ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္ က်ပ္(၁၃)ဘီလီယံေက်ာ္ ျပည္သူမ်ားရန္ပံုေငြထည့္ဝင္ထား

ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္ က်ပ္(၁၃)ဘီလီယံေက်ာ္ ျပည္သူမ်ားရန္ပံုေငြထည့္ဝင္ထား
ဧပြီ 4, 2017
By Tachileik News Agency


ၿငိမ္းခ်မ္းေရးရန္ပံုေငြအတြက္ ျပည္သူမ်ား၏ ထည့္ဝင္မႈမွာ မတ္လ (၂၀) ရက္ေန႔အထိ က်ပ္ (၁၃ ဒသမ ၉၄၈) ဘီလီယံရိွၿပီ ျဖစ္ေၾကာင္း အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနက ဧၿပီလ (၃) ရက္ေန႔တြင္ ထုတ္ျပန္လိုက္သည္။

ႏုိင္ငံေတာ္အစိုးရ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ ျပည္သူမ်ား ရန္ပံုေငြထည့္ဝင္ႏုိင္ရန္ ၿငိမ္းခ်မ္းေရး ရန္ပံုေငြကို ျမန္မာ့စီးပြားေရးဘဏ္၊ ေနျပည္ေတာ္ဘဏ္ခြဲတြင္ ေငြစုဘဏ္စာရင္း SF ၀၀၄၀၄၈ အား ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ (၉) ရက္ေန႔က စတင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရန္ပံုေငြလွဴဒါန္းမႈမ်ားတြင္ က်ပ္ဘီလီယံႏွင့္ခ်ီ၍ ထည့္ဝင္သူမ်ားအျပင္ ႏုိင္ငံအႏွံ႔အျပားမွ တစ္ဦးခ်င္း ထည့္ဝင္ေငြ က်ပ္တစ္ေထာင္ေက်ာ္၊ က်ပ္ငါးေထာင္၊ က်ပ္တစ္ေသာင္း စသည္ျဖင့္ ထည့္ဝင္မႈမ်ားလည္း ရိွေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

"ျပည္ေထာင္စုရိွ ႏိုင္ငံသူႏုိင္ငံသားအားလံုး၏ ပံ့ပိုးကူညီမႈမ်ား အတြက္ ေက်းဇူးအထူးတင္ရိွပါေၾကာင္း၊ ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေအာင္ျမင္ေစရန္ ဆထက္ထမ္းပိုး ႀကိဳးပမ္းေဆာင္ရြက္သြားမည္ ျဖစ္ပါေၾကာင္း ထုတ္ျပန္အပ္ပါသည္"ဟု အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာႏုိင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ နိုင္ငံတကာမွ ပံ့ပိုးမႈမ်ားလည္းရိွေနရာ အဆိုပါ ရန္ပံုေငြမ်ားအား စီမံခန္႔ခြဲရန္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒အျဖစ္ တာဝန္ယူသည့္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ရန္ပံုေငြဆိုင္ရာေပါင္းစပ္ညွိနွိုင္းေရးအဖြဲ႔ (Joint Coordinating Body for Peace Process Funding-JCB) ကို ၂၀၁၆ ခုနွစ္၊ ဒီဇင္ဘာလ (၂၀) ရက္ေန႔တြင္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္ၿပီး ျပည္သူမ်ား၏ ၿငိမ္းခ်မ္းေရးရန္ပံုေငြအစီအစဥ္ကို ဇန္နဝါရီလတြင္ စတင္ခဲ့ျခင္းျဖစ္သည္။

ယခင္အစိုးရ လက္ထက္က လုပ္ေဆာင္ခဲ့သည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အား ဆက္လက္ အေကာင္အထည္ ေဖာ္ရန္အတြက္ ၂၀၁၅ အစိုးရသစ္သည္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနအား ၂၀၁၆ ခုႏွစ္ ဇူလိုင္လ (၁၁) ရက္ေန႔တြင္ ဖြဲ႔စည္းေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္


~~~~~~~~⊰❂ unicode ~~~~~~~~

ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ပြည်သူများ၏ ထည့်ဝင်မှုမှာ မတ်လ (၂၀) ရက်နေ့အထိ ကျပ် (၁၃ ဒသမ ၉၄၈) ဘီလီယံရှိပြီ ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ဧပြီလ (၃) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပြည်သူများ ရန်ပုံငွေထည့်ဝင်နိုင်ရန် ငြိမ်းချမ်းရေး ရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နပြေည်တော်ဘဏ်ခွဲတွင် ငွေစုဘဏ်စာရင်း SF ဝဝ၄၀၄၈ အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေလှူဒါန်းမှုများတွင် ကျပ်ဘီလီယံနှင့်ချီ၍ ထည့်ဝင်သူများအပြင် နိုင်ငံအနှံ့အပြားမှ တစ်ဦးချင်း ထည့်ဝင်ငွေ ကျပ်တစ်ထောင်ကျော်၊ ကျပ်ငါးထောင်၊ ကျပ်တစ်သောင်း စသည်ဖြင့် ထည့်ဝင်မှုများလည်း ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

"ပြည်ထောင်စုရှိ နိုင်ငံသူနိုင်ငံသားအားလုံး၏ ပံ့ပိုးကူညီမှုများ အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်စေရန် ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်အပ်ပါသည်"ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာမှ ပံ့ပိုးမှုများလည်းရှိနေရာ အဆိုပါ ရန်ပုံငွေများအား စီမံခန့်ခွဲရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ ငြိမ်းချမ်းရေးရန်ပုံငွေအစီအစဉ်ကို ဇန်နဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရ လက်ထက်က လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဆက်လက် အကောင်အထည် ဖော်ရန်အတွက် ၂၀၁၅ အစိုးရသစ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအား ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~