မေကြးတိုင္းသို႔ ခိုးဝင္လာသည့္ ဘဂၤါလီ(၅)ဦးအား ခိုးဝင္ရန္ ပို႔ေဆာင္ေပးသူမ်ားႏွင့္အတူ ဖမ္းဆီးရမိ

မေကြးတိုင္းသို႔ ခိုးဝင္လာသည့္ ဘဂၤါလီ(၅)ဦးအား ခိုးဝင္ရန္ ပို႔ေဆာင္ေပးသူမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ဧပြီ 22, 2017
By Tachileik News Agency

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ဘက္မွ မေကြးတုိင္းေဒသႀကီး ငဖဲၿမိဳ႕နယ္ဘက္သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳး(၅)ဦးအား တင္ေဆာင္လာေသာ ကားသည္ အစစ္ေဆးမခံဘဲ ေမာင္းေျပးသျဖင့္ ရဲတပ္ဖြဲ႕က လုိက္လံဖမ္းဆီးရာ ငဖဲၿမိဳ႕နယ္ ဂုတ္ႀကီးရဲကင္းစခန္းေရွ႕တြင္ ဧၿပီလ(၂၂) ရက္ေန႔ နံက္(၄)နာရီ (၃၀)မိနစ္ခန္႔က ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

“ဂုတ္ႀကီး ရဲကင္းစခန္းေရွ႕မွာနဲ႔ ေျမလတ္ေက်းရြာအနီးတို႔မွာ ဝပ္ကင္းေတြထားရိွၿပီး ေစာင္႔ဆိုင္းေနတုန္း ပရိုေဘာက္စ္ ယာဥ္တစ္စီး ဝင္လာတာနဲ႔ စစ္ေဆးဖို႔တားဆီးတာမွာ ရပ္မေပးဘဲ ေမာင္းေျပးတာေၾကာင္႔ ေနာက္ကလိုက္ဖမ္းၿပီး ေျမလတ္ေက်းရြာနားမွာရိွေနတဲ႔ ဝပ္ကင္းရယ္၊ ပဒါန္း ေက်းရြာသားေတြ လိုက္ပါလာတဲ႔ ေဖာကားကို အကူအညီေတာင္း ကန္႔လန္႔ပိတ္ခံေစၿပီး ေက်းရြာသားေတြအကူအညီ နဲ႔ ႏွစ္ဖက္ပိတ္ညွပ္ၿပီးရပ္တန္႔စစ္ေဆးခဲ႔တာမွာ ဘဂၤါလီလူမ်ိဳး က်ား (၄) ဦးနဲ႔ မ (၁)ဦးကို ေတြ႔ရိွဖမ္းဆီး ႏိုင္ခဲ႔ တာပါ”ဟု ဂုတ္ႀကီးရဲကင္းစခန္းမွဴး ရဲအုပ္ေက်ာ္မ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ငဖဲၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး၏ ညႊန္ၾကားမႈျဖင္႔ ဂုတ္ႀကီးရဲကင္းစခန္းေရွ႕ႏွင့္ ေျမလတ္ေက်းရြာအနီးတြင္ ဝပ္ကင္းမ်ားျဖင္႔ ေစာင္႔ဆိုင္းေနစဥ္ အဆိုပါလမ္းမွ ျဖတ္ေမာင္းလာသည့္ PROBOX အျဖဴေရာင္ယာဥ္တစ္စီးအား ရပ္တန္႔ေစရာ ေမာင္းႏွင္ထြက္ေျပးသြားသျဖင္႔ ေနာက္မွလိုက္ကာ ေျမလတ္ေက်းရြာအနီးရိွဝပ္ကင္းႏွင္႔ ႏွစ္ဖက္ပိတ္၍ မင္းဘူး-အမ္းကားလမ္း(နတ္ေရကန္ေရွာင္ကြင္းလမ္း) မိုင္တိုင္အမွတ္ ၇/၆အနီးသို႔ အေရာက္တြင္ ရပ္တန္႔ေစႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါယာဥ္တြင္ ယာဥ္ေမာင္းစိန္သန္း၊ ယာဥ္တြင္လုိက္ပါလာသူ ေအာင္မင္းထြဋ္၊ ဗိုလ္လင္းတို႔ႏွင့္အတူ ဘဂၤါလီလူမ်ိဳးမ်ားျဖစ္ၾကသည္႔ ယာဆင္၊ မာမြတ္ဂ်ဴႏိုက္၊ ကာလာ၊ မာမြတ္ေရွာ္ရီႏွင့္ မအံုေမာ႔ေဂ်ာ္မီ တို႔ကို စစ္ေဆးေတြ႔ရွိရၿပီး ၎တို႔အားလမ္းျပအျဖစ္ လုပ္ေဆာင္ေပးသည့္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ေန ေဇာ္ဝင္း၊ ေအာင္ေအာင္ႏွင့္ ေအာင္ကိုလတ္တို႔ကိုပါ ဆိုင္ကယ္အသီးသီးျဖင့္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ဘဂၤါလီ(၅)ဦးအား ၁၉၄၉ ခုႏွစ္ ျမန္မာႏိုင္ငံအတြင္းေနထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒပုဒ္မအရ အေရးယူေဆာင္ရြက္ႏိုင္ေရးအတြက္ ငဖဲၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ မွွတ္ပံုတင္ေရးဦးစီးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရိွၿပီး ယာဥ္ေမာင္းစိန္သန္းပါ(၆)ဦး တို႔ကိုလည္း အမႈဖြင္႔ အေရးယူႏိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရိွေၾကာင္း ဂုတ္ႀကီးရဲကင္းစခန္းမွ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းသို့ ခိုးဝင်လာသည့် ဘင်္ဂါလီ(၅)ဦးအား ခိုးဝင်ရန် ပို့ဆောင်ပေးသူများနှင့်အတူ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်မှ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး(၅)ဦးအား တင်ဆောင်လာသော ကားသည် အစစ်ဆေးမခံဘဲ မောင်းပြေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်းရှေ့တွင် ဧပြီလ(၂၂) ရက်နေ့ နံက်(၄)နာရီ (၃၀)မိနစ်ခန့်က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

