မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ကားႏွင့္ဆုိင္ကယ္ မ်က္ႏွာခ်င္းဆိုင္ေရွာင္တိမ္းရာမွ ဆုိင္ကယ္ေမွာက္၍ တစ္ဦးေသ

မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ကားႏွင့္ဆုိင္ကယ္ မ်က္ႏွာခ်င္းဆိုင္ေရွာင္တိမ္းရာမွ ဆုိင္ကယ္ေမွာက္၍ တစ္ဦးေသ
ဧပြီ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္ တာေက်ာက္ေက်းရြာႏွင့္ စြပ္ပေလာင္း ေက်းရြာၾကားတြင္ ဧၿပီလ (၁၆) ရက္ သႀကၤန္အတက္ေန႔ နံနက္က ယာဥ္ငယ္တစ္စီးႏွင့္  ဆိုင္ကယ္ တစ္စီးတို႔ မ်က္ႏွာခ်င္းဆိုင္ ေရွာင္တိမ္းရာမွ ဆုိင္ကယ္လဲက်ၿပီး ဆိုင္ကယ္ေမာင္းႏွင္သည့္ လူငယ္တစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

ဧၿပီလ (၁၆)ရက္ေန႔ နံနက္ (၁၁)နာရီ (၂၀)မိနစ္ခန္႔တြင္ ယာဥ္တုိက္မႈသတင္းအရ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူမ်ားက သြားေရာက္စစ္ေဆးရာ အခင္းျဖစ္ေနရာတြင္ တာခ်ီလိတ္ဘက္မွ က်ိဳင္းတံုဘက္သို႔ ခရီးသည္ (၅)ဦး တင္ေဆာင္ ေမာင္းႏွင္လာသည့္  စူပါကတ္စ္တန္ယာဥ္ႏွင့္  က်ိဳင္းတံုဘက္မွ တာခ်ီလိတ္ဘက္သို႔ အသက္(၂၀)ေက်ာ္အရြယ္ အိိက် ေမာင္းႏွင္လာသည့္ ဆိုင္ကယ္တို႔ တိမ္းေရွာင္ၾကစဥ္ ဆိုင္ကယ္သည္ ေမာ္ေတာ္ယာဥ္၏ ဝဲဘက္သို႔ လဲက်တိမ္းေမွာက္သြားၿပီး ဆိုင္ကယ္ေမာင္းႏွင္သူမွာ အခင္းျဖစ္ပြားရာ ေနရာတြင္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္မဆင္မျခင္ ေမာင္းႏွင္သူ ခရီးသည္တင္ယာဥ္ေမာင္း စစ္ႏုိင္ႏွင့္ ဆုိင္ကယ္ေမာင္းႏွင္သူ အိက်တို႔အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၉/၂၀၁၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈/၃၀၄(က)တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် တာကျောက်ကျေးရွာနှင့် စွပ်ပလောင်း ကျေးရွာကြားတွင် ဧပြီလ (၁၆) ရက် သင်္ကြန်အတက်နေ့ နံနက်က ယာဉ်ငယ်တစ်စီးနှင့် ဆိုင်ကယ် တစ်စီးတို့ မျက်နှာချင်းဆိုင် ရှောင်တိမ်းရာမှ ဆိုင်ကယ်လဲကျပြီး ဆိုင်ကယ်မောင်းနှင်သည့် လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဧပြီလ (၁၆)ရက်နေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်ခန့်တွင် ယာဉ်တိုက်မှုသတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာတွင် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ ခရီးသည် (၅)ဦး တင်ဆောင် မောင်းနှင်လာသည့် စူပါကတ်စ်တန်ယာဉ်နှင့် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ အသက်(၂၀)ကျော်အရွယ် အိကျ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ တိမ်းရှောင်ကြစဉ် ဆိုင်ကယ်သည် မော်တော်ယာဉ်၏ ဝဲဘက်သို့ လဲကျတိမ်းမှောက်သွားပြီး ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ခရီးသည်တင်ယာဉ်မောင်း စစ်နိုင်နှင့် ဆိုင်ကယ်မောင်းနှင်သူ အိကျတို့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄(က)တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~