ရွမ္းျပည္နယ္ေဒသအလိုက္ အမ်ဳိးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲအား ေခါင္းစဥ္(၃)ခုစီျဖင့္ ေတာင္ႀကီးၿမိဳ႕တြင္ (၃)ရက္တိုင္တိုင္ က်င္းပမည္

ရွမ္းျပည္နယ္ေဒသအလိုက္ အမ်ဳိးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲအား ေခါင္းစဥ္(၃)ခုစီျဖင့္ ေတာင္ႀကီးၿမိဳ႕တြင္ (၃)ရက္တိုင္တိုင္ က်င္းပမည္
ဧပြီ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေဒသအလိုက္ အမ်ဳိးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲအား ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပျပဳလုပ္ရန္အတြက္ လုပ္ငန္းညႇိႏႈိင္းအစည္းအေ၀းကို ေတာင္ႀကီး ဟိုတယ္တြင္ ဧၿပီလ(၂၁)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာ ေဆြးေႏြးပြဲတြင္ စာတမ္းဖတ္ျခင္းကို တစ္ဖြဲ႔လွ်င္ ေခါင္းစဥ္ (၃)ခုစီျဖင့္ (၃)ရက္တိုင္တိုင္ ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

"ဒီစာတမ္းဖတ္ပြဲမွာက ေခါင္းစဥ္ (၃)ခုနဲ႔ ဖတ္မွာပါ။ (၁)အခ်က္ ဖယ္ဒရယ္ကို အေျခခံေသာ ႏိုင္ငံေရး၊ (၂) ဖယ္ဒရယ္ကို အေျခခံေသာစီးပြားေရး၊ (၃) ဖယ္ဒရယ္ကို အေျခခံေသာ ေျမယာႏွင့္သံယဇာတဆိုင္ရာ မူ၀ါဒကိစၥဆိုၿပီး ေခါင္းစဥ္ (၃)ခုနဲ႔ ဖတ္သြားမွာပါ။ ဖိတ္ၾကားထားတာကေတာ့ လက္ရွိ စာရင္းအရ (၄၂၆)ဦးရွိပါတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသက အဖြဲ႔(၅)ဖြဲ႔ ဖိတ္ထားတယ္။ (၅)ဖြဲ႔မွာက ဥကၠဌ၊ အတြင္းေရးမွဴး၊ အဖြဲ႔၀င္ဆိုၿပီး (၃)ဦးစီ ဖိတ္ထားတာပါ။ ရွမ္းျပည္နယ္အဆင့္ အမ်ဳိးသားႏိုင္ငံေရးေဆြးေႏြးပဲြက ေမလမွာ က်င္းပမယ့္ ၂၁ ရာစု ပင္လံု ညီလာခံအတြက္ ႀကိဳတင္လုပ္တဲ့ အစည္းအေ၀းျဖစ္ပါတယ္။ ဧၿပီလ(၂၃)ရက္မွ (၂၅)ရက္ေန႔အထိ လုပ္မယ္။ ပထမေန႔က ဖြင့္ပြဲလုပ္မယ္၊ ၿပီးရင္ ကိုယ္ပိုင္စာတမ္းဖတ္မယ္၊ (၂၅)ရက္ေန႔မွာ စာတမ္းေတြကုန္သြားရင္ စာတမ္းရဲ႕ အႏွစ္ခ်ဳပ္ေတြ ဖတ္ၿပီး ပိတ္ပြဲ အခမ္းအနား လုပ္သြားမွာပါ"ဟု ယင္းအခမ္းအနား၏ ဖိတ္ၾကားေရး၊ ႀကိဳဆိုေရးႏွင့္ တည္းခိုေရး ေကာ္မတီ ဥကၠဌ၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္းက ေျပာသည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္အတြင္းရွိ ႏိုင္ငံေရးပါတီမ်ားႏွင့္ လက္နက္ကိုင္ အဖြဲ႔အစည္း မ်ားကိုလည္း ဖိတ္ႀကားထားေၾကာင္း သိရသည္။