“ဂုတ်ကြီး ရဲကင်းစခန်းရှေ့မှာနဲ့ မြေလတ်ကျေးရွာအနီးတို့မှာ ဝပ်ကင်းတွေထားရှိပြီး စောင့်ဆိုင်းနေတုန်း ပရိုဘောက်စ် ယာဉ်တစ်စီး ဝင်လာတာနဲ့ စစ်ဆေးဖို့တားဆီးတာမှာ ရပ်မပေးဘဲ မောင်းပြေးတာကြောင့် နောက်ကလိုက်ဖမ်းပြီး မြေလတ်ကျေးရွာနားမှာရှိနေတဲ့ ဝပ်ကင်းရယ်၊ ပဒါန်း ကျေးရွာသားတွေ လိုက်ပါလာတဲ့ ဖောကားကို အကူအညီတောင်း ကန့်လန့်ပိတ်ခံစပြေီး ကျေးရွာသားတွေအကူအညီ နဲ့ နှစ်ဖက်ပိတ်ညှပ်ပြီးရပ်တန့်စစ်ဆေးခဲ့တာမှာ ဘင်္ဂါလီလူမျိုး ကျား (၄) ဦးနဲ့ မ (၁)ဦးကို တွေ့ရှိဖမ်းဆီး နိုင်ခဲ့ တာပါ”ဟု ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် ဂုတ်ကြီးရဲကင်းစခန်းရှေ့နှင့် မြေလတ်ကျေးရွာအနီးတွင် ဝပ်ကင်းများဖြင့် စောင့်ဆိုင်းနေစဉ် အဆိုပါလမ်းမှ ဖြတ်မောင်းလာသည့် PROBOX အဖြူရောင်ယာဉ်တစ်စီးအား ရပ်တန့်စေရာ မောင်းနှင်ထွက်ပြေးသွားသဖြင့် နောက်မှလိုက်ကာ မြေလတ်ကျေးရွာအနီးရှိဝပ်ကင်းနှင့် နှစ်ဖက်ပိတ်၍ မင်းဘူး-အမ်းကားလမ်း(နတ်ရေကန်ရှောင်ကွင်းလမ်း) မိုင်တိုင်အမှတ် ၇/၆အနီးသို့ အရောက်တွင် ရပ်တန့်စေနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါယာဉ်တွင် ယာဉ်မောင်းစိန်သန်း၊ ယာဉ်တွင်လိုက်ပါလာသူ အောင်မင်းထွဋ်၊ ဗိုလ်လင်းတို့နှင့်အတူ ဘင်္ဂါလီလူမျိုးများဖြစ်ကြသည့် ယာဆင်၊ မာမွတ်ဂျူနိုက်၊ ကာလာ၊ မာမွတ်ရှော်ရီနှင့် မအုံမော့ဂျော်မီ တို့ကို စစ်ဆေးတွေ့ရှိရပြီး၎င်းတို့အားလမ်းပြအဖြစ် လုပ်ဆောင်ပေးသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်နေ ဇော်ဝင်း၊ အောင်အောင်နှင့် အောင်ကိုလတ်တို့ကိုပါ ဆိုင်ကယ်အသီးသီးဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ(၅)ဦးအား ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းစိန်သန်းပါ(၆)ဦး တို့ကိုလည်း အမှုဖွင့် အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဂုတ်ကြီးရဲကင်းစခန်းမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~