မေကြးၿမိဳ႕ KTV မီးေလာင္မႈမွ ေသဆံုးသူမ်ားႏွင့္ ဒဏ္ရာရသူတို႔အတြက္ လူကယ္ျပန္က ေထာက္ပံ့ေငြ ေပးအပ္

မေကြးၿမိဳ႕ KTV မီးေလာင္မႈမွ ေသဆံုးသူမ်ားႏွင့္ ဒဏ္ရာရသူတို႔အတြက္ လူကယ္ျပန္က ေထာက္ပံ့ေငြ ေပးအပ္
ဧပြီ 4, 2017
By Tachileik News Agency

မေကြးၿမိဳ႕မွ ေရႊျမတ္မင္းသမီး KTV စားေသာက္ဆိုုင္ မီးေလာင္မႈတြင္ ေသဆံုးသြားသူ (၁၅)ဦးအနက္ အတည္ျပဳၿပီးသည့္ (၁၁)ဦးႏွင့္ ေဆးရံုတက္ေနရသူတို႔အတြက္ ေထာက္ပံ့ေငြမ်ားကို လူမႈေရး၊ ကယ္ဆယ္ေရးႏွင္႔ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ေပးအပ္ၿပီးျဖစ္ေၾကာင္း သိရသည္။

ျမင္သာရပ္ကြက္၊ သစၥာလမ္းႏွင့္ (၂၉) လမ္းေထာင့္ရွိ အဆိုပါ စားေသာက္ဆုိင္တြင္ ဧၿပီလ (၂) ရက္ေန႔ ညပိုင္းက မီးေလာင္မႈျဖစ္ပြားၿပီး လူေသဆံံုးမႈမ်ား ရိွခဲ့သျဖင့္ လူမႈေရး၊ ကယ္ဆယ္ေရးႏွင္႔ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာနက သဘာဝေဘးသင့္သူမ်ား ေထာက္ပံ့ေရးအစီအစဥ္ျဖင့္ ေသဆံုးသူ တစ္ဦးလွ်င္ က်ပ္(၃)သိန္းနွဳန္းျဖင္႔ က်န္ရစ္သူ မိသားစုမ်ားထံ ဧၿပီ (၃)ရက္ေန႔ ညေန (၅) နာရီခန္႔က ေပးအပ္ခဲ့ျခင္းျဖစ္ကာ မီးေလာင္မႈေၾကာင့္ ေဆးကုသမႈခံယူေနရသည့္ အမ်ိဳးသမီးတစ္ဦး အတြက္ ေငြက်ပ္ (၁)သိန္းကိုလည္း ေထာက္ပံ့ေပးခဲ့့ေၾကာင္း သိရသည္။

“သဘာဝေဘးနဲ႔ အသက္ဆံုးရံွဳးရသူမ်ားကို လူ/ကယ္/ျပန္ ဝန္ႀကီးဌာနက တစ္ဦးလ်ွင္ က်ပ္သံုးသိန္း ေထာက္ ပံ့ေပးပါတယ္။ အျခား ဆိုင္ကယ္တိုက္တာ၊ ဓာတ္လိုက္တာ၊ ေျမြကိုက္တာေတြအတြက္ေတာ႔ မေပးပါဘူး”ဟု လူမႈေရး၊ ကယ္ဆယ္ေရးႏွင္႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ တိုင္းဦးစီးမွဴး ဦးျမင္႔စိုးက ေျပာသည္။

အဆိုပါ စားေသာက္ဆုိင္ မီးေလာင္မႈေၾကာင့္ အမ်ိဳးသား (၁၁)ဦးႏွင့္ အမ်ိဳးသမီး (၄)ဦးေသဆံုးခဲ့ျခင္းျဖစ္ၿပီး ေသဆံုးသူ အမ်ိဳးသား၊ အမ်ိဳးသမီး (၁၁)ဦးကိုသာ ပိုင္ရွင္အတည္ျပဳႏုိင္ေသးေၾကာင္း သိရသည္။

“မီးပလပ္ခံုနားမွာ မီးေလာင္ေနတာေတြ႔လို႔ မိန္းခ်ဖို႔ ေအာက္ထပ္ကိုေျပးခဲ့ပါတယ္။ အေပၚျပန္ေရာက္ေတာ႔ မီးက အေတာ္ေလာင္ေနၿပီ။ မီးေလာင္ေနတယ္လိုု႔ ေအာ္ေျပာေပမဲ့ အခန္းေတြထဲမွာ သီခ်င္းဆိုေနၾကေတာ့ မၾကားၾကဘူး။ မီးကမ်ားလာလို႔ ေလွကားက ဆင္းမျဖစ္ေတာ႔တာေၾကာင္႔ ကြၽန္ေတာ္လည္း ေအာ္ေျပာေနရင္းနဲ႔ ၀ရန္တာဘက္ ထြက္ၿပီး သြပ္တန္းေပၚကေန ေအာက္ကို ခုန္ခ်ခဲ့ရတာ” ဟု မီးေလာင္သည့္ ဆိုင္မွ ၀န္ထမ္းတစ္ဦးက ေျပာသည္။

