ရွမ္းျပည္နယ္အတြင္း အစားအေသာက္ႏွင့္ေဆးဝါးေဘးအႏၱရာယ္ကင္းရွင္းေရး ဆင့္ပြားပညာေပးျပဳလုပ္မည္

ရွမ္းျပည္နယ္အတြင္း အစားအေသာက္ႏွင့္ေဆးဝါးေဘးအႏၱရာယ္ကင္းရွင္းေရး ဆင့္ပြားပညာေပးျပဳလုပ္မည္
ဧပြီ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း အစားအေသာက္ႏွင့္ ေဆး၀ါးမ်ား ေဘးအႏၱရာယ္ကင္းရွင္းေရး ဆင့္ပြားသင္တန္းမ်ား ပို႔ခ်ႏုိင္ေရး အတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ေဒသခံ သင္တန္းသား (၂၂)ဦးအား ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕တြင္ ပညာေပးေရး စီမံခ်က္သင္တန္း (၅)ရက္တာ ပို႔ခ်ေနေၾကာင္း သိရသည္။

"သင္တန္းက အစားအေသာက္၊ ေဆး၀ါး၊ ေဆးပစၥည္း၊ အလွကုန္ေတြကို ေဘးအႏၱရာယ္ ကင္းရွင္းေရးအတြက္ ေက်းရြာအေရာက္ ပညာေပးေရးစီမံခ်က္သင္တန္းပါ။ ပညာေပးေတြလုပ္နိုင္တာက ၿမိဳ႕ေတြေပၚမွာပဲ လႊမ္းျခံဳမႈမ်ားေတာ့ ေက်းရြာေတြအထိ ကြ်န္ေတာ္တို႔သြားမလုပ္နိုင္ေတာ့ ေတာင္ႀကီးမွာ အခမဲ႕ေခၚၿပီး သင္တန္းပို႔ခ်ျခင္းျဖစ္ပါတယ္။ လားရႈိး၊ က်ဳိင္းတံုခရိုင္မွာရွိတဲ့ ရြာေဒသခံေတြျဖစ္တဲ့ ေစတနာ့ ၀န္ထမ္း လူငယ္ေတြကို ကြ်န္ေတာ္တို႔ ေခၚယူျပီးေတာ့ (၂၆)ရက္ေန႔မွ (၃၀) ရက္ေန႔အထိ သင္တန္း ေခၚေပးတာျဖစ္ပါတယ္။ ရြာေတြမွာ သူတို႔ကေနတစ္ဆင့္ ဆင့္ပြားၿပီးေတာ့ ပညာေပးေျပာျပသြားမွာပါ"ဟု အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဌာနမွ ဦးစီးအရာရွိ ဦးေဝၿဖိဳးေဆြက ေျပာသည္။

(၅)ရက္တာ သင္တန္းတြင္ အစားအေသာက္ဆိုင္ရာသင္တန္း (၂)ရက္၊ ေဆး၀ါးသင္ၾကားမႈအပိုင္း (၁)ရက္၊ ေဆးပစၥည္းအလွကုန္သင္ၾကားမႈ (၁) ရက္ႏွင့္ ေနာက္ဆံုးေန႔တြင္ သင္ၾကားမႈကို ျပန္လည္စိစစ္ျခင္းမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

“ေတာင္ႀကီးကေတာ့ မပါေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ လက္လွမ္းမီတဲ့ေဒသျဖစ္ေနေတာ့ လက္လွမ္းမမီတဲ့ ရွမ္း/ေျမာက္မွာရွိတဲ့ ခရိုင္က၊ ေက်းရြာကလူငယ္ေတြအမ်ားႀကီးပါပါတယ္။ အားလံုးအခမဲ႕ စရိတ္ၿငိမ္းသင္တန္းပါ။ ႏွစ္တိုင္းမြမ္းမံသင္တန္းလုပ္ဖို႕အတြက္ကိုေတာ့ ႀကိဳးစားၿပီးလုပ္သြားမွာပါ” ဟု ဦးစီးအရာရွိ ဦးေဝၿဖိဳးေဆြကေျပာသည္။

အဆိုပါသင္တန္းျဖစ္ေျမာက္ေရးအတြက္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာနဦးေဆာင္၍ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ပညာေရးဦးစီးဌာန၊ ျပည္သူ႕က်န္းမာေရးဦးစီးဌာနတို႕မွ ပူးေပါင္းပါဝင္ ေဆာင္ရြက္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း အစားအသောက်နှင့်ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေး ဆင့်ပွားပညာပေး ပြုလုပ်မည်

ရှမ်းပြည်နယ်အတွင်း အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆင့်ပွားသင်တန်းများ ပို့ချနိုင်ရေး အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဒေသခံ သင်တန်းသား (၂၂)ဦးအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပညာပေးရေး စီမံချက်သင်တန်း (၅)ရက်တာ ပို့ချနေကြောင်း သိရသည်။

"သင်တန်းက အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်တွေကို ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကျေးရွာအရောက် ပညာပေးရေးစီမံချက်သင်တန်းပါ။ ပညာပေးတွေလုပ်နိုင်တာက မြို့တွေပေါ်မှာပဲ လွှမ်းခြုံမှုများတော့ ကျေးရွာတွေအထိ ကျွန်တော်တို့သွားမလုပ်နိုင်တော့ တောင်ကြီးမှာ အခမဲ့ခေါ်ပြီး သင်တန်းပို့ချခြင်းဖြစ်ပါတယ်။ လားရှိုး၊ ကျိုင်းတုံခရိုင်မှာရှိတဲ့ ရွာဒေသခံတွဖြေစ်တဲ့ စေတနာ့ ဝန်ထမ်း လူငယ်တွေကို ကျွန်တော်တို့ ခေါ်ယူပြီးတော့ (၂၆)ရက်နေ့မှ (၃၀) ရက်နေ့အထိ သင်တန်း ခေါ်ပေးတာဖြစ်ပါတယ်။ ရွာတွေမှာ သူတို့ကနေတစ်ဆင့် ဆင့်ပွားပြီးတော့ ပညာပေးပြောပြသွားမှာပါ"ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဦးစီးအရာရှိ ဦးဝဖြေိုးဆွေက ပြောသည်။

(၅)ရက်တာ သင်တန်းတွင် အစားအသောက်ဆိုင်ရာသင်တန်း (၂)ရက်၊ ဆေးဝါးသင်ကြားမှုအပိုင်း (၁)ရက်၊ ဆေးပစ္စည်းအလှကုန်သင်ကြားမှု (၁) ရက်နှင့် နောက်ဆုံးနေ့တွင် သင်ကြားမှုကို ပြန်လည်စိစစ်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“တောင်ကြီးကတော့ မပါသေးပါဘူး။ ဘာလို့လဲဆိုတော့ လက်လှမ်းမီတဲ့ဒေသဖြစ်နေတော့ လက်လှမ်းမမီတဲ့ ရှမ်း/မြောက်မှာရှိတဲ့ ခရိုင်က၊ ကျေးရွာကလူငယ်တွေအများကြီးပါပါတယ်။ အားလုံးအခမဲ့ စရိတ်ငြိမ်းသင်တန်းပါ။ နှစ်တိုင်းမွမ်းမံသင်တန်းလုပ်ဖို့အတွက်ကိုတော့ ကြိုးစားပြီးလုပ်သွားမှာပါ” ဟု ဦးစီးအရာရှိ ဦးဝဖြေိုးဆွေကပြောသည်။

အဆိုပါသင်တန်းဖြစ်မြောက်ရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~