ေရႊစက္ေတာ္ဘုရားသြားသည့္လမ္းပိုင္းမွ ယာယီတံတားအား ကြန္ကရစ္တံတားေျပာင္းလဲ တည္ေဆာက္မည္

ေရႊစက္ေတာ္ဘုရားသြားသည့္လမ္းပိုင္းမွ ယာယီတံတားအား ကြန္ကရစ္တံတားေျပာင္းလဲ တည္ေဆာက္မည္
ဧပြီ 25, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူး/စကုၿမိဳ႕နယ္အတြင္း မန္းေရႊစက္ေတာ္ဘုရားသို႔ သြားသည့္ လမ္းပိုင္းမွ ဘုရားပြဲေတာ္ကာလတြင္သာရိွသည့္ ယာယီတံတားအား ကြန္ကရစ္တံတားေျပာင္းလဲတည္ေဆာက္ရန္ တုိင္းတာမႈမ်ား စတင္ေဆာင္ရြက္ေနေၾကာင္း ေရႊစက္ေတာ္ဘုရားေဂါပက အဖဲြ႔ထံမွ သိရသည္။

“ေရႊစက္ေတာ္ဘုရားကို သြားေရာက္ႏိုင္ဖို႔အတြက္ မိုးတြင္းကာလေတြမွာဆိုရင္ ၃ မိုင္လမ္းမွာရိွတဲ႔ ေလွတင္တံတားကို မလဲြမေသြျဖတ္မွ ေရာက္ပါတယ္။ အဲဒီေလွတင္တံတားက ဘုရားပဲြေတာ္ရာသီအတြက္ ယာယီေဆာက္လုပ္ထားတာမို႔ မိုးတြင္းေရာက္ရင္ သြားလို႔အဆင္မေျပႏိုင္ေတာ႔ပါဘူး။ ဒါေၾကာင္႔ ရာသီမေရြး ဘုရားဖူးလာႏိုင္ၾကဖို႔အတြက္ အခိုင္အမာ ကြန္ကရစ္တံတားတည္ေဆာက္ဖို႔စီမံရတာပါ”ဟု ေရႊစက္ေတာ္ ဘုရားေဂါပက ဥကၠဌ ဦးျမင္႔သိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရွးယခင္က ေျခေတာ္ရာႏွစ္ဆူအား ေရႊစက္ေတာ္ဘုရားပဲြေတာ္ရာသီၿပီးပါက ေျခေတာ္ရာကို သံအုပ္ေဆာင္းျဖင္႔ အုပ္ဆိုင္းထားသျဖင့္ ပြဲေတာ္ရာသီမွလြဲ၍ ဖူးေျမာ္ႏုိင္ျခင္းမရိွသျဖင့္ လြန္ခဲ႔ေသာ (၃)ႏွစ္ခန္႔က သံအုပ္ေဆာင္းအစား ဖန္အုပ္ေဆာင္းျဖင္႔ ေျပာင္းလဲထား၍ အခ်ိန္မေရြးဖူးေျမာ္ခြင္႔ ရရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ မေကြးတိုင္းေဒသႀကီး ေဆာက္လုပ္ေရးဝန္ႀကီးဌာန တံတားအထူးအဖြဲ႕(၅) (ဆိပ္ျဖဴ)က ေလွတင္တံတားေဆာက္လုပ္ဖို႔ ေျမေနရာကုိ နမူနာ စမ္းသပ္စစ္ေဆးေနတာပါ။ တည္ေဆာက္မယ့္ ေနရာအတည္ျပဳၿပီးသြားရင္ ကြန္ကရစ္တံတားကုိ ဘုရားႀကီး ဘ႑ာေငြနဲ႔ ေဆာက္လုပ္ဖို႔ စီမံထားပါတယ္။ ဘ႑ာ ေငြ ဘယ္ေလာက္သုံးစြဲကုန္က်နိင္မလဲဆိုတာေတာ႔ တိတိက်က် တြက္ခ်က္ၿပီးမွ ေျပာႏိုင္မွာပါ”ဟု ဦးျမင့္သိန္းက ေျပာသည္။

