ေျပာင္းစိုက္ေတာင္သူမ်ား အရႈံးေပၚခဲ့သည့္ ရွမ္း/ေျမာက္ ေျပာင္းေစ်းကြက္ ရာသီကုန္ခ်ိန္တြင္ ေစ်းတက္လာ

ေျပာင္းစိုက္ေတာင္သူမ်ား အရႈံးေပၚခဲ့သည့္ ရွမ္း/ေျမာက္ ေျပာင္းေစ်းကြက္ ရာသီကုန္ခ်ိန္တြင္ ေစ်းတက္လာ
ဧပြီ 28, 2017
By Tachileik News Agency

ေစ်းႏႈန္းအက်ျဖင့္ ကာလရွည္ၿငိမ္ေနသည့္ ေျပာင္းေစ်းေၾကာင့္ စိုက္ပ်ိဳးေတာင္သူမ်ား အရံႈးေပၚခဲ့သည့္ ရွမ္းျပည္နယ္(ေျမာက္ပို္င္း)ေျပာင္းေစ်းကြက္တြင္ သိုေလွာင္ထားသည့္ ေျပာင္းဆံနည္းလာခ်ိန္ မတ္လကုန္မွစ၍ ေစ်းျပန္တက္လာရာ ဧၿပီလကုန္တြင္ ယခုႏွစ္၏ ေစ်းႏႈန္းအျမင့္ဆံုးသို႔ ေရာက္လာေၾကာင္း သိရသည္။

“ေျပာရမယ္ဆိုရင္ေတာ့ မႏွစ္ကေပၚခဲ့တဲ့ ေျပာင္းေတြက ကုန္ခါနီးေလာက္ျဖစ္ေနၿပီ။ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း ဆိုရင္ေတာ့ (၁၅) ရာခိုင္ႏႈန္းေလာက္ပဲ သိုေလွာင္ထားတာ က်န္ေတာ့တယ္။ တရုတ္ကလည္း အဝယ္လိုက္လာ တာဆိုေတာ့ ေစ်းကေတာ့ ျပန္တက္လာတယ္။ အခုကာလကေတာ့ ေရာင္းဝယ္ရတာ ပို႔ေဆာင္ရတာေတြလည္း အဆင္ေျပပါတယ္။ ၂၀၁၆-၂၀၁၇ ခုႏွစ္ထဲမွာေတာ့ အခုရတဲ့ေစ်းက အေကာင္းဆံုးေစ်းအျမင့္ဆံုးေစ်းပဲ”ဟု ေက်ာက္မဲၿမိဳ႕ ခုိအံုေက်းရြာမွ ေျပာင္းကုန္သည္တစ္ဦးျဖစ္သူ ဦးအိုက္ငင္းက ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ ေျပာင္းအဓိကတင္ပို႔ရာ တရုတ္ႏုိင္ငံက ယခုႏွစ္ ေျပာင္းဝယ္ယူမႈမ်ားအား မၾကာခဏရပ္တန္႔ခဲ့ျခင္းေၾကာင့္ ယခုႏွစ္ေျပာင္းဆံထြက္ခ်ိန္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလမွစ၍ ေျပာင္းဆံေစ်းႏႈန္းမွာ တစ္ပိႆာလွ်င္ က်ပ္ (၂၉၀)မွ (၃၀၀)ဝန္းက်င္အထိက်ဆင္းခဲ့ၿပီး ၂၀၁၇ ခုႏွစ္ မတ္လဝန္းက်င္တြင္ တစ္ပိႆာလ်ွင္ (၃၂၅)က်ပ္မွ (၃၃၀) ဝန္းက်င္သို႔ ေရာက္လာကာ ဧၿပီလ ဒုတိယပတ္မွ စတင္၍ တစ္ပိႆာလွ်င္ က်ပ္ (၄၀၀) ဝန္းက်င္အထိ ေစ်းတက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“သိုေလွာင္ထားတာ နည္းသြားတာရယ္၊ သူတို႔ဖက္က အဝယ္လိုက္လာတာလည္း ပါတာေပါ့။ ေစ်းကျပန္တက္လာတယ္။ မတ္လကုန္ပိုင္းမွာ ရွိခဲ့တဲ့ေစ်းနဲ႔ဆိုရင္ ဒီ ဧၿပီလလယ္ပိုင္းေလာက္မွာက တစ္ပိႆာကို က်ပ္(၁၀၀) ေလာက္အထိ ေစ်းတက္လာတာကိုေတြ႔ရတယ္။ ပစၥည္းရွားသြားေတာ့ သိုေလွာင္ထားတဲ့ကုန္သည္ ေတြက ေစ်းကိုင္တာလည္းပါတယ္။ ေစ်းတက္လာတယ္ဆိုေပမယ့္ အေရာင္းအဝယ္ကေတာ့ ေကာင္းေနတုန္းပါပဲ”ဟု လားရိႈးၿမိဳ႕ စိန္ပြဲရံုမွ ေဒၚရီက ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါႏွင့္ လားရိႈးၿမိဳ႕နယ္မ်ားအတြင္းရွိ ေက်းရြာမ်ားတြင္ စီပီေျပာင္းမ်ားကို အဓိကစိုက္ပ်ိဳးၾကၿပီး ၂၀၁၄-၂၀၁၅ခုႏွစ္မ်ားက ေျပာင္းေစ်းေကာင္းခဲ့သျဖင့္ ေျပာင္းစိုက္ပ်ိဳးမႈ ယမန္ႏွစ္က တုိးခဲ့ေသာ္လည္း ေစ်းႏႈန္းက်ဆင္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~
ပြောင်းစိုက်တောင်သူများ အရှုံးပေါ်ခဲ့သည့် ရှမ်း/မြောက် ပြောင်းဈေးကွက် ရာသီကုန်ချိန်တွင် ဈေးတက်လာ