အဆိုပါ ဆိုင္တြင္ အိမ္သံုးမီတာ တစ္လံုးတည္းသာ တပ္ဆင္ထားကာ ေရခဲေသတၱာ ႏွစ္လံုုး၊ အဲကြန္း(၅)လံုးႏွင့္ ေကတီဗီြသီဆိုသည့္ အခန္္းမ်ားတြင္ မီးသံုးစြဲျခင္းမ်ားကို လုပ္ေဆာင္ထားသျဖင့္ မီးသံုးစဲြမႈမ်ား၍ မႏိုင္ဝန္ျဖစ္ကာ မီးပလတ္္ခံု၌ အပူလြန္ကဲၿပီး စတင္ ေလာင္ကၽြမ္းရျခင္းျဖစ္သည္ဟု မေကြးၿမိဳ႕မရဲစခန္းမွ စခန္းမွဴးထံမွ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့မှ ရွှမြေတ်မင်းသမီး KTV စားသောက်ဆိုင် မီးလောင်မှုတွင် သေဆုံးသွားသူ (၁၅)ဦးအနက် အတည်ပြုပြီးသည့် (၁၁)ဦးနှင့် ဆေးရုံတက်နေရသူတို့အတွက် ထောက်ပံ့ငွေများကို လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

မြင်သာရပ်ကွက်၊ သစ္စာလမ်းနှင့် (၂၉) လမ်းထောင့်ရှိ အဆိုပါ စားသောက်ဆိုင်တွင် ဧပြီလ (၂) ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူသေဆုံးမှုများ ရှိခဲ့သဖြင့် လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက သဘာဝဘေးသင့်သူများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် သေဆုံးသူ တစ်ဦးလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် ကျန်ရစ်သူ မိသားစုများထံ ဧပြီ (၃)ရက်နေ့ ညနေ (၅) နာရီခန့်က ပေးအပ်ခဲ့ခြင်းဖြစ်ကာ မီးလောင်မှုကြောင့် ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးတစ်ဦး အတွက် ငွေကျပ် (၁)သိန်းကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“သဘာဝဘေးနဲ့ အသက်ဆုံးရှုံးရသူများကို လူ/ကယ်/ပြန် ဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ်သုံးသိန်း ထောက် ပံ့ပေးပါတယ်။ အခြား ဆိုင်ကယ်တိုက်တာ၊ ဓာတ်လိုက်တာ၊ မြွေကိုက်တာတွေအတွက်တော့ မပေးပါဘူး”ဟု လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

အဆိုပါ စားသောက်ဆိုင် မီးလောင်မှုကြောင့် အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၄)ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အမျိုးသား၊ အမျိုးသမီး (၁၁)ဦးကိုသာ ပိုင်ရှင်အတည်ပြုနိုင်သေးကြောင်း သိရသည်။

“မီးပလပ်ခုံနားမှာ မီးလောင်နေတာတွေ့လို့ မိန်းချဖို့ အောက်ထပ်ကိုပြေးခဲ့ပါတယ်။ အပေါ်ပြန်ရောက်တော့ မီးက အတော်လောင်နပြေီ။ မီးလောင်နေတယ်လို့ အော်ပြောပေမဲ့ အခန်းတွေထဲမှာ သီချင်းဆိုနကြေတော့ မကြားကြဘူး။ မီးကများလာလို့ လှေကားက ဆင်းမဖြစ်တော့တာကြောင့် ကျွန်တော်လည်း အော်ပြောနေရင်းနဲ့ ဝရန်တာဘက် ထွက်ပြီး သွပ်တန်းပေါ်ကနေ အောက်ကို ခုန်ချခဲ့ရတာ” ဟု မီးလောင်သည့် ဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်တွင် အိမ်သုံးမီတာ တစ်လုံးတည်းသာ တပ်ဆင်ထားကာ ရေခဲသေတ္တာ နှစ်လုံး၊ အဲကွန်း(၅)လုံးနှင့် ကေတီဗွီသီဆိုသည့် အခန်းများတွင် မီးသုံးစွဲခြင်းများကို လုပ်ဆောင်ထားသဖြင့် မီးသုံးစွဲမှုများ၍ မနိုင်ဝန်ဖြစ်ကာ မီးပလတ်ခုံ၌ အပူလွန်ကဲပြီး စတင် လောင်ကျွမ်းရခြင်းဖြစ်သည်ဟု မကွေးမြို့မရဲစခန်းမှ စခန်းမှူးထံမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~