မေကြးၿမိဳ႕ ကညနေရွ႕မွ က်ဴးေက်ာ္အိမ္ေထာင္စု ၂၀ ေက်ာ္အတြက္ အစားထိုးေနရာ စီစဥ္ေပးရန္ တင္ျပထား

မေကြးၿမိဳ႕ ကညနေရွ႕မွ က်ဴးေက်ာ္အိမ္ေထာင္စု ၂၀ ေက်ာ္အတြက္ အစားထိုးေနရာ စီစဥ္ေပးရန္ တင္ျပထား
ဧပြီ 29, 2017
By Tachileik News Agency

မေကြးၿမိဳ႕ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးေရွ႕မွ က်ဴးေက်ာ္ေနထိုင္သူမ်ားကို ဖယ္ရွားရာတြင္ အစားထိုး ေနရာျပန္လည္ စီစဥ္ေပးႏုိင္ရန္ တုိင္းေဒသႀကီးအစိုးရထံ တင္ျပထားေၾကာင္း သိရသည္။

"ကြ်န္မတို႔ ဒီေနရာကို ေနထိုင္လာတာ ႏွစ္ေပါင္း ၂၀ ေက်ာ္ေလာက္ရွိပါၿပီ။ အခုမွ ဖယ္ရွားခံရတာပါ။ ကိုယ္႔အိမ္ ကိုယ္႔ဝိုင္းနဲ႔ ဘယ္သူမဆို ေနခ်င္တာေပါ့။ မိသားစုစားဝတ္ေနေရး ေက်ာင္းေနအရြယ္ သား/သမီးေတြ ပညာေရးေတြနဲ႔ လံုးပမ္းေနရတာေၾကာင္႔ အဆင္မေျပလို႔သာ ေန ေနရတာပါ။ ဖယ္ေပးရမွာဆိုလည္း အစိုးရက ေနစရာ လုပ္ေပးေစခ်င္ပါတယ္" ဟု ေနရာေရႊ႕ေျပာင္းေပးရမည့္ သူတစ္ဦးျဖစ္သည့့္ မလင္းက ေျပာသည္။

အဆိုပါ ေနရာတြင္ လူဦးေရ (၁၀၀)ခန္႔ရိွသည့္ အိမ္ေထာင္စု (၂၀) ေက်ာ္ ဖယ္ရွားခံရမည္ျဖစ္သျဖင့္ က်ဴးေက်ာ္ေနထိုင္သူမ်ားက တိုင္းေဒသႀကီးအစုိးရအေနျဖင့္ အစားထိုးေနရာမ်ား ျပန္လည္ ေဆာင္ရြက္ေပးရန္ ေတာင္းဆိုထားေၾကာင္း ဧၿပီလ (၂၈) ရက္ေန႔တြင္ မီဒီယာမ်ားသို႔ ေျပာၾကားသည္။

“ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနက လုပ္ငန္းေတြ တိုးခ်ဲ႕လုပ္ေဆာင္ရမွာျဖစ္လို႔ရယ္ လမ္းေဘးမွာ က်ဴးေက်ာ္ေတြရိွေနတဲ႔ အတြက္ ၿမိဳ႕အဂၤါရပ္နဲ႔လည္း မညီညြတ္တာရယ္ေၾကာင္႔ ေရႊ႕ေျပာင္းခိုင္းရတာပါ”ဟု မေကြးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္လြင္က ေျပာသည္။

အဆိုပါ ေနရာတြင္ ေနထိုင္သူမ်ားက မေကြးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုး၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္၊  တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ႏွင့္ မေကြးတိုင္းေဒသႀကီး အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အလုပ္အမႈေဆာင္ တို႔ထံသို႔ အသနားခံစာမ်ားလည္း တင္ျပထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့ ကညနရှေ့မှ ကျူးကျော်အိမ်ထောင်စု ၂၀ ကျော်အတွက် အစားထိုးနေရာ စီစဉ်ပေးရန် တင်ပြထား

မကွေးမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးရှေ့မှ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရာတွင် အစားထိုး နေရာပြန်လည် စီစဉ်ပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားကြောင်း သိရသည်။

"ကျွန်မတို့ ဒီနေရာကို နေထိုင်လာတာ နှစ်ပေါင်း ၂၀ ကျော်လောက်ရှိပါပြီ။ အခုမှ ဖယ်ရှားခံရတာပါ။ ကိုယ့်အိမ် ကိုယ့်ဝိုင်းနဲ့ ဘယ်သူမဆို နေချင်တာပေါ့။ မိသားစုစားဝတ်နေရေး ကျောင်းနေအရွယ် သား/သမီးတွေ ပညာရေးတွေနဲ့ လုံးပမ်းနေရတာကြောင့် အဆင်မပြေလို့သာ နေ နေရတာပါ။ ဖယ်ပေးရမှာဆိုလည်း အစိုးရက နေစရာ လုပ်ပေးစေချင်ပါတယ်" ဟု နေရာရွှေ့ပြောင်းပေးရမည့် သူတစ်ဦးဖြစ်သည့် မလင်းက ပြောသည်။

အဆိုပါ နေရာတွင် လူဦးရေ (၁၀၀)ခန့်ရှိသည့် အိမ်ထောင်စု (၂၀) ကျော် ဖယ်ရှားခံရမည်ဖြစ်သဖြင့် ကျူးကျော်နေထိုင်သူများက တိုင်းဒေသကြီးအစိုးရအနဖြေင့် အစားထိုးနေရာများ ပြန်လည် ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း ဧပြီလ (၂၈) ရက်နေ့တွင် မီဒီယာများသို့ ပြောကြားသည်။

“ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ရမှာဖြစ်လို့ရယ် လမ်းဘေးမှာ ကျူးကျော်တွေရှိနေတဲ့ အတွက် မြို့အင်္ဂါရပ်နဲ့လည်း မညီညွတ်တာရယ်ကြောင့် ရွှေ့ပြောင်းခိုင်းရတာပါ”ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

အဆိုပါ နေရာတွင် နေထိုင်သူများက မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် တို့ထံသို့ အသနားခံစာများလည်း တင်ပြထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~