"ႏိုင္ငံေရးပါတီေတြကို အကုန္လံုး ဖိတ္ထားပါတယ္။ ရွမ္းျပည္မွာက ပါတီေပါင္း (၂၃)ခု ရွိတယ္။ ပါတီတစ္ခုကို (၃)ဦး ႏႈန္းနဲ႕ ဖိတ္ပါတယ္။ မေန႔ကမွ စလုပ္ရေတာ့ ဖိတ္စာကေတာ့ မပို႔နိုင္ေသးဘူး။ ဒီေရာက္မွ ဖိတ္စာ နဲ႕ လံုျခံဳေရးကတ္ ကို တစ္ခါတည္း ေပးသြားမွာပါ။ ဖုန္းနဲ႕အရင္ ဖိတ္ထားပါတယ္။ လက္နက္ကိုင္အဖြဲ႕ကိုေတာ့ (၂)ဖြဲ႕ ဖိတ္ထားပါတယ္။ RCSS (သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ/သွ်မ္းျပည္တပ္မေတာ္) နဲ႕ PNLO ( ပအို၀္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ ) အဖြဲ႕ပါ ။ သူတို႕ကို တစ္ဖြဲ႕ ၁၀ ေယာက္ ႏႈန္းနဲ႕ ဖိတ္ထားပါတယ္။ ဒါက NCA(အန္္စီေအ) လမ္းေၾကာင္းအတိုင္း သြားတာ ဆိုေတာ့ အန္စီေအ လက္မွတ္ထိုးထားတဲ့အဖြဲ႕ကိုပဲ ဖိတ္ထားပါတယ္။"ဟု ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း က ေျပာသည္။

ရွမ္းျပည္နယ္ေဒသအလိုက္ အမ်ဳိးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲသို႔ အဖြဲ႔(၁၀)ဖြဲ႔ တက္ေရာက္မည္ျဖစ္ရာ အဆိုပါ အဖြဲ႔(၁၀)ဖြဲ႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႔၊ တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႔၊ နိုင္ငံေရးပါတီမ်ား၊ စီအက္စ္အိုမ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာ၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ား၊ ၿမိဳ႕နယ္အလိုက္စာတမ္းဖတ္သူမ်ား၊ စာေပႏွင့္ယဥ္ေက်းမႈ၊ တိုင္းတစ္တိုင္းစီရွိ ကိုယ္စားလွယ္မ်ား ပါ၀င္မွာ ျဖစ္ေၾကာင္း သိရသည္။

အမ်ဳိးသားအဆင့္နိုင္ငံေရးေဆြးေႏြးပြဲ က်င္းပျပဳလုပ္ႏိုင္ရန္အတြက္ ဧၿပီလ(၂၁)ရက္ေန႔ နံနက္ပိုင္းက လုပ္ငန္းညႇိႏႈိင္းေဆြးေႏြးပြဲ ျပဳလုပ္ရာ အစည္းအေ၀းသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး ၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္၀န္ႀကီးမ်ား၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ ဒုတိယဥကၠဌ ဦးသိန္းေဇာ္၊ ရွမ္းျပည္နယ္ေဒသအလိုက္ အမ်ဳိးသားအဆင့္ႏိုင္ငံေရး ေဆြးေႏြးပြဲ ျဖစ္ေျမာက္ေရးေကာ္မတီမ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကသည္။

ရွမ္းျပည္နယ္ေဒသအလိုက္ အမ်ဳိးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲကို ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ၂၀၁၇ခုႏွစ္ ဧၿပီလ(၂၃)ရက္ေန႔မွ ဧၿပီလ(၂၅)ရက္ေန႔အထိ နံနက္(၉)နာရီမွ ညေန(၄)နာရီခြဲအခ်ိန္အတြင္း က်င္းပျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအေဝးကို တောင်ကြီး ဟိုတယ်တွင် ဧပြီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲတွင် စာတမ်းဖတ်ခြင်းကို တစ်ဖွဲ့လျှင် ခေါင်းစဉ် (၃)ခုစီဖြင့် (၃)ရက်တိုင်တိုင် ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

