လိြဳင္ေကာ္ႏွင့္ ဒီေမာ့ဆိုၿမိဳ႕နယ္ရွိ ေရတြင္းမ်ား ေရခန္းေျခာက္မႈ ႀကံဳေတြ႕ေနရ

လိြဳင္ေကာ္ႏွင့္ ဒီေမာ့ဆိုၿမိဳ႕နယ္ရွိ ေရတြင္းမ်ား ေရခန္းေျခာက္မႈ ႀကံဳေတြ႕ေနရ
ဧပြီ 27, 2017
By Tachileik News Agency
ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ႏွင့္ ဒီေမာ့ဆိုၿမိဳ႕နယ္တို႔ရွိ ရပ္ကြက္မ်ားမွ ေသာက္သုံးေရတြင္းမ်ား ဧၿပီလအေစာပိုင္းမွ စတင္ကာ ျဖစ္ေလ့ရိွသည့္ ေရခန္းေျခာက္မႈမွာ ယခုႏွစ္တြင္ အေျခအေန ပိုဆိုးေနေၾကာင္း သိရသည္။ 
“လိြဳင္ေကာ္ၿမိဳ႕ေပၚမွာဆို ၿမိဳ႕စြန္က ရပ္ကြက္ေတြ ၿပီးေတာ့ ကုန္းပိုင္းက်တဲ့ ရပ္ကြက္ေတြမွာ ခန္းတယ္။ ဒီေမာ့ဆိုဘက္မွာက်ေတာ့လည္း ေတာ္ေတာ္မ်ားမ်ားခန္းၾကတယ္။ ဒီႏွစ္ေတာ့ ပိုခန္းတယ္။ တခ်ိဳ႕ကေတာ့ ဆယ္တာေပါ့။ ထပ္တူးတာေပါ့။ အဆင္မေျပတာက ပိုမ်ားပါတယ္။ တခ်ိဳ႕အိမ္ေတြဆို စည္ပင္သာယာက ေပးတဲ့ ေရရွိေတာ့ အဆင္ေျပၾကေပမယ့္ စည္ပင္ေရမေရာက္တဲ့ေနရာေတြဆို ဝယ္သုံးရတာေပါ့ ”ဟု နမ့္ေဘာ္ဝမ္းရပ္ကြက္မွ ကိုသူရ က ေျပာသည္။
ႏွစ္စဥ္ ဧၿပီလမွစ၍ ေႏြရာသီတြင္ ေသာက္သုံးေရတြင္းမ်ား ခန္းေျခာက္တတ္ၿပီး ယခုႏွစ္တြင္ ယခင္ႏွစ္မ်ားထက္ ေရခန္းသည့္ေရတြင္းမ်ားပိုမ်ားလာျခင္းျဖစ္ေၾကာင္း လိြဳင္ေကာ္ၿမိဳ႕ေပၚရပ္ကြက္မ်ားရွိ ေဒသခံမ်ားထံမွ သိရသည္။
“ကၽြန္ေတာ္တို႕ ဒီဖက္မွာေတာ့ ဒီႏွစ္စခန္းေနၿပီေပါ့။ တခ်ိဳ႕ေရတြင္းနည္းနည္းနက္ၿပီး ေရထြက္ေကာင္းတဲ့ တြင္းေတြေလာက္ပဲ က်န္တာ အကုန္ခန္းေနတာေပါ့ ။ အဓိကကေတာ့ ေသာက္သုံးေရ ျပတ္လပ္တာေပါ့။ ဝယ္သုံးရတယ္။ တစ္ခါဝယ္ရရင္ ေထာ္လာဂ်ီတစ္စၤီးကို ငါးေထာင္ေပါ့။ နည္းနည္းေတာ့ က်ပ္တည္း လာတာေပါ့ ”ဟု ကိုသူရ က ေျပာသည္။
