ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ား မွတ္ပံုတင္ေပးျခင္းအား ဧၿပီလတြင္ ေခတၱရပ္နားမည္

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ား မွတ္ပံုတင္ေပးျခင္းအား ဧၿပီလတြင္ ေခတၱရပ္နားမည္
ဧပြီ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ဆုိင္ကယ္မ်ား မွတ္ပံုတင္ေပးျခင္းအား ဧၿပီလအတြင္း ေခတၱ ရပ္နားထားမည္ ျဖစ္ၿပီး ဇြန္လမွစ၍ လုိင္စင္မဲ့မ်ားအား ပူးေပါင္းအဖြဲ႔မ်ားျဖင့္ ေရွာင္တခင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“လုပ္ငန္းစီမံခ်က္မွာက ဧၿပီလမွာ ရွမ္းျပည္နယ္မွာရွိတဲ့ ဓေလ့ထံုးတမ္း အစဥ္အလာအရ လုပ္တဲ့ အတြက္ေၾကာင့္ လိုင္စင္လာလုပ္တဲ့သူေတြ နည္းတယ္။ ဒါေၾကာင့္ မူလစီမံခ်က္ထဲမွာ ဧၿပီလက လုပ္ေပးဖို႔ မပါ ပါဘူး”ဟု ရွမ္းျပည္နယ္ ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေ၀လင္းေအာင္က ေျပာသည္။

၂၀၁၇ ခုႏွစ္ မတ္လ(၁)ရက္ေန႔မွစ၍ ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္မ်ား မွတ္ပံုတင္ျခင္းကို ကုန္းလမ္းပို႔ေဆာင္ေရးညြန္ၾကားမႈဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း လုပ္ေဆာင္ ေပးေနျခင္းကို ဧၿပီလတြင္ ေခတၱရပ္နားၿပီး ေမလတြင္ ပံုမွန္အတုိင္း ျပန္လည္ လုပ္ေဆာင္ ေပးသြားမည္ျဖစ္ကာ ဇြန္လတြင္ စတင္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

“ပူးေပါင္းအဖြဲ႕နဲ႔ စစ္တဲ့ ခ်ိန္မွာ စစ္ေဆးေတြ႕ရွိၿပီးရင္ေတာ့ လိုင္စင္ မလုပ္မေနရဆိုၿပီး ျဖစ္သြားမယ္။ အခုျဖစ္ေနတာက ပုိင္ရွင္ရဲ႕ဆႏၵအရ လုပ္ေနတာျဖစ္တယ္။ ေနာက္ဆိုရင္ေတာ့ ၿမိဳ႕နယ္မ်ားကေန စစ္ေဆးေရးအဖြဲ႕မ်ားနဲ႕ ေဆာင္ရြက္စစ္ေဆးၿပီးေတာ့ မလုပ္မေန ျဖစ္သြားမွာပါ။ စီးေနတဲ့ ဆိုင္ကယ္တင္ မကဘူး ဌာနပိုင္၊ ပုဂၢလိကပိုင္အေရာင္းျပခန္း အေရာင္းဆိုင္ေတြေရာ အကုန္ပါ ပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္ မွန္သမွ်အကုန္ လိုင္စင္လုပ္ရေတာ့မွာပါ” ဟု ဦးေ၀လင္းေအာင္က ေျပာသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးခ်ိန္တြင္ လုိင္စင္ျပဳလုပ္ထားျခင္း မရိွသည့္ ဆိုင္ကယ္မ်ားအား ဒဏ္ေၾကးေပး ေဆာင္ေစ၍ လုိင္စင္ျပဳလုပ္ေစမည္ျဖစ္ၿပီး ဒဏ္ေၾကးေပးေဆာင္ျခင္း မရွိပါက ပို႔ကုန္သြင္းကုန္ဥပေဒအရ သက္ဆိုင္ရာတရားရံုးတြင္ တရားစြဲဆိုၿပီး လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္အား ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားကို ရွမ္းျပည္နယ္ေတာင္ပုိင္းတြင္ ေတာင္ႀကီး၊ လြဳိင္လင္ႏွင့္ ေအာင္ပန္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လားရိႈး၊ ေက်ာက္မဲႏွင့္ မူဆယ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ က်ဳိင္းတံုႏွင့္ တာခ်ီလိတ္တို႔တြင္ ျပဳလုပ္ေပးေနလ်က္ရွိေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်းအား ဧပြီလတွင် ခေတ္တရပ်နားမည်

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်းအား ဧပြီလအတွင်း ခေတ္တ ရပ်နားထားမည် ဖြစ်ပြီး ဇွန်လမှစ၍ လိုင်စင်မဲ့များအား ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းစီမံချက်မှာက ဧပြီလမှာ ရှမ်းပြည်နယ်မှာရှိတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရ လုပ်တဲ့ အတွက်ကြောင့် လိုင်စင်လာလုပ်တဲ့သူတွေ နည်းတယ်။ ဒါကြောင့် မူလစီမံချက်ထဲမှာ ဧပြီလက လုပ်ပေးဖို့ မပါ ပါဘူး”ဟု ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးေဝလင်းအောင်က ပြောသည်။

၂၀၁၇ ခုနှစ် မတ်လ(၁)ရက်နေ့မှစ၍ ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လုပ်ဆောင် ပေးနခြေင်းကို ဧပြီလတွင် ခေတ္တရပ်နားပြီး မေလတွင် ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင် ပေးသွားမည်ဖြစ်ကာ ဇွန်လတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“ပူးပေါင်းအဖွဲ့နဲ့ စစ်တဲ့ ချိန်မှာ စစ်ဆေးတွေ့ရှိပြီးရင်တော့ လိုင်စင် မလုပ်မနေရဆိုပြီး ဖြစ်သွားမယ်။ အခုဖြစ်နေတာက ပိုင်ရှင်ရဲ့ဆန္ဒအရ လုပ်နေတာဖြစ်တယ်။ နောက်ဆိုရင်တော့ မြို့နယ်များကနေ စစ်ဆေးရေးအဖွဲ့များနဲ့ ဆောင်ရွက်စစ်ဆေးပြီးတော့ မလုပ်မနေ ဖြစ်သွားမှာပါ။ စီးနေတဲ့ ဆိုင်ကယ်တင် မကဘူး ဌာနပိုင်၊ ပုဂ္ဂလိကပိုင်အရောင်းပြခန်း အရောင်းဆိုင်တွေရော အကုန်ပါ ပါတယ်။ မော်တော်ဆိုင်ကယ် မှန်သမျှအကုန် လိုင်စင်လုပ်ရတော့မှာပါ” ဟု ဦးေဝလင်းအောင်က ပြောသည်။

ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချိန်တွင် လိုင်စင်ပြုလုပ်ထားခြင်း မရှိသည့် ဆိုင်ကယ်များအား ဒဏ်ကြေးပေး ဆောင်စေ၍ လိုင်စင်ပြုလုပ်စေမည်ဖြစ်ပြီး ဒဏ်ကြေးပေးဆောင်ခြင်း မရှိပါက ပို့ကုန်သွင်းကုန်ဥပဒေအရ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုပြီး လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီး၊ လွိုင်လင်နှင့် အောင်ပန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုး၊ ကျောက်မဲနှင့် မူဆယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် ပြုလုပ်ပေးနေလျက်ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~