နမ့္ဆန္ၿမိဳ႕ အထက္မန္လြယ္ရြာတြင္ ေနအိမ္သံုးလံုးမီးေလာင္၍ လူဦးေရ ၁၀၀ ေက်ာ္ မီးေဘးသင့္

နမ့္ဆန္ၿမိဳ႕ အထက္မန္လြယ္ရြာတြင္ ေနအိမ္သံုးလံုးမီးေလာင္၍ လူဦးေရ ၁၀၀ ေက်ာ္ မီးေဘးသင့္
ဧပြီ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ အထက္မန္လြယ္ေက်းရြာတြင္ ဧၿပီလ (၁၉) ရက္ မနက္အေစာပိုင္း၌ မီးဖိုေခ်ာင္ မီးၾကြင္း မီးက်န္မွတစ္ဆင့္ မီးေလာင္မႈေၾကာင့္ စုေပါင္းေနထိုင္သည့္ ႏွစ္ထပ္အိမ္(၃) လံုး ဆံုးရႈံးခဲ့ၿပီး မီးေဘးသင့္လူဦးေရ(၁၁၁)ဦးရိွေၾကာင္း သိရသည္။

“အထက္မန္လြယ္ေက်းရြာက ဦးအိုက္ဖုန္းဆိုသူရဲ႕ ေနအိမ္မီးဖိုေခ်ာင္ရဲ႕ မီးၾကြင္းမီးက်န္ကေနတစ္ဆင့္ ေဘးနံရံ ကို မီးစတင္ေလာင္ကၽြမ္းခဲ့ၿပီး ပတ္ဝန္းက်င္က ေနအိမ္(၂)လံုးကိုလည္း မီးကူးစက္ ေလာင္ကြ်မ္းခဲ့ ပါတယ္။ မနက္ ( ၄) နာရီ (၅) မိနစ္ေလာက္မွာ စတင္ေလာင္ကၽြမ္းခဲ့တာျဖစ္ၿပီး (၅)နာရီ ခြဲေလာက္မွာ မီးၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္” ဟု နမ့္ဆန္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ဒုတိယၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးေမာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သြပ္မိုးပ်ဥ္ကာ ႏွစ္ထပ္အိမ္(၃)လံုး မီးေလာင္ပ်က္စီးဆံုးရႈံုးခဲ့ရၿပီး အဆိုပါေနအိမ္(၃)လံုးတြင္ အိမ္ေထာင္စု (၁၆) စုမွ စုစုေပါင္းလူဦးေရ (၁၁၁) ဦး ( က်ား ၅၈ ႏွင့္ မ ၅၃ ဦး)ေနထုိင္ၾကျခင္းျဖစ္ၿပီး ပ်က္စီး ဆံုးရႈံးမႈတန္ဖိုးမွာ ေငြက်ပ္ သိန္း(၄၀) ေက်ာ္ခန္႔ ရွိ ေၾကာင္း သိရသည္။

 “မီးေဘးသင့္ မိသားစုေတြကိုေတာ့ မန္လြယ္ဘုန္းႀကီးေက်ာင္းမွာ ကယ္ဆယ္ေရးစခန္းအျဖစ္ ယာယီစခန္း ဖြင့္ထားေပးတယ္။ မီးစတင္ေလာင္ကြ်မ္းတဲ့အိမ္က အိမ္ရွင္ကိုလည္း ေနအိမ္မီးေလာင္ဆံုးရံႈးထားတာျဖစ္တဲ့ အတြက္ ရဲစခန္းမွာဖမ္းဆီးထားတာမ်ိဳးမလုပ္ထားေသးပါဘူး” ဟု ဒုၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးက ေျပာသည္။

မီးစတင္ေလာင္ကြ်မ္းမႈျဖစ္ပြားခဲ့သည့္ ေနအိမ္ပိုင္ရွင္အား နမ့္ဆန္ၿမိဳ့နယ္ရဲစခန္းတြင္ ပုဒ္မ (၂၈၅) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာတွင် ဧပြီလ (၁၉) ရက် မနက်အစောပိုင်း၌ မီးဖိုချောင် မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုကြောင့် စုပေါင်းနေထိုင်သည့် နှစ်ထပ်အိမ်(၃) လုံး ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်လူဦးရေ(၁၁၁)ဦးရှိကြောင်း သိရသည်။

“အထက်မန်လွယ်ကျေးရွာက ဦးအိုက်ဖုန်းဆိုသူရဲ့ နေအိမ်မီးဖိုချောင်ရဲ့ မီးကြွင်းမီးကျန်ကနေတစ်ဆင့် ဘေးနံရံ ကို မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်က နေအိမ်(၂)လုံးကိုလည်း မီးကူးစက် လောင်ကျွမ်းခဲ့ ပါတယ်။ မနက် ( ၄) နာရီ (၅) မိနစ်လောက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး (၅)နာရီ ခွဲလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု နမ့်ဆန်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ်(၃)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး အဆိုပါနေအိမ်(၃)လုံးတွင် အိမ်ထောင်စု (၁၆) စုမှ စုစုပေါင်းလူဦးရေ (၁၁၁) ဦး ( ကျား ၅၈ နှင့် မ ၅၃ ဦး)နေထိုင်ကြခြင်းဖြစ်ပြီး ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သိန်း(၄၀) ကျော်ခန့် ရှိ ကြောင်း သိရသည်။

 “မီးဘေးသင့် မိသားစုတွေကိုတော့ မန်လွယ်ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းအဖြစ် ယာယီစခန်း ဖွင့်ထားပေးတယ်။ မီးစတင်လောင်ကျွမ်းတဲ့အိမ်က အိမ်ရှင်ကိုလည်း နေအိမ်မီးလောင်ဆုံးရှုံးထားတာဖြစ်တဲ့ အတွက် ရဲစခန်းမှာဖမ်းဆီးထားတာမျိုးမလုပ်ထားသေးပါဘူး” ဟု ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်အား နမ့်ဆန်မြို့နယ်ရဲစခန်းတွင် ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~