့ အရေအတွက်ရော၊ အရည်အသွေးရော၊ ပညာရှင်ရဲ့စုစည်းမှုအင်အားရော၊ ထွက်လာတဲ့စာတမ်း ၃ စောင် ရဲ့ အပေါ်မှာတော့ ကျွန်တော်တို့ အနေနဲ့ ဝမ်းသာအားရမိပါတယ်။ လုပ်ရင်းနဲ့တော့ စိုးရိမ်မိခဲ့ပါတယ်။ တချို့စာတမ်းတွေက အချိန်တိုအတွင်းမှာ လုပ်ရတယ်ပြောပေမယ့်လည်း အံ့သြစရာ ကောင်းလောက် အောင် စုစည်းထားတာတွေ တွေ့ရပါတယ်။ နောက်လာမယ့် ဆွေးနွေးပွဲမှာကတော့ ဒီထက်ပိုပြီး အရည်အသွေးပြည့်မီတဲ့ စာတမ်းတွေရလာအုံးမှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောသည်။

ဆွေးနွေးပွဲမှ ရရှိသည့် စာတမ်းများအား ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီထံအပ်နှံသွားမည်ဖြစ်ပြီး၎င်းမှတစ်ဆင့် နပြေည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနထံ ဆက်လက်ပေးပို့ကာ ဗဟိုဌာနမှတစ်ဆင့်တူညီသည့်အချက်အလက်များ စုစည်းရယူ၍ ၂၁ ရာစု ပင်လုံညီလာခံတွင် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ အမြင့်ဆုံး ရည်မှန်းချက်ကတော့ ဒေသဖွံ့ဖြိုးရေးအတွက်ပါပဲ”ဟု စာတမ်းတင်သွင်းခဲ့သည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးဝင်းကျော်က ပြောသည်။

ဆွေးနွေးပွဲအတွင်း နိုင်ငံရေးနှင့် သက်ဆိုင်သည့်စာတမ်း (၂၈)စောင်၊ ဆွေးနွေးအကြုံပြုစာ (၂၃) စောင်၊ စီးပွားရေးနှင့်ဆိုင်သော စာတမ်း (၂၇) စောင်နှင့် ဆွေးနွေးအကြုံပြုစာ (၉) စောင်၊ မြေယာနှင့် သဘာဝသယံဇာတနှင့်ဆိုင်သော စာတမ်းပေါင်း အစောင် (၃၀) နှင့်ဆွေးနွေးအကြုံပြုစာ (၁၃)စောင်တို့ တင်သွင်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းမှုက အရေးကြီးဆုံးပါပဲ။ တိုင်းရင်းသားအားလုံးတန်းတူ ဖယ်ဒရယ်ကို လျှောက်လမ်းဖို့ အဓိကပါပဲ။ စာတမ်းပြုစုတဲ့ အချိန်မှာကလည်း အချိန်ကနည်းတော့ ကျွန်တော်တို့ အခွင့်အရေး အများကြီး ဆုံးရှုံးပါတယ်။ တိုင်းရင်းသားတွေအားလုံး စုပေါင်းပြီးတော့ ကူညီ ဆောင်ရွက်ကြမယ် ဆိုရင်တော့ အကောင်းဆုံးရလဒ်ကို ရရှိလာမှာပါ”ဟု မူဆယ်ခရိုင် ကိုယ်စားပြု NLD ဥက္ကဌ ဦးနော်ဘောက် ကပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့၊ ရှမ်းပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ (၅)ဖွဲ့၊ ရှမ်းပြည်နယ်တွင်းမှ နိုင်ငံရေးပါတီ (၂၃)ခု၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့၊ NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်နယ်တွင်း လက်နက်ကို်င်အဖွဲ့ (၂)ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြို့နယ်အလိုက် စာတမ်းဖတ်ကြားသူများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၄၂၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~