ဈေးနှုန်းအကျဖြင့် ကာလရှည်ငြိမ်နေသည့် ပြောင်းဈေးကြောင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပို်င်း)ပြောင်းဈေးကွက်တွင် သိုလှောင်ထားသည့် ပြောင်းဆံနည်းလာချိန် မတ်လကုန်မှစ၍ ဈေးပြန်တက်လာရာ ဧပြီလကုန်တွင် ယခုနှစ်၏ ဈေးနှုန်းအမြင့်ဆုံးသို့ ရောက်လာကြောင်း သိရသည်။

“ပြောရမယ်ဆိုရင်တော့ မနှစ်ကပေါ်ခဲ့တဲ့ ပြောင်းတွေက ကုန်ခါနီးလောက်ဖြစ်နပြေီ။ ကျောက်မဲမြို့နယ် အတွင်း ဆိုရင်တော့ (၁၅) ရာခိုင်နှုန်းလောက်ပဲ သိုလှောင်ထားတာ ကျန်တော့တယ်။ တရုတ်ကလည်း အဝယ်လိုက်လာ တာဆိုတော့ ဈေးကတော့ ပြန်တက်လာတယ်။ အခုကာလကတော့ ရောင်းဝယ်ရတာ ပို့ဆောင်ရတာတွေလည်း အဆင်ပြေပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်ထဲမှာတော့ အခုရတဲ့ဈေးက အကောင်းဆုံးဈေးအမြင့်ဆုံးဈေးပဲ”ဟု ကျောက်မဲမြို့ ခိုအုံကျေးရွာမှ ပြောင်းကုန်သည်တစ်ဦးဖြစ်သူ ဦးအိုက်ငင်းက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြောင်းအဓိကတင်ပို့ရာ တရုတ်နိုင်ငံက ယခုနှစ် ပြောင်းဝယ်ယူမှုများအား မကြာခဏရပ်တန့်ခဲ့ခြင်းကြောင့် ယခုနှစ်ပြောင်းဆံထွက်ချိန် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစ၍ ပြောင်းဆံဈေးနှုန်းမှာ တစ်ပိဿါလျှင် ကျပ် (၂၉၀)မှ (၃၀၀)ဝန်းကျင်အထိကျဆင်းခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လဝန်းကျင်တွင် တစ်ပိဿါလျှင် (၃၂၅)ကျပ်မှ (၃၃၀) ဝန်းကျင်သို့ ရောက်လာကာ ဧပြီလ ဒုတိယပတ်မှ စတင်၍ တစ်ပိဿါလျှင် ကျပ် (၄၀၀) ဝန်းကျင်အထိ ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

“သိုလှောင်ထားတာ နည်းသွားတာရယ်၊ သူတို့ဖက်က အဝယ်လိုက်လာတာလည်း ပါတာပေါ့။ ဈေးကပြန်တက်လာတယ်။ မတ်လကုန်ပိုင်းမှာ ရှိခဲ့တဲ့ဈေးနဲ့ဆိုရင် ဒီ ဧပြီလလယ်ပိုင်းလောက်မှာက တစ်ပိဿါကို ကျပ်(၁၀၀) လောက်အထိ ဈေးတက်လာတာကိုတွေ့ရတယ်။ ပစ္စည်းရှားသွားတော့ သိုလှောင်ထားတဲ့ကုန်သည် တွေက ဈေးကိုင်တာလည်းပါတယ်။ ဈေးတက်လာတယ်ဆိုပေမယ့် အရောင်းအဝယ်ကတော့ ကောင်းနေတုန်းပါပဲ”ဟု လားရှိုးမြို့ စိန်ပွဲရုံမှ ဒေါ်ရီက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် စီပီပြောင်းများကို အဓိကစိုက်ပျိုးကြပြီး ၂၀၁၄-၂၀၁၅ခုနှစ်များက ပြောင်းဈေးကောင်းခဲ့သဖြင့် ပြောင်းစိုက်ပျိုးမှု ယမန်နှစ်က တိုးခဲ့သော်လည်း ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~