လိြဳင္ေကာ္ၿမိဳ႕ႏွင့္ ဒီေမာ့ဆိုၿမိဳ႕နယ္မ်ားရွိ ေက်းရြာမ်ားမွ ေရတြင္းမ်ား အမ်ားဆံုး ခန္းေျခာက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။ 
“ဒီႏွစ္က ပိုပူလို႕လားေတာ့မသိဘူး အရင္ႏွစ္ထက္ပိုခန္းတယ္ေလ။ စည္ပင္ေရကိုပါ ယူရတာေပါ့။ ေရေရာက္တဲ့ ေနရာဆို ေတာ္ေသးတယ္ေလ။ ေရပိုက္လိုင္းမေရာက္တဲ့ေနရာဆို ဝယ္သုံးရတယ္။ ခ်ိဳးဖို႕ကေတာ့ ေငြေတာင္ဆည္မွာ သြားခ်ိဳးရတာေပါ့။ ေသာက္သုံးေရက အရမ္းရွားလာတယ္။ တစ္ႏွစ္ထက္ တစ္ႏွစ္ပိုရွားလာတာေပါ့ ”ဟု ဒီေမာ့ဆိုၿမိဳ႕ ရူးဖယ္ခူ ရပ္ကြက္မွ ဦးထားရုကေျပာသည္။
လိြဳင္ေကာ္၊ ဒီေမာ့ဆို၊ ဖရူဆိုၿမိဳ႕နယ္မ်ား ရွိ ေက်းရြာအမ်ားစုတြင္ ေရရွားပါးမႈဒဏ္ကို အမ်ားစုခံေနၾကရၿပီး အဆိုပါေက်းရြာမ်ားသို႕ ျပည္နယ္တြင္းရွိ ေရႊလိြဳင္ေကာ္ ပရဟိတ အသင္း ၊ လိြဳင္ေကာ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တို႕မွ ေရလွဴဒါန္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
“ ၿမိဳ႕ေပၚေရခန္းၿပီး ေရလိုေနတဲ့ေနရာေတြကို အေကာင္းဆုံးျဖစ္ေအာင္ လွဴေပးမယ္ ။ စီမံခ်က္က မတ္လ ကေန ေမလထိေပါ့။ ဒါေပမယ့္ လိုအပ္ခ်က္ေပၚမူတည္ၿပီးဇြန္လကုန္ထိ ကၽြန္ေတာ္တို႕ ေရလိုက္လွဴ သြားပါမယ္။ အလွည့္က်လွဴေနမွာေပါ့။ ဒီေန႕ၿမိဳ႕ေပၚဆိုေနာက္ေန႕ ရြာေတြဆင္းလွဴမယ္ ”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ကိုဇာနည္ေအာင္ က ေျပာသည္။
ဒီေမာ့ဆိုၿမိဳ႕နယ္တြင္းရွိ ေသာက္သုံးေရတြင္းအမ်ားစုမွာ ေရခန္းေျခာက္ေနၿပီး ျပန္လည္ တူးေဖာ္ရန္ မျဖစ္ေတာ့သည့္ အေျခအေနႏွင့္ ႀကံဳေနရေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~
လိြဳင္ေကာ္ႏွင့္ ဒီေမာ့ဆိုၿမိဳ႕နယ္ရွိ ေရတြင္းမ်ား ေရခန္းေျခာက္မႈ ႀကံဳေတြ႕ေနရ

ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့နယ်တို့ရှိ ရပ်ကွက်များမှ သောက်သုံးရေတွင်းများ ဧပြီလအစောပိုင်းမှ စတင်ကာ ဖြစ်လေ့ရှိသည့် ရေခန်းခြောက်မှုမှာ ယခုနှစ်တွင် အခြေအနေ ပိုဆိုးနေကြောင်း သိရသည်။

“လွိုင်ကော်မြို့ပေါ်မှာဆို မြို့စွန်က ရပ်ကွက်တွေ ပြီးတော့ ကုန်းပိုင်းကျတဲ့ ရပ်ကွက်တွေမှာ ခန်းတယ်။ ဒီမော့ဆိုဘက်မှာကျတော့လည်း တော်တော်များများခန်းကြတယ်။ ဒီနှစ်တော့ ပိုခန်းတယ်။ တချို့ကတော့ ဆယ်တာပေါ့။ ထပ်တူးတာပေါ့။ အဆင်မပြေတာက ပိုများပါတယ်။ တချို့အိမ်တွေဆို စည်ပင်သာယာက ပေးတဲ့ ရေရှိတော့ အဆင်ပြကြေပေမယ့် စည်ပင်ရေမရောက်တဲ့နေရာတွေဆို ဝယ်သုံးရတာပေါ့ ”ဟု နမ့်ဘော်ဝမ်းရပ်ကွက်မှ ကိုသူရ က ပြောသည်။

နှစ်စဉ် ဧပြီလမှစ၍ နွေရာသီတွင် သောက်သုံးရေတွင်းများ ခန်းခြောက်တတ်ပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ရေခန်းသည့်ရေတွင်းများပိုများလာခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ ဒီဖက်မှာတော့ ဒီနှစ်စခန်းနပြေီပေါ့။ တချို့ရေတွင်းနည်းနည်းနက်ပြီး ရေထွက်ကောင်းတဲ့ တွင်းတွေလောက်ပဲ ကျန်တာ အကုန်ခန်းနေတာပေါ့။ အဓိကကတော့ သောက်သုံးရေ ပြတ်လပ်တာပေါ့။ ဝယ်သုံးရတယ်။ တစ်ခါဝယ်ရရင် ထော်လာဂျီတစ်င်္စီးကို ငါးထောင်ပေါ့။ နည်းနည်းတော့ ကျပ်တည်း လာတာပေါ့ ”ဟု ကိုသူရ က ပြောသည်။

လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့နယ်များရှိ ကျေးရွာများမှ ရေတွင်းများ အများဆုံး ခန်းခြောက်နခြေင်း ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်က ပိုပူလို့လားတော့မသိဘူး အရင်နှစ်ထက်ပိုခန်းတယ်လေ။ စည်ပင်ရေကိုပါ ယူရတာပေါ့။ ရေရောက်တဲ့ နေရာဆို တော်သေးတယ်လေ။ ရေပိုက်လိုင်းမရောက်တဲ့နေရာဆို ဝယ်သုံးရတယ်။ ချိုးဖို့ကတော့ ငွေတောင်ဆည်မှာ သွားချိုးရတာပေါ့။ သောက်သုံးရေက အရမ်းရှားလာတယ်။ တစ်နှစ်ထက် တစ်နှစ်ပိုရှားလာတာပေါ့ ”ဟု ဒီမော့ဆိုမြို့ ရူးဖယ်ခူ ရပ်ကွက်မှ ဦးထားရုကပြောသည်။

လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆိုမြို့နယ်များ ရှိ ကျေးရွာအများစုတွင် ရေရှားပါးမှုဒဏ်ကို အများစုခံနကြေရပြီး အဆိုပါကျေးရွာများသို့ ပြည်နယ်တွင်းရှိ ရွှေလွိုင်ကော် ပရဟိတ အသင်း၊ လွိုင်ကော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့မှ ရေလှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ မြို့ပေါ်ရေခန်းပြီး ရေလိုနေတဲ့နေရာတွေကို အကောင်းဆုံးဖြစ်အောင် လှူပေးမယ်။ စီမံချက်က မတ်လ ကနေ မေလထိပေါ့။ ဒါပေမယ့် လိုအပ်ချက်ပေါ်မူတည်ပြီးဇွန်လကုန်ထိ ကျွန်တော်တို့ ရေလိုက်လှူ သွားပါမယ်။ အလှည့်ကျလှူနေမှာပေါ့။ ဒီနေ့မြို့ပေါ်ဆိုနောက်နေ့ ရွာတွေဆင်းလှူမယ် ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုဇာနည်အောင် က ပြောသည်။

ဒီမော့ဆိုမြို့နယ်တွင်းရှိ သောက်သုံးရေတွင်းအများစုမှာ ရေခန်းခြောက်နပြေီး ပြန်လည် တူးဖော်ရန် မဖြစ်တော့သည့် အခြေအနေနှင့် ကြုံနေရကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~