Update News

ေရပူစစ္ေဆးေရးဂိတ္တြင္ ပံုမွန္စစ္ေဆးမႈအျပင္ ေရွာင္တခင္ စစ္ေဆးျခင္းကိုပါ လုပ္ေဆာင္ေန


မႏၱေလး - မူဆယ္ကုန္သြယ္ေရးလမ္းပိုင္းတြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္မွ ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္အား ေစာင့္ၾကည့္၍ တရားမဝင္ ကုန္တင္ယာဥ္မ်ား ျဖတ္သန္းႏိုင္ေစရန္ ေငြေၾကးရသူ သတင္းေပးသူမ်ားရိွေနသျဖင့္ ေရွာင္တခင္စစ္ေဆးသည့္နည္းလမ္းကို စတင္အသံုးျပဳေနေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔စခန္းမွာ အဓိက စိန္ေခၚမႈတစ္ခုျဖစ္ေနတာက စခန္းကိုေစာင့္ၾကည့္ၿပီးေတာ့ ကားေတြကို သြားပါ လာပါဆိုၿပီး လုပ္ကိုင္ေနတဲ့သူေတြဟာ အမ်ားႀကီးရွိေနတယ္။ အဲဒီနည္းလမ္းကို ေက်ာ္လႊားႏိုင္ဖို႔ အတြက္က မထင္မွတ္တဲ့အခ်ိန္ ဒီလမ္းေၾကာင္းေပၚမွာ အကုန္ပိတ္ဖမ္းတဲ့နည္းလမ္းပဲ က်န္ေတာ့တယ္”ဟု ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္မွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါနည္းလမ္းအသံုးျပဳဖမ္းဆီးရာ ဧၿပီလ ၂၅ ရက္ေန႔ ည(၉)နာရီခန္႔က ေရပူစစ္ေဆးေရးဂိတ္ႏွင့္ တစ္မိုင္ခြဲခန္႔အကြာ လားရိႈးႏွင့္ ေရပူဂိတ္ၾကားတြင္ ႏြား(၂၃ )ေကာင္စီ တင္ေဆာင္လာသည့္ ကားႏွစ္စီးမွာ အေထာက္အထားခို္င္လံုစြာ ျပသႏိုင္ျခင္းမရိွေၾကာင္း စစ္ေဆးေတြ႔ရွိရသျဖင့္ ေခတၱထိန္းသိမ္းထားေၾကာင္း သိရသည္။

“အဲဒီကားႏွစ္စီးက လမ္းက်ဥ္းက်ဥ္းမွာ မရမက ျပန္လွည့္ေနတာကို သတင္းရတယ္။ ကြ်န္ေတာ္တို႔ကလည္း လမ္းေၾကာင္းေပၚမွာပိတ္ၿပီး ဖမ္းတဲ့အခါမွာ ဘယ္ကားေတြ ရပ္သြားတယ္။ ျပန္ေကြ႔ေနတယ္ဆိုတာကို လိုက္ ၿပီးၾကည့္တဲ့ကားႏွစ္စီးနဲ႔ ဝန္ထမ္းေတြကို လမ္းေၾကာေပၚမွာလႊတ္ထားတယ္။ အဲဒီမွာႏြားေတြတင္လာတဲ့ ကားႏွစ္စီးျပန္လွည့္ေနတာကို မိတာျဖစ္ပါတယ္ “ဟု ဦးတက္ထြန္းေအာင္က ေျပာသည္။