"ဒီစာတမ်းဖတ်ပွဲမှာက ခေါင်းစဉ် (၃)ခုနဲ့ ဖတ်မှာပါ။ (၁)အချက် ဖယ်ဒရယ်ကို အခြေခံသော နိုင်ငံရေး၊ (၂) ဖယ်ဒရယ်ကို အခြေခံသောစီးပွားရေး၊ (၃) ဖယ်ဒရယ်ကို အခြေခံသော မြေယာနှင့်သံယဇာတဆိုင်ရာ မူဝါဒကိစ္စဆိုပြီး ခေါင်းစဉ် (၃)ခုနဲ့ ဖတ်သွားမှာပါ။ ဖိတ်ကြားထားတာကတော့ လက်ရှိ စာရင်းအရ (၄၂၆)ဦးရှိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အဖွဲ့(၅)ဖွဲ့ ဖိတ်ထားတယ်။ (၅)ဖွဲ့မှာက ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်ဆိုပြီး (၃)ဦးစီ ဖိတ်ထားတာပါ။ ရှမ်းပြည်နယ်အဆင့် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲက မေလမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံအတွက် ကြိုတင်လုပ်တဲ့ အစည်းအေဝးဖြစ်ပါတယ်။ ဧပြီလ(၂၃)ရက်မှ (၂၅)ရက်နေ့အထိ လုပ်မယ်။ ပထမနေ့က ဖွင့်ပွဲလုပ်မယ်၊ ပြီးရင် ကိုယ်ပိုင်စာတမ်းဖတ်မယ်၊ (၂၅)ရက်နေ့မှာ စာတမ်းတွေကုန်သွားရင် စာတမ်းရဲ့ အနှစ်ချုပ်တွေ ဖတ်ပြီး ပိတ်ပွဲ အခမ်းအနား လုပ်သွားမှာပါ"ဟု ယင်းအခမ်းအနား၏ ဖိတ်ကြားရေး၊ ကြိုဆိုရေးနှင့် တည်းခိုရေး ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

"နိုင်ငံရေးပါတီတွေကို အကုန်လုံး ဖိတ်ထားပါတယ်။ ရှမ်းပြည်မှာက ပါတီပေါင်း (၂၃)ခု ရှိတယ်။ ပါတီတစ်ခုကို (၃)ဦး နှုန်းနဲ့ ဖိတ်ပါတယ်။ မနေ့ကမှ စလုပ်ရတော့ ဖိတ်စာကတော့ မပို့နိုင်သေးဘူး။ ဒီရောက်မှ ဖိတ်စာ နဲ့ လုံခြုံရေးကတ် ကို တစ်ခါတည်း ပေးသွားမှာပါ။ ဖုန်းနဲ့အရင် ဖိတ်ထားပါတယ်။ လက်နက်ကိုင်အဖွဲ့ကိုတော့ (၂)ဖွဲ့ ဖိတ်ထားပါတယ်။ RCSS (သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်) နဲ့ PNLO ( ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ) အဖွဲ့ပါ။ သူတို့ကို တစ်ဖွဲ့ ၁၀ ယောက် နှုန်းနဲ့ ဖိတ်ထားပါတယ်။ ဒါက NCA(အန်စီအေ) လမ်းကြောင်းအတိုင်း သွားတာ ဆိုတော့ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့ကိုပဲ ဖိတ်ထားပါတယ်။"ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ပြောသည်။

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့ အဖွဲ့(၁၀)ဖွဲ့ တက်ရောက်မည်ဖြစ်ရာ အဆိုပါ အဖွဲ့(၁၀)ဖွဲ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံရေးပါတီများ၊ စီအက်စ်အိုများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ၊ မြို့နယ်အလိုက်စာတမ်းဖတ်သူများ၊ စာပေနှင့်ယဉ်ကျေးမှု၊ တိုင်းတစ်တိုင်းစီရှိ ကိုယ်စားလှယ်များ ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဧပြီလ(၂၁)ရက်နေ့ နံနက်ပိုင်းက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ အစည်းအေဝးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၁၇ခုနှစ် ဧပြီလ(၂၃)ရက်နေ့မှ ဧပြီလ(၂၅)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအချိန်အတွင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~