ခေတ်နှင့်လျော်ညီသည့်မြေယာဥပဒေသစ်တွင် အကြံပြုနိုင်ရန် ရှမ်းပြည်နယ်မှ တာဝန်ရှိသူများ ဆွေးနွေး
ခေတ်နှင့်လျော်ညီသည့်မြေယာဥပဒေသစ်တွင် အကြံပြုနိုင်ရန် ရှမ်းပြည်နယ်မှ တာဝန်ရှိသူများ ဆွေးနွေး
ဧပွီ 4, 2017
By Tachileik News Agency
 မြေယာဥပဒေသုံးခုအား တစ်ခုတည်းအဖြစ် ရေးဆွဲပြဌာန်းနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆွေးနွေး အကြံဥာဏ်ရယူရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွန်ကြားချက်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဧပြီလ(၄)ရက်နေ့ကစတင် ဆွေးနွေးနေကြောင်း သိရသည်။
လက်ရှိကျင့်သုံးနေသည့် ၁၈၇၆ ခုနှစ် မြေနှင့်အခွန်အက်ဥပဒေ၊ ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် စည်းမျဉ်းဥပဒေ နှင့် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ (၃)ခုတို့မှာ ခေတ်နှင့်လျော်ညီခြင်း မရှိသည့် အတွက် ခေတ်နှင့်လျော်ညီသည့် ဥပဒေတစ်ခုတည်းအဖြစ် ရေးဆွဲပြဌာန်းနိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိဥပဒေများတွင် မြေယာနှင့်ပတ်သက်၍ မြေစာရင်း၊ သစ်တောနှင့် သတ္တုကဏ္ဍအလိုက် သီးခြားစီရှိနေပြီး ချိတ်ဆက်မှုအားနည်းသဖြင့် မြေယာပြဿနာများအား ဖြေရှင်းရခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
မြေယာဥပဒေသုံးခုအား တစ်ခုတည်းအဖြစ် ရေးဆွဲပြဌာန်းနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆွေးနွေး အကြံဉာဏ်ရယူရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွန်ကြားချက်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဧပြီလ(၄)ရက်နေ့ကစတင် ဆွေးနွေးနေကြောင်း သိရသည်။
“ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေကနေ မိမိလုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ ပြည်သူတွေ အတွက် တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ဒီဥပဒေတွေကို ဘယ်အပိုဒ်မှာ ပြုပြင်သင့်လည်းစတဲ့ ပြောင်းလဲသင့်တာတွေကို ဖော်ထုတ်မှာဖြစ်ပါတယ်။ ဖော်ထုတ်ရရှိတဲ့ ဟာကို အစီရင်ခံစာ သဘောမျိုးရေးသားပြီး ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အတွင်းရှိ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တိုင်း/ဒေသ အတွင်းရေးမှူးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက နှစ်ရက်တာ ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်များကို ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အစီရင်ခံ တင်ပြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကျင့်သုံးနေသည့် ၁၈၇၆ ခုနှစ် မြေနှင့်အခွန်အက်ဥပဒေ၊ ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် စည်းမျဉ်းဥပဒေ နှင့် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ (၃)ခုတို့မှာ ခေတ်နှင့်လျော်ညီခြင်း မရှိသည့် အတွက် ခေတ်နှင့်လျော်ညီသည့် ဥပဒေတစ်ခုတည်းအဖြစ် ရေးဆွဲပြဌာန်းနိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။
“ခေတ်နဲ့မကိုက်ညီတော့တဲ့ ဥပဒေတွဖြေစ်တဲ့အတွက် အချို့ကိစ္စတွေမှာ အစိုးရအဖွဲ့ဝင်တွေရော၊ ဝန်ထမ်းတွေရော ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ပြည်သူတွေအတွက် အခက်အခဲဖြစ်သလို ဝန်ထမ်းတွေမှာလည်း အခက်အခဲ ဖြစ်တယ်။ ပြည်သူတွေကို မြေယာဥပဒေနဲ့အညီ အကျိုးခံစားခွင့်တွေ ရရှိအောင် လွယ်လွယ်ကူကူနဲ့ ရုံးလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် အခက်အခဲမရှိအောင်လို့ မြေယာဥပဒေကို ပြုပြင်ဖို့ လိုအပ်ပါတယ်”ဟု ဦးစိုးစိုးဇော်က ပြောသည်။
လက်ရှိဥပဒေများတွင် မြေယာနှင့်ပတ်သက်၍ မြေစာရင်း၊ သစ်တောနှင့် သတ္တုကဏ္ဍအလိုက် သီးခြားစီရှိနပြေီး ချိတ်ဆက်မှုအားနည်းသဖြင့် မြေယာပြဿနာများအား ဖြေရှင်းရခက်ခဲနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~