ေလာက္ကိုင္ေဒသ ျပန္လည္ထူေထာင္ေရး စတင္ေနၿပီး ေဒသခံအခ်ိဳ႕ ေနရပ္ျပန္လာေန

ေလာက္ကိုင္ေဒသ ျပန္လည္ထူေထာင္ေရး စတင္ေနၿပီး ေဒသခံအခ်ိဳ႕ ေနရပ္ျပန္လာေန
ဧပြီ 5, 2017
By Tachileik News Agency
တိုက္ပြဲျဖစ္ပြားခဲ့သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေလာက္ကိုင္ေဒသ ျပန္လည္ထူေထာင္ေရးလုပ္ငန္းအား ဧၿပီလတြင္ စတင္လုပ္ေဆာင္ေနၿပီး တိမ္းေရွာင္ေနသည့္ ေဒသခံအခ်ိဳ႕လည္း ျပန္လာေနေၾကာင္း သိရသည္။
“တျခားေနရာကို ေရွာင္သြားၾကတဲ့ ေလာက္ကိုင္ေဒသခံေတြကေတာ့ တျဖည္းျဖည္းနဲ႔ ျပန္ၿပီးေတာ့ ဝင္လာၾကပါၿပီ။ တရုတ္ျပည္ဘက္ကို သြားၾကတဲ့သူေတြေရာ ေအာက္ျပည္ဘက္ကို ျပန္သြားၾကတဲ့ လုပ္သားေတြ တခ်ိဳ႕ေရာ ျပန္ဝင္လာၾကတာကို ေတြ႔ရပါတယ္။ ၿမိဳ႕တြင္းသန္႔ရွင္းေရး လုပ္တာေတြ၊ အေဆာက္အဦေတြျပန္လည္ ျပင္ဆင္တာေတြကိုလည္း ဒီကအုပ္ခ်ဳပ္ေရး အဖြဲ႔ေတြက လုပ္ေနၾကပါတယ္ “ဟု ေလာက္ကိုင္ၿမိဳ႕ ျပည္သူ႔ ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ျမင့္ထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ(၆) ရက္ေန႔ နံနက္အေစာပိုင္းတြင္ ေလာက္ကိုင္ၿမိဳ႕အား MNDAA အဖြဲ႕က ဝင္ေရာက္တိုက္ခိုက္သျဖင့္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ေဒသခံမ်ားသည္ နီးစပ္ရာေဒသမ်ားသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရျခင္းျဖစ္သည္။
“စစ္ေရွာင္စခန္းကိုေတာ့ မတ္လ (၃၁) ရက္ေန႔မွာ ပိတ္လိုက္ပါတယ္။ စခန္းမွာရွိတဲ့ ေလာက္ကိုင္ေဒသခံ (၅၃) ေယာက္ကိုလည္း အဲဒီေန႔မွာပဲ ေလာက္ကိုင္အထိ အေရာက္ျပန္ပို႔ေပးပါတယ္။ လူတစ္ဦးကို က်ပ္(၄၀၀၀) ႏႈန္း ေထာက္ပံ့လိုက္ပါတယ္။ ေလာက္ကိုင္ေဒသခံေတြ အကုန္လံုးျပန္သြားၾကပါၿပီ “ဟု ေလာက္ကိုင္စစ္ေဘးေရွာင္မ်ား လာေရာက္ခိုလံႈေနသည့္ လားရိႈးၿမိဳ႕ သီရိမဂၤလာမန္ဆူ ရွမ္းေက်ာင္း စစ္ေဘးေရွာင္စခန္းတြင္ ကူညီေပးေနသည့္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးမွ အႀကီးတန္းစာေရး ကိုရိုင္ခၽြဲက ေျပာသည္။
ေလာက္ကိုင္ေဒသတိုက္ပြဲမ်ားေၾကာင့္ တုိက္ပြဲေရွာင္ (၇၀၀၀)ေက်ာ္ လားရိႈးၿမိဳ႕သို႔ တိမ္းေရွာင္ခဲ့ျခင္းျဖစ္ၿပီး ယင္းတို႔အနက္ ေလာက္ကိုင္သုိ႔ အလုပ္လုပ္ကိုင္ရန္ လာေရာက္သည့္ စစ္ေဘးေရွာင္မ်ားကို ေနရပ္ေဒသအသီးသီးသို႔ လူမႈကူညီေရးအသင္းမ်ား၊ ေစတနာရွင္မ်ားအကူအညီျဖင့္ ျပန္ပို႔ ေပးႏုိင္ခဲ့ျခင္းျဖစ္သည္။
“ေလာေလာဆယ္အေျခအေနကေတာ့ ျပန္လည္ထူေထာင္ေရးကာလ လို႔ပဲေျပာရမွာပဲ။ ၿမိဳ႕ထဲမွာလည္း အေျခအေနေကာင္းပါတယ္။ ေလာေလာဆယ္ထိေတာ့ ေအးခ်မ္းပါတယ္။ ဧၿပီလ(၃) ရက္ေန႔ကေတာ့ ေဒသဦးစီးအဖြဲ႔ေတြနဲ႔သြားေတြ႔ၿပီးေတာ့ ၾကက္ေျခနီဌာနခ်ဳပ္က လွဴဒါန္းမယ့္ကိစၥေတြ၊ ျပန္လည္ ထူေထာင္ေရး ကိစၥေတြကို ေဆြးေႏြးတာမ်ိဳးေတြလုပ္ထားပါတယ္ “ဟု ေလာက္ကိုင္ ျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာ ေအာင္ျမင့္ထြန္းကေျပာသည္။
ဧၿပီလဆန္းပိုင္းမွ စတင္၍ ကိုးကန္႔ေဒသဦးစီးႏွင့္အဖြဲ႔၊ ေဒသတိုင္းမွဴး၊ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္၊ ခရိုင္အုပ္ခ်ဳပ္ေရး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တို႔ပါဝင္သည့္ အဖြဲ႔မ်ားျဖင့္ ေလာက္ကိုင္ၿမိဳ႕ ျပည္ေထာင္စုရြာသစ္မွ ေဒသခံမ်ားအတြက္ ဆန္အိတ္ (၁၀၀) ႏွင့္ မုန္႔၊ ေရ စသည္တို႔အား ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု -  Aung Myint Htoon


