မိုင်းဆတ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆၃)လုံး အမိုးလန်ပျက်စီး

မိုင်းဆတ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆၃)လုံး အမိုးလန်ပျက်စီး
ဧပွီ 24, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ (၂၃)ရက် မွန်းလွဲ(၂)နာရီဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း တောင်ပေါ် ကျေးရွာအုပ်စု၊ ဖားမိုက်ကျေးရွာတွင် သွပ်မိုးထရံကာနေအိမ်(၄)လုံး၊ ထရံကာ သက်ကယ်မိုးအိမ်(၃)လုံး၊ အိမ်ထောင် စု(၇)စုနှင့် ဟွေမော်ကျေးရွာတွင် သွပ်မိုးထရံကာ နေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စု စုစုပေါင်း နေအိမ်(၁၈)လုံး၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာတွင် သွပ်မိုးထရံကာနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု (၁၀)စုနှင့် မယ်ကြုတ်ကျေးရွာတွင် သွပ်မိုးပျဉ်ကာနေအိမ်(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စု စုစုပေါင်းနေအိမ်(၄၅)လုံး၊ အမိုးလန် ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဆတ်တွင် လပြေင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆၃)လုံး အမိုးလန်ပျက်စီး
.......
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လပြေင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ (၂၃)ရက် မွန်းလွဲ(၂)နာရီဝန်းကျင်က လပြေင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း တောင်ပေါ် ကျေးရွာအုပ်စု၊ ဖားမိုက်ကျေးရွာတွင် သွပ်မိုးထရံကာနေအိမ်(၄)လုံး၊ ထရံကာ သက်ကယ်မိုးအိမ်(၃)လုံး၊ အိမ်ထောင် စု(၇)စုနှင့် ဟွေမော်ကျေးရွာတွင် သွပ်မိုးထရံကာ နေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စု စုစုပေါင်း နေအိမ်(၁၈)လုံး၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာတွင် သွပ်မိုးထရံကာနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု (၁၀)စုနှင့် မယ်ကြုတ်ကျေးရွာတွင် သွပ်မိုးပျဉ်ကာနေအိမ်(၃၅)လုံး၊ အိမ်ထောင်စု(၃၅)စု စုစုပေါင်းနေအိမ်(၄၅)လုံး၊ အမိုးလန် ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မိုင်းဆတ်မြို့နယ်အတွင်း စုစုပေါင်းကျေးရွာ(၄)ရွာတွင် နေအိမ်(၆၃)လုံး အမိုးလန် ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး(၁၀၉)သိန်းကျော်ရှိကြောင်း နှင့် လေဘေးသင့် အိမ်ထောင်စု(၆၃)စုအား နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် နေရာချထားပေးပြီး လူနှင့် တိရစ္ဆာန်များထိခိုက်ဒဏ်ရာရရှိသေဆုံးမှုမရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~