ေရနံေခ်ာင္းႏွင့္ နတ္ေမာက္ ပင္းေခ်ာင္းသာတို႔တြင္ သႀကၤန္လည္ပတ္သူ ယခင္ႏွစ္ထက္ မ်ားျပားလာ

ေရနံေခ်ာင္းႏွင့္ နတ္ေမာက္ ပင္းေခ်ာင္းသာတို႔တြင္ သႀကၤန္လည္ပတ္သူ ယခင္ႏွစ္ထက္ မ်ားျပားလာ
ဧပြီ 16, 2017
By Tachileik News Agency

မေကြးၿမိဳ႕တြင္ သႀကၤန္မ႑ပ္မရိွသျဖင့္ ေျမလတ္ေခ်ာင္းသာဟု တင္စားေခၚေဝၚေနၾကသည့္ ပင္းေခ်ာင္းအား ျဖတ္ကူးထားသည့္ ေရနံေခ်ာင္းၿမိဳ႕ရိွ သံုးဆယ့္ေျခာက္တံတားႏွင့္ နတ္ေမာက္ၿမိဳ႕ရိွ နတ္ေမာက္ - ၿမိဳ႕သစ္တံတားတို႔တြင္ သၾကၤန္လည္ပတ္သူမ်ားျဖင့္ အထူးစည္ကားေနေၾကာင္း သိရသည္။

“ေရနံေခ်ာင္း သံုးဆယ့္ေျခာက္တံတား ပင္းေခ်ာင္းသာကေတာ႔ ေႏြရာသီမွာ အထူးသျဖင္႔ ေရႊ စက္ေတာ္ ဘုရားပဲြေတာ္ရာသီနဲ႔ သၾကၤန္တြင္းေတြမွာဆိုရင္ အပန္းေျဖသူေတြနဲ႔ အထူးစည္ကားပါတယ္။ ဒီႏွစ္သၾကၤန္က မေကြးမွာမ႑ပ္ေတြသိပ္မရိွေတာ႔ ဒီႏွစ္ ဒီမွာပိုၿပီးစည္ေနတယ္”ဟု ေရနံေခ်ာင္းေဒသခံ တစ္ဦးျဖစ္သူ ကိုေအာင္သက္ပိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပင္းေခ်ာင္းတစ္ေလွ်ာက္ ေရနံေခ်ာင္းၿမိဳ႕ သံုးဆယ္႔ေျခာက္တံတားႏွင့္ နတ္ေမာက္ၿမိဳ႕ နတ္ေမာက္-ၿမိဳ႕သစ္တံတားေနရာတို႔အား ေျမလတ္ေခ်ာင္းသာဟု ေခၚၾကျခင္းျဖစ္ၿပီး နတ္ေမာက္ၿမိဳ႕ရိွ ပင္းေခ်ာင္းသာတြင္ ပို၍စည္ကားေၾကာင္း သိရသည္။

“နတ္ေမာက္ေခ်ာင္းသာက က်န္တဲ႔အခ်ိန္ေတြထက္ သၾကၤန္တြင္းဆိုရင္ အပန္းေျဖေရကစားသူေတြနဲ႔ အထူးစည္ကားတာေၾကာင္႔ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီနဲ႔ စနစ္တက် ထိန္းသိမ္း ေစာင္႔ေရွာက္ေပးထားရပါတယ္”ဟု စည္းကမ္းထိန္းသိမ္းေရးေကာ္မတီဝင္တစ္ဦးက ေျပာသည္။

ေရနံေခ်ာင္း သံုးဆယ့္ ေျခာက္တံတားပင္းေခ်ာင္းသာႏွင္႔ နတ္ေမာက္ - ၿမိဳ႕သစ္ တံတား ပင္းေခ်ာင္းသာတို႔တြင္ သာယာလွပေသာပတ္ဝန္းက်င္ႏွင့္ ေဒသထြက္စားေသာက္ဖြယ္ရာမ်ား ေရာင္းခ်သည့္ စားေသာက္ဆိုင္မ်ားလည္းရိွသျဖင့္ မေကြး၊ နတ္ေမာက္၊ ေရနံေခ်ာင္း၊ ၿမိဳ႕သစ္ ႏွင္႔ ဝန္းက်င္ေက်းရြာမ်ားမွ သြားေရာက္လည္ပတ္ၾကျခင္းျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့တွင် သင်္ကြန်မဏ္ဍပ်မရှိသဖြင့် မြေလတ်ချောင်းသာဟု တင်စားခေါ်ဝေါ်နကြေသည့် ပင်းချောင်းအား ဖြတ်ကူးထားသည့် ရေနံချောင်းမြို့ရှိ သုံးဆယ့်ခြောက်တံတားနှင့် နတ်မောက်မြို့ရှိ နတ်မောက် - မြို့သစ်တံတားတို့တွင် သင်္ကြန်လည်ပတ်သူများဖြင့် အထူးစည်ကားနေကြောင်း သိရသည်။

“ရေနံချောင်း သုံးဆယ့်ခြောက်တံတား ပင်းချောင်းသာကတော့ နွေရာသီမှာ အထူးသဖြင့် ရွှေ စက်တော် ဘုရားပွဲတော်ရာသီနဲ့ သင်္ကြန်တွင်းတွေမှာဆိုရင် အပန်းဖြေသူတွေနဲ့ အထူးစည်ကားပါတယ်။ ဒီနှစ်သင်္ကြန်က မကွေးမှာမဏ္ဍပ်တွေသိပ်မရှိတော့ ဒီနှစ် ဒီမှာပိုပြီးစည်နေတယ်”ဟု ရေနံချောင်းဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်သက်ပိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပင်းချောင်းတစ်လျှောက် ရေနံချောင်းမြို့ သုံးဆယ့်ခြောက်တံတားနှင့် နတ်မောက်မြို့ နတ်မောက်-မြို့သစ်တံတားနေရာတို့အား မြေလတ်ချောင်းသာဟု ခေါ်ကြခြင်းဖြစ်ပြီး နတ်မောက်မြို့ရှိ ပင်းချောင်းသာတွင် ပို၍စည်ကားကြောင်း သိရသည်။

“နတ်မောက်ချောင်းသာက ကျန်တဲ့အချိန်တွေထက် သင်္ကြန်တွင်းဆိုရင် အပန်းဖြေရေကစားသူတွေနဲ့ အထူးစည်ကားတာကြောင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီနဲ့ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ပေးထားရပါတယ်”ဟု စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်တစ်ဦးက ပြောသည်။

ရေနံချောင်း သုံးဆယ့် ခြောက်တံတားပင်းချောင်းသာနှင့် နတ်မောက် - မြို့သစ် တံတား ပင်းချောင်းသာတို့တွင် သာယာလှပသောပတ်ဝန်းကျင်နှင့် ဒေသထွက်စားသောက်ဖွယ်ရာများ ရောင်းချသည့် စားသောက်ဆိုင်များလည်းရှိသဖြင့် မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ မြို့သစ် နှင့် ဝန်းကျင်ကျေးရွာများမှ သွားရောက်လည်ပတ်ကြခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~