မယ္ဆိုင္ၿမိဳ႕ရွိ လြယ္ေပါင္းေစ်းအတြင္း မီးေလာင္မႈျဖစ္ပြား

မယ္ဆိုင္ၿမိဳ႕ရွိ လြယ္ေပါင္းေစ်းအတြင္း မီးေလာင္မႈျဖစ္ပြား
ဧပြီ 9, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ႏွင့္အနီး ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ လြယ္ေပါင္းေစ်းအတြင္း ယေန႔ ဧၿပီလ(၉)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန(၅)နာရီခြဲ၀န္းက်င္္မွစ၍ အခ်ိန္အေတာ္ၾကာမီးေလာင္မႈ ျဖစ္ပြားရာ စိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာ ရရွိမႈမရွိေသာ္လည္း မီးခိုးေၾကာင့္ မူးလဲသူမ်ား ရွိခဲ့ေၾကာင္း သိရသည္။

"မီးထဲပါသြားတာက တစ္ဆိုင္ပဲလို႔ သိရပါတယ္။ လူေသဆံုးမႈေတာ့ မရွိပါဘူး၊"ဟု ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေန ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။
အဆိုပါ မီးေလာင္မႈ ျဖစ္ပြားရာ ေနရာသို႔ မယ္ဆိုင္ၿမိဳ႕ရွိ မီးသတ္တပ္ဖြဲ႔မ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ား အဆိုပါ ေစ်းအတြင္းရွိ ျမန္မာႏိုင္ငံသားမ်ားမွလည္း စုေပါင္း၍ ၀ိုင္း၀န္းၿငိွမ္းသတ္ခဲ့ၾကၿပီး မီးညႊန္႔က်ဳိးသြားၿပီးေနာက္ ရွင္းလင္းေရးလုပ္ငန္းမ်ားကို တာ၀န္ရွိသူမ်ားက ဆက္လက္ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

"သူမ်ားေတြေျပာသလို စိုးရိမ္ရတဲ့ ထိခိုက္ဒဏ္ရာရတာတို႔ လူပိတ္မိၿပီး ေသဆံုးတာတို႔ မျဖစ္ပါဘူး။ မီးခိုးေၾကာင့္ အသက္ရႈက်ပ္ၿပီး မူးလဲတာေလာက္ပဲရွိပါတယ္"ဟု ထိုင္းဘက္ တာ၀န္ရွိသူတစ္က ဆိုသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ လြယ္ေပါင္းေစ်းသည္ တာခ်ီလိတ္ရွိ တာေလာ့ေစ်းနည္းတူ ႏိုင္ငံျခားသား ခရီးသြားမ်ားအား အားထား၍ ေရာင္းခ်ေနေသာ ေစ်းတစ္ေစ်းျဖစ္ေၾကာင္း သိရသည္။

Photo Thank: Krit ၊ Jj Kanokporn ၊ Narong Hugmaesai Chaitarak ၊ สุพจน์ บูรณประภาพงศ์




~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်မြို့ရှိ လွယ်ပေါင်းဈေးအတွင်း မီးလောင်မှုဖြစ်ပွား

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လွယ်ပေါင်းဈေးအတွင်း ယနေ့ ဧပြီလ(၉)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၅)နာရီခွဲဝန်းကျင်မှစ၍ အချိန်အတော်ကြာမီးလောင်မှု ဖြစ်ပွားရာ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း မီးခိုးကြောင့် မူးလဲသူများ ရှိခဲ့ကြောင်း သိရသည်။

"မီးထဲပါသွားတာက တစ်ဆိုင်ပဲလို့ သိရပါတယ်။ လူသေဆုံးမှုတော့ မရှိပါဘူး၊"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မယ်ဆိုင်မြို့ရှိ မီးသတ်တပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ အဆိုပါ ဈေးအတွင်းရှိ မြန်မာနိုင်ငံသားများမှလည်း စုပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မီးညွှန့်ကျိုးသွားပြီးနောက် ရှင်းလင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

"သူများတွေပြောသလို စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရတာတို့ လူပိတ်မိပြီး သေဆုံးတာတို့ မဖြစ်ပါဘူး။ မီးခိုးကြောင့် အသက်ရှုကျပ်ပြီး မူးလဲတာလောက်ပဲရှိပါတယ်"ဟု ထိုင်းဘက် တာဝန်ရှိသူတစ်က ဆိုသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လွယ်ပေါင်းဈေးသည် တာချီလိတ်ရှိ တာလော့ဈေးနည်းတူ နိုင်ငံခြားသား ခရီးသွားများအား အားထား၍ ရောင်းချနေသော ဈေးတစ်ဈေးဖြစ်ကြောင်း သိရသည်။

Photo Thank: Krit ၊ Jj Kanokporn ၊ Narong Hugmaesai Chaitarak ၊ สุพจน์ บูรณประภาพงศ์

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~