နိုင်ငံရေးပါတီများ ဌာနဆိုင်ရာလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် မိုင်းဖြတ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား

နိုင်ငံရေးပါတီများ ဌာနဆိုင်ရာလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် မိုင်းဖြတ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ဧပွီ 7, 2017
By Tachileik News Agency

နိုင်ငံရေးပါတီများ အနေဖြင့် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းများတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောကြားလိုက်သည်။



အဆိုပါ ရှင်းလင်းပွဲတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့မှ မတ်လ (၁၇)ရက်နေ့ကာလအတွင်း ပြည်သူ့လွှတ်တော် အစည်းအဝေး(၁၉)ရက်၊ ပြည်ထောင်စုလွှတ်တော်(၁၇)ရက်တွင် မေးမြန်း ဆွေးနွေးကြသည့် ကြယ်ပွင့်ပြမေးခွန်း (၉၂)ခု၊ ကြယ်ပွင့်မပြ မေးခွန်း(၃၄၉)ခုနှင့် လွှတ်တော် ကိုယ်စားလှယ်များ ဒေသ အသီးသီးတွင် ဒေသဖွံ့ဖြိုးရေုးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံရေးပါတီများ အနဖြေင့် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းများတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲအား မိုင်းဖြတ်မြို့ရှိ ဘုရင့်နောင်ခန်းမ၌ ဧပြီလ (၆)ရက်နေ့တွင် ကျင်းပစဉ် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“မိုင်းဖြတ်မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သူ့ပါတီ ကိုယ့်ပါတီ မခွဲခြားဘဲ မြို့နယ် ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်။ နိုင်ငံရေးပါတီများ အနေနဲ့လည်း ဒေသအာဏာပိုင် အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက် စွက်ဖက်ခြင်းမပြုဘဲ ပူးပေါင်း ပါဝင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါတယ် “ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း က ပြောသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့မှ မတ်လ (၁၇)ရက်နေ့ကာလအတွင်း ပြည်သူ့လွှတ်တော် အစည်းအဝေး(၁၉)ရက်၊ ပြည်ထောင်စုလွှတ်တော်(၁၇)ရက်တွင် မေးမြန်း ဆွေးနွေးကြသည့် ကြယ်ပွင့်ပြမေးခွန်း (၉၂)ခု၊ ကြယ်ပွင့်မပြ မေးခွန်း(၃၄၉)ခုနှင့် လွှတ်တော် ကိုယ်စားလှယ်များ ဒေသ အသီးသီးတွင် ဒေသဖွံ့ဖြိုးရေးုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီအသီးသီးမှ တာဝန်ရှိသူများ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် ဌာနဆိုင်ရာ အကြီးအဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~