အဆိုပါေလွတင္တံတားအား ကြန္ကရစ္တံတားအျဖစ္ တည္ေဆာက္ပါက ေရႊစက္ေတာ္ဘုရားဖူးအျပင္ အနီးဝန္းက်င္ေက်းရြာမ်ားအတြက္ပါ သြားလာေရး လြယ္ကူသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရွှေစက်တော်ဘုရားသွားသည့်လမ်းပိုင်းမှ ယာယီတံတားအား ကွန်ကရစ်တံတားပြောင်းလဲ တည်ဆောက်မည်
..................

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်အတွင်း မန်းရွှေစက်တော်ဘုရားသို့ သွားသည့် လမ်းပိုင်းမှ ဘုရားပွဲတော်ကာလတွင်သာရှိသည့် ယာယီတံတားအား ကွန်ကရစ်တံတားပြောင်းလဲတည်ဆောက်ရန် တိုင်းတာမှုများ စတင်ဆောင်ရွက်နေကြောင်း ရွှေစက်တော်ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

“ရွှေစက်တော်ဘုရားကို သွားရောက်နိုင်ဖို့အတွက် မိုးတွင်းကာလတွေမှာဆိုရင် ၃ မိုင်လမ်းမှာရှိတဲ့ လှေတင်တံတားကို မလွဲမသွဖြေတ်မှ ရောက်ပါတယ်။ အဲဒီလှေတင်တံတားက ဘုရားပွဲတော်ရာသီအတွက် ယာယီဆောက်လုပ်ထားတာမို့ မိုးတွင်းရောက်ရင် သွားလို့အဆင်မပြေနိုင်တော့ပါဘူး။ ဒါကြောင့် ရာသီမရွေး ဘုရားဖူးလာနိုင်ကြဖို့အတွက် အခိုင်အမာ ကွန်ကရစ်တံတားတည်ဆောက်ဖို့စီမံရတာပါ”ဟု ရွှေစက်တော် ဘုရားဂေါပက ဥက္ကဌ ဦးမြင့်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှေးယခင်က ခြေတော်ရာနှစ်ဆူအား ရွှေစက်တော်ဘုရားပွဲတော်ရာသီပြီးပါက ခြေတော်ရာကို သံအုပ်ဆောင်းဖြင့် အုပ်ဆိုင်းထားသဖြင့် ပွဲတော်ရာသီမှလွဲ၍ ဖူးမြော်နိုင်ခြင်းမရှိသဖြင့် လွန်ခဲ့သော (၃)နှစ်ခန့်က သံအုပ်ဆောင်းအစား ဖန်အုပ်ဆောင်းဖြင့် ပြောင်းလဲထား၍ အချိန်မရွေးဖူးမြော်ခွင့် ရရှိနပြေီဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့(၅) (ဆိပ်ဖြူ)က လှေတင်တံတားဆောက်လုပ်ဖို့ မြေနေရာကို နမူနာ စမ်းသပ်စစ်ဆေးနေတာပါ။ တည်ဆောက်မယ့် နေရာအတည်ပြုပြီးသွားရင် ကွန်ကရစ်တံတားကို ဘုရားကြီး ဘဏ္ဍာငွေနဲ့ ဆောက်လုပ်ဖို့ စီမံထားပါတယ်။ ဘဏ္ဍာ ငွေ ဘယ်လောက်သုံးစွဲကုန်ကျနိင်မလဲဆိုတာတော့ တိတိကျကျ တွက်ချက်ပြီးမှ ပြောနိုင်မှာပါ”ဟု ဦးမြင့်သိန်းက ပြောသည်။

အဆိုပါလှေတင်တံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပါက ရွှေစက်တော်ဘုရားဖူးအပြင် အနီးဝန်းကျင်ကျေးရွာများအတွက်ပါ သွားလာရေး လွယ်ကူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~