လူ(၁၅)ဦး ေသဆံုးခဲ့သည့္ မေကြးၿမိဳ႕မွ KTV မီးေလာင္မႈ ဆိုင္ရွင္ တိမ္းေရွာင္ေန

လူ(၁၅)ဦး ေသဆံုးခဲ့သည့္ မေကြးၿမိဳ႕မွ KTV မီးေလာင္မႈ ဆိုင္ရွင္ တိမ္းေရွာင္ေန
ဧပြီ 3, 2017
By Tachileik News Agency

ဧၿပီလ (၂) ရက္ေန႔က မေကြးၿမိဳ႕တြင္ လူ(၁၅)ဦးေသဆံုးခဲ့ရသည့္  KTV ဆုိင္မီးေလာင္မႈျဖစ္ပြားရျခင္းမွာ ဂက္စ္အိုး ေပါက္ကြဲျခင္းေၾကာင့္ မဟုတ္ဘဲ မီးသံုးစြဲမႈမ်ား၍ အပူလြန္ကဲရာမွ မီးေလာင္ျခင္း ျဖစ္ေၾကာင္း ဧၿပီလ (၃) ရက္ေန႔တြင္ စစ္ေဆးေတြ႕ရိွရၿပီး အဆိုပါ ဆိုင္၏ ပိုင္ရွင္မွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

"ဂက္စ္ေပါက္ကဲြသံေၾကာင့္ ဂက္စ္အိုးေပါက္ကဲြတယ္လို႔ ယူဆခဲ့ၾကေပမဲ့ မီးေလာင္ရတဲ့အေၾကာင္းရင္းက မီးသံုးစဲြမႈမ်ားျပီး မီးပလပ္ခံုအပူလြန္ကဲရာက စတင္ေလာင္ကၽြမ္းတာကို စစ္ေဆးေတြ႕ရိွရပါတယ္"ဟု မေကြးတိုင္းေဒသႀကီး မီးသတ္ဦးစီးမွဴး ဦးေအာင္ဝင္းစိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။ 
ျမင္သာရပ္ကြက္ သစၥာလမ္းႏွင့္ ၂၉ လမ္းေထာင့္ရိွ ေရႊျမတ္မင္းသမီး KTV တြင္ ဧၿပီလ(၂)ရက္ ေန႔ည (၁၀)နာရီ (၈)မိနစ္ခန္႔က မီးေလာင္မႈျဖစ္ပြားေၾကာင္း သတင္းရရိွသည္ႏွင့္ မေကြးတိုင္းေဒသႀကီး မီးသတ္ ဦးစီးမွဴး ဦးေအာင္ဝင္းစိန္ ဦးစီးသည့္ မီးသတ္ယာဥ္ (၇)စီး၊ ေရသယ္ယာဥ္ (၂)စီး၊ ကေမာၻဇေဖာင္ေဒးရွင္းမွ ေရသယ္ ယာဥ္ (၁) စီး၊ မင္းဘူးၿမိဳ႕နယ္ မီးသတ္ဦးစီးမွ မီးသတ္ယာဥ္ (၂)စီး စုစုေပါင္း (၁၂) စီးျဖင့္ ၿငိ္မ္းသတ္ခဲ့ရာ ည(၁၀)နာရီ (၃၅)မိနစ္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
အမ်ိဳးသား (၁၁)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦး ေသဆံုးသည့္ မီးေလာင္မႈျဖစ္ပြားရာသုိ႔ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက ဆက္လက္စစ္ေဆး ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
" KTV လိုင္စင္ေရာ ယစ္မ်ိဳး လိုင္စင္ပါရိွပါတယ္။  အမ်ိဳးသမီးေတြပါ ရိွေနမႈအေပၚ မွာေတာ့ စစ္ေဆးရဦးမွာ ျဖစ္ပါတယ္"ဟု  ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္လြင္က ေျပာသည္။
အဆိုပါ အေဆာက္အဦးအား ငွားရမ္း၍ KTV ဖြင့္လွစ္ထားသူ ဦးရဲညႊန္႔မွာ ထြက္ေျပးတိမ္းေရွာင္ေနၿပီး ၎အား မေကြးၿမိဳ႕မရဲစခန္းတြင္ (ပ)၁၉၁/၂၀၁၇ ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
လူ(၁၅)ဦး သေဆုံးခဲ့သည့် မကွေးမြို့မှ KTV မီးလောင်မှု ဆိုင်ရှင် တိမ်းရှောင်နေ
.....................

ဧပြီလ (၂) ရက်နေ့က မကွေးမြို့တွင် လူ(၁၅)ဦးသေဆုံးခဲ့ရသည့် KTV ဆိုင်မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဂက်စ်အိုး ပေါက်ကွဲခြင်းကြောင့် မဟုတ်ဘဲ မီးသုံးစွဲမှုများ၍ အပူလွန်ကဲရာမှ မီးလောင်ခြင်း ဖြစ်ကြောင်း ဧပြီလ (၃) ရက်နေ့တွင် စစ်ဆေးတွေ့ရှိရပြီး အဆိုပါ ဆိုင်၏ ပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

"ဂက်စ်ပေါက်ကွဲသံကြောင့် ဂက်စ်အိုးပေါက်ကွဲတယ်လို့ ယူဆခဲ့ကြပေမဲ့ မီးလောင်ရတဲ့အကြောင်းရင်းက မီးသုံးစွဲမှုများပြီး မီးပလပ်ခုံအပူလွန်ကဲရာက စတင်လောင်ကျွမ်းတာကို စစ်ဆေးတွေ့ရှိရပါတယ်"ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြင်သာရပ်ကွက် သစ္စာလမ်းနှင့် ၂၉ လမ်းထောင့်ရှိ ရွှမြေတ်မင်းသမီး KTV တွင် ဧပြီလ(၂)ရက် နေ့ည (၁၀)နာရီ (၈)မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးစီးသည့် မီးသတ်ယာဉ် (၇)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ကမော္ဘဇဖောင်ဒေးရှင်းမှ ရေသယ် ယာဉ် (၁) စီး၊ မင်းဘူးမြို့နယ် မီးသတ်ဦးစီးမှ မီးသတ်ယာဉ် (၂)စီး စုစုပေါင်း (၁၂) စီးဖြင့် ငြိ်မ်းသတ်ခဲ့ရာ ည(၁၀)နာရီ (၃၅)မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး(၄)ဦး သေဆုံးသည့် မီးလောင်မှုဖြစ်ပွားရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေး ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

" KTV လိုင်စင်ရော ယစ်မျိုး လိုင်စင်ပါရှိပါတယ်။ အမျိုးသမီးတွေပါ ရှိနေမှုအပေါ် မှာတော့ စစ်ဆေးရဦးမှာ ဖြစ်ပါတယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

အဆိုပါ အဆောက်အဦးအား ငှါးရမ်း၍ KTV ဖွင့်လှစ်ထားသူ ဦးရဲညွှန့်မှာ ထွက်ပြေးတိမ်းရှောင်နပြေီး၎င်းအား မကွေးမြို့မရဲစခန်းတွင် (ပ)၁၉၁/၂၀၁၇ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~