မိုင္းျဖတ္ - မိုင္းေယာင္းလမ္းတြင္ တန္ပိုယာဥ္ ေရွာင္တခင္စစ္ေဆးမႈ လုပ္ေဆာင္

မိုင္းျဖတ္ - မိုင္းေယာင္းလမ္းတြင္ တန္ပိုယာဥ္ ေရွာင္တခင္စစ္ေဆးမႈ လုပ္ေဆာင္
ဧပြီ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ၿမိဳ႕နယ္ မိုင္းျဖတ္ - မိုင္းေယာင္းလမ္းတြင္ ကုန္တင္ယာဥ္မ်ား တန္ပို တင္ေဆာင္ ျဖတ္သန္းမႈမ်ားကို ဧၿပီလ (၃၀)ရက္ေန႔ နံနက္ ၇ နာရီက ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ လမ္းဦးစီးဌာနအေနနဲ႔ အသိပညာေပးျခင္း၊ သတိေပးျခင္းနဲ႔ သတ္မွတ္ထားတဲ့ ဝင္႐ိုးႏွင့္ ဘီးအေရအတြက္ အရ (ယာဥ္၊ ကုန္) အေလးခ်ိန္သတ္မွတ္ခ်က္မ်ားပါတဲ့ လက္ကမ္းစာေစာင္မ်ားကို ျဖန္႔ေဝခဲ့ၿပီး အခုေရွာင္တခင္စစ္ေဆးတဲ့ေနရာမွာ ခြဲျခားျဖတ္ေတာက္လို႔ မရတဲ့ ပစၥည္းမ်ား၊ စက္ပစၥည္းမ်ား၊ Transformer ႀကီးမ်ားမွလြဲ၍ အျခားပစၥည္းမ်ား တန္ပိုတင္ေဆာင္လာပါက လမ္းမႀကီး ဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္ရြက္သြားမွာပါ'' ဟု မိုင္းျဖတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးတင္မိုးက ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးတင္မိုးႏွင့္ ဝန္ထမ္းမ်ား၊ မိုင္းျဖတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ မိုင္းျဖတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဦးစီးဌာန၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စသည့္ တာဝန္ရွိသူမ်ား ပါဝင္သည့္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

တန္ပိုယာဥ္စစ္ေဆးမႈအား မတ္လ (၁)ရက္ေန႔မွစ၍ မတ္လ (၃၀)ရက္ေန႔အထိ သတိေပးျခင္း၊ အသိပညာ ေပးျခင္းမ်ားကို ကြင္းဆင္းေဆာင္ရြက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုသာ
ဓာတ္ပံု - သန္းထြန္းေအး(ျပန္ဆက္)


~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ် - မိုင်းယောင်းလမ်းတွင် တန်ပိုယာဉ် ရှောင်တခင်စစ်ဆေးမှု လုပ်ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မိုင်းဖြတ် - မိုင်းယောင်းလမ်းတွင် ကုန်တင်ယာဉ်များ တန်ပို တင်ဆောင် ဖြတ်သန်းမှုများကို ဧပြီလ (၃၀)ရက်နေ့ နံနက် ၇ နာရီက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လမ်းဦးစီးဌာနအနေနဲ့ အသိပညာပေးခြင်း၊ သတိပေးခြင်းနဲ့ သတ်မှတ်ထားတဲ့ ဝင်ရိုးနှင့် ဘီးအရေအတွက် အရ (ယာဉ်၊ ကုန်) အလေးချိန်သတ်မှတ်ချက်များပါတဲ့ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး အခုရှောင်တခင်စစ်ဆေးတဲ့နေရာမှာ ခွဲခြားဖြတ်တောက်လို့ မရတဲ့ ပစ္စည်းများ၊ စက်ပစ္စည်းများ၊ Transformer ကြီးများမှလွဲ၍ အခြားပစ္စည်းများ တန်ပိုတင်ဆောင်လာပါက လမ်းမကြီး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာပါ'' ဟု မိုင်းဖြတ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မိုးက ပြောသည်။

မိုင်းဖြတ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မိုးနှင့် ဝန်ထမ်းများ၊ မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့စသည့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

တန်ပိုယာဉ်စစ်ဆေးမှုအား မတ်လ (၁)ရက်နေ့မှစ၍ မတ်လ (၃၀)ရက်နေ့အထိ သတိပေးခြင်း၊ အသိပညာ ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - သန်းထွန်းအေး(ပြန်ဆက်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~