~~~~~~~~⊰❂ unicode ~~~~~~~~

တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းအား ဧပြီလတွင် စတင်လုပ်ဆောင်နပြေီး တိမ်းရှောင်နေသည့် ဒေသခံအချို့လည်း ပြန်လာနေကြောင်း သိရသည်။

“တခြားနေရာကို ရှောင်သွားကြတဲ့ လောက်ကိုင်ဒေသခံတွေကတော့ တဖြည်းဖြည်းနဲ့ ပြန်ပြီးတော့ ဝင်လာကြပါပြီ။ တရုတ်ပြည်ဘက်ကို သွားကြတဲ့သူတွေရော အောက်ပြည်ဘက်ကို ပြန်သွားကြတဲ့ လုပ်သားတွေ တချို့ရော ပြန်ဝင်လာကြတာကို တွေ့ရပါတယ်။ မြို့တွင်းသန့်ရှင်းရေး လုပ်တာတွေ၊ အဆောက်အဦတွပြေန်လည် ပြင်ဆင်တာတွေကိုလည်း ဒီကအုပ်ချုပ်ရေး အဖွဲ့တွေက လုပ်နကြေပါတယ် “ဟု လောက်ကိုင်မြို့ ပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့ နံနက်အစောပိုင်းတွင် လောက်ကိုင်မြို့အား MNDAA အဖွဲ့က ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများသည် နီးစပ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်နကြေရခြင်းဖြစ်သည်။

“စစ်ရှောင်စခန်းကိုတော့ မတ်လ (၃၁) ရက်နေ့မှာ ပိတ်လိုက်ပါတယ်။ စခန်းမှာရှိတဲ့ လောက်ကိုင်ဒေသခံ (၅၃) ယောက်ကိုလည်း အဲဒီနေ့မှာပဲ လောက်ကိုင်အထိ အရောက်ပြန်ပို့ပေးပါတယ်။ လူတစ်ဦးကို ကျပ်(၄၀၀၀) နှုန်း ထောက်ပံ့လိုက်ပါတယ်။ လောက်ကိုင်ဒေသခံတွေ အကုန်လုံးပြန်သွားကြပါပြီ “ဟု လောက်ကိုင်စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေသည့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်း စစ်ဘေးရှောင်စခန်းတွင် ကူညီပေးနေသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ အကြီးတန်းစာရေး ကိုရိုင်ချွဲက ပြောသည်။

လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် တိုက်ပွဲရှောင် (၇၀၀၀)ကျော် လားရှိုးမြို့သို့ တိမ်းရှောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် လောက်ကိုင်သို့ အလုပ်လုပ်ကိုင်ရန် လာရောက်သည့် စစ်ဘေးရှောင်များကို နေရပ်ဒေသအသီးသီးသို့ လူမှုကူညီရေးအသင်းများ၊ စေတနာရှင်များအကူအညီဖြင့် ပြန်ပို့ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

“လောလောဆယ်အခြေအနေကတော့ ပြန်လည်ထူထောင်ရေးကာလ လို့ပဲပြောရမှာပဲ။ မြို့ထဲမှာလည်း အခြေအနေကောင်းပါတယ်။ လောလောဆယ်ထိတော့ အေးချမ်းပါတယ်။ ဧပြီလ(၃) ရက်နေ့ကတော့ ဒေသဦးစီးအဖွဲ့တွေနဲ့သွားတွေ့ပြီးတော့ ကြက်ခြေနီဌာနချုပ်က လှူဒါန်းမယ့်ကိစ္စတွေ၊ ပြန်လည် ထူထောင်ရေး ကိစ္စတွေကို ဆွေးနွေးတာမျိုးတွေလုပ်ထားပါတယ် “ဟု လောက်ကိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းကပြောသည်။

ဧပြီလဆန်းပိုင်းမှ စတင်၍ ကိုးကန့်ဒေသဦးစီးနှင့်အဖွဲ့၊ ဒေသတိုင်းမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့ပါဝင်သည့် အဖွဲ့များဖြင့် လောက်ကိုင်မြို့ ပြည်ထောင်စုရွာသစ်မှ ဒေသခံများအတွက် ဆန်အိတ် (၁၀၀) နှင့် မုန့်၊ ရေ စသည်တို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ္ပံု -  Aung Myint Htoon

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~