အဆိုပါ ကား(၂)စီးႏွင့္ ႏြား(၄၆)ေကာင္အား ေရပူစစ္ေဆးေရးဂိတ္ရွိရာသို႔ ေခၚေဆာင္လာခဲ့ၿပီး စစ္ေဆးေရး ႏွင့္သက္ဆိုင္သည့္အဖြဲ႔မွ စစ္ေဆးရာ ႏြားမ်ားအား သယ္ေဆာင္ရန္ ခြင့္ျပဳမိန္႔မပါဘဲ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရွိရသျဖင့္ ယာဥ္ႏွစ္စီးေပၚပါ အမ်ိဳးသား (၆) ဦးႏွင့္ ႏြားမ်ားအား စခန္းတြင္ ေခတၱထိန္းသိမ္းထားျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~
ရေပူစစ်ဆေးရေးဂိတ်တွင် ပုံမှန်စစ်ဆေးမှုအပြင် ရှောင်တခင်စစ်ဆေးခြင်းကိုပါ လုပ်ဆောင်နေ


မန္တလေး - မူဆယ်ကုန်သွယ်ရေးလမ်းပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်မှ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်အား စောင့်ကြည့်၍ တရားမဝင် ကုန်တင်ယာဉ်များ ဖြတ်သန်းနိုင်စေရန် ငွေကြေးရသူ သတင်းပေးသူများရှိနေသဖြင့် ရှောင်တခင်စစ်ဆေးသည့်နည်းလမ်းကို စတင်အသုံးပြုနေကြောင်း သိရသည်။

“ကျွန်တော်တို့စခန်းမှာ အဓိက စိန်ခေါ်မှုတစ်ခုဖြစ်နေတာက စခန်းကိုစောင့်ကြည့်ပြီးတော့ ကားတွေကို သွားပါ လာပါဆိုပြီး လုပ်ကိုင်နေတဲ့သူတွေဟာ အများကြီးရှိနေတယ်။ အဲဒီနည်းလမ်းကို ကျော်လွှားနိုင်ဖို့ အတွက်က မထင်မှတ်တဲ့အချိန် ဒီလမ်းကြောင်းပေါ်မှာ အကုန်ပိတ်ဖမ်းတဲ့နည်းလမ်းပဲ ကျန်တော့တယ်”ဟု ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါနည်းလမ်းအသုံးပြုဖမ်းဆီးရာ ဧပြီလ ၂၅ ရက်နေ့ ည(၉)နာရီခန့်က ရေပူစစ်ဆေးရေးဂိတ်နှင့် တစ်မိုင်ခွဲခန့်အကွာ လားရှိုးနှင့် ရေပူဂိတ်ကြားတွင် နွား(၂၃ )ကောင်စီ တင်ဆောင်လာသည့် ကားနှစ်စီးမှာ အထောက်အထားခို်င်လုံစွာ ပြသနိုင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခေတ္တထိန်းသိမ်းထားကြောင်း သိရသည်။

“အဲဒီကားနှစ်စီးက လမ်းကျဉ်းကျဉ်းမှာ မရမက ပြန်လှည့်နေတာကို သတင်းရတယ်။ ကျွန်တော်တို့ကလည်း လမ်းကြောင်းပေါ်မှာပိတ်ပြီး ဖမ်းတဲ့အခါမှာ ဘယ်ကားတွေ ရပ်သွားတယ်။ ပြန်ကွေ့နေတယ်ဆိုတာကို လိုက် ပြီးကြည့်တဲ့ကားနှစ်စီးနဲ့ ဝန်ထမ်းတွေကို လမ်းကြောပေါ်မှာလွှတ်ထားတယ်။ အဲဒီမှာနွားတွေတင်လာတဲ့ ကားနှစ်စီးပြန်လှည့်နေတာကို မိတာဖြစ်ပါတယ် “ဟု ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ ကား(၂)စီးနှင့် နွား(၄၆)ကောင်အား ရေပူစစ်ဆေးရေးဂိတ်ရှိရာသို့ ခေါ်ဆောင်လာခဲ့ပြီး စစ်ဆေးရေး နှင့်သက်ဆိုင်သည့်အဖွဲ့မှ စစ်ဆေးရာ နွားများအား သယ်ဆောင်ရန် ခွင့်ပြုမိန့်မပါဘဲ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်နှစ်စီးပေါ်ပါ အမျိုးသား (၆) ဦးနှင့် နွားများအား စခန်းတွင် ခေတ္တထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::