ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္က ဖြင္႔လွစ္ထားသည့္ ေဘာလံုးအကယ္ဒမီေက်ာင္းတြင္ တက္ေရာက္ႏိုင္ရန္ တာခ်ီလိတ္မွ လူငယ္(၅)ဦး ပဏာမ ေရြးခ်ယ္ခံရ

ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္က ဖြင္႔လွစ္ထားသည့္ ေဘာလံုးအကယ္ဒမီေက်ာင္းတြင္ တက္ေရာက္ႏိုင္ရန္ တာခ်ီလိတ္မွ လူငယ္(၅)ဦး ပဏာမ ေရြးခ်ယ္ခံရ
ဧပြီ 28, 2017
By Tachileik News Agency

ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္က ဖြင္႔လွစ္ထားသည့္ ေဘာလုံးအကယ္ဒမီ ေက်ာင္းမ်ားတြင္ တက္ေရာက္ႏိုင္ရန္ အတြက္ အသက္ ၁၂ ႏွစ္ေအာက္ လူငယ္မ်ားအား ေရြးခ်ယ္မႈမ်ား ျပဳလုပ္ရာ ေရြးခ်ယ္ခံ တာခ်ီလိတ္လူငယ္(၁၇)ဦးထဲမွ (၅)ဦးအား ပဏာမေရြးခ်ယ္လိုက္ၿပီးေနာက္ ထပ္မံ၍ ေရြးခ်ယ္ခံရန္ အတြက္ မႏၱေလး ႏွင့္ ရန္ကုန္သို႔ သြားေရာက္ရမွာ ျဖစ္ေၾကာင္း သိရသည္။

"ဧၿပီလ(၃၀)ရက္ေန႔မွာ မႏၱေလး နဲ႔ ရန္ကုန္ကို သြားၿပီး ဆက္အေရြးခံသြားမွာ၊ ရန္ကုန္မွာက ေမလ(၃)ရက္ေန႔မွာ အေရြးခံၿပီး၊ မႏၱေလးမွာက ေမလ(၇)ရက္ေန႔ ဆက္ေရြးခံမွာပါ၊ ရန္ကုန္သြားမယ့္ နည္းျပက ဦးစိုးသူလြင္၊ မႏၱေလးသြားမယ့္ နည္းျပက ဦး၀င္းမ်ဳိးဦးပါ။ အဲ့ဒီနည္းျပေတြက ကေလးေတြကိုေခၚသြားၿပီး လိုက္ပို႔မွာပါ"ဟု ကိုေဇာ္မ်ဳိးထိုက္က ေျပာသည္။

"ရန္ကုန္ နဲ႔ မႏၱေလးမွာ ထပ္ၿပီးေတာ့အေရြးခံရရင္ အတည္ျဖစ္ပါၿပီ ။ အခုက ပဏာမအျဖစ္ အေရြးခံရတာပါ"ဟု ၎က ဆက္လက္ ေျပာျပသည္။

ေဘာလုံးအကယ္ဒမီ သင္တန္းေက်ာင္း တက္ေရာက္ခြင့္ ရရွိေရးအတြက္ တာခ်ီလိတ္မွ လူငယ္ (၁၇)ဦးက ၀င္ေရာက္ အေရြးခ်ယ္ခံရာ (၅)ဦးမွာ ပဏာမေရြးခ်ယ္ခံရေၾကာင္းႏွင့္ တာခ်ီလိတ္တြင္ ေရြးခ်ယ္မႈကို ဧၿပီလ(၂၃)ရက္ေန႔က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် ဘောလုံးအကယ်ဒမီ ကျောင်းများတွင် တက်ရောက်နိုင်ရန် အတွက် အသက် ၁၂ နှစ်အောက် လူငယ်များအား ရွေးချယ်မှုများ ပြုလုပ်ရာ ရွေးချယ်ခံ တာချီလိတ်လူငယ်(၁၇)ဦးထဲမှ (၅)ဦးအား ပဏာမရွေးချယ်လိုက်ပြီးနောက် ထပ်မံ၍ ရွေးချယ်ခံရန် အတွက် မန္တလေး နှင့် ရန်ကုန်သို့ သွားရောက်ရမှာ ဖြစ်ကြောင်း သိရသည်။

"ဧပြီလ(၃၀)ရက်နေ့မှာ မန္တလေး နဲ့ ရန်ကုန်ကို သွားပြီး ဆက်အရွေးခံသွားမှာ၊ ရန်ကုန်မှာက မေလ(၃)ရက်နေ့မှာ အရွေးခံပြီး၊ မန္တလေးမှာက မေလ(၇)ရက်နေ့ ဆက်ရွေးခံမှာပါ၊ ရန်ကုန်သွားမယ့် နည်းပြက ဦးစိုးသူလွင်၊ မန္တလေးသွားမယ့် နည်းပြက ဦးဝင်းမျိုးဦးပါ။ အဲ့ဒီနည်းပြတွေက ကလေးတွေကိုခေါ်သွားပြီး လိုက်ပို့မှာပါ"ဟု ကိုဇော်မျိုးထိုက်က ပြောသည်။

"ရန်ကုန် နဲ့ မန္တလေးမှာ ထပ်ပြီးတော့အရွေးခံရရင် အတည်ဖြစ်ပါပြီ။ အခုက ပဏာမအဖြစ် အရွေးခံရတာပါ"ဟု၎င်းက ဆက်လက်ပြောပြသည်။

ဘောလုံးအကယ်ဒမီ သင်တန်းကျောင်း တက်ရောက်ခွင့် ရရှိရေးအတွက် တာချီလိတ်မှ လူငယ် (၁၇)ဦးက ဝင်ရောက် အရွေးချယ်ခံရာ (၅)ဦးမှာ ပဏမရွေးချယ်ခံရကြောင်းနှင့် တာချီလိတ်တွင် ရွေးချယ်မှုကို ဧပြီလ(၂၃)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~