တာခ်ီလိတ္မွတဆင့္ တရားမ၀င္ သယ္ေဆာင္လာသည့္ ေအးခဲအသားမ်ား က်ဳိင္းတံုတြင္ သိမ္းဆည္း ဖ်က္ဆီး

တာခ်ီလိတ္မွတဆင့္ တရားမ၀င္ သယ္ေဆာင္လာသည့္ ေအးခဲအသားမ်ား က်ဳိင္းတံုတြင္ သိမ္းဆည္း ဖ်က္ဆီး
ဧပြီ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ က်ိဳင္းတုံၿမိဳ႕သို႔  ဧၿပီလ(၂၉)ရက္ေန႔ ေန႔လယ္(၃)နာရီခန္႔က ကားႏွစ္စီးျဖင့္ တရားမဝင္သယ္ေဆာင္လာသည့္ ေအးခဲအသား (၂၄၈၄)ကီလိုကုိ စစ္ေဆး ေတြ႔ရိွရသျဖင့္ က်ိဳင္းတုံခရို္င္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က မီးရိႈ႕ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။

"ဧၿပီလ (၂၉)ရက္ မနက္(၁၀)နာရီေလာက္က တာခ်ီလိတ္ကေနၿပီးေတာ့ က်ိဳင္းတုံကို ေအးခဲ အသားေခ်ာင္းနဲ ့အသားေတြကို Vigo ကားတစ္စီးနဲ ့ ဒိုင္နာကားတစ္စီးတို႔က မယ္ယန္းဂိတ္ကေန လိုင္စင္ျဖတ္ၿပီး သယ္လာတယ္။ ဒါေပမယ့္ သယ္လာတဲ့အထဲမွာက ေအးခဲအသားေခ်ာင္း၊ အသားလုံးေတြမွာ လိုင္စင္ပါေပမယ့္ အဲဒါေတြရဲ႕ေအာက္မွာ လိုင္စင္မပါတဲ့ ေအးခဲအသားေတြကိုပါ သယ္လာတဲ့အတြက္ မွန္ရင္မွန္သလို စိစစ္ေပးပါဆိုၿပီး တိုင္လာတာေႀကာင့္ ကၽြန္ေတာ္တို႔က ေနာင္ႏြန္းဂိတ္မွာ ဖမ္းမိၿပီး ၿမိဳ႕နယ္အေကာက္ခြန္ရုံးဝန္းထဲမွာ စစ္ေဆးခဲ့တာပါ"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကားႏွစ္စီးေပၚတြင္ပါလာသည့္ ေအးခဲအသားေခ်ာင္း၊ အသားလုံးႏွင့္ အသားမ်ားကို အဖြဲ ့စုံျဖင့္ စစ္ေဆးခဲ့ရာ ေအးခဲအသားလုံးႏွင့္ အသားေခ်ာင္း စုစုေပါင္း ကီလိုတစ္ေသာင္းမွာ ၂၀၁၈ ခုႏွစ္အထိ သက္တမ္းရိွ (FDA)မွထုတ္ေပးထားသည့္ ခြင့္ျပဳလိုင္စင္ရိွေသာ္လည္း တိရစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဌာနထံတြင္ ခြင့္ျပဳလိုင္စင္ရယူရမည့္ ေအးခဲအသား စုစုေပါင္း (၂၄၈၄)ကီလိုတြင္မူ ခြင့္ျပဳလိုင္စင္ မရိွသည္ကို စစ္ေဆးေတြ႔ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီေအးခဲအသားေတြကို အခြန္ေဆာင္ၿပီး သြင္းမယ္ဆိုရင္ ကုန္က်စရိတ္မ်ားတဲ့အတြက္ ေမွာင္ခိုသြင္းတဲ့ လူေတြ ေရာင္းတဲ့ေစ်းႏႈန္းကို မယွဥ္ႏိုင္ဘူးဆိုေတာ့ သူတို ့ကလည္း အရင္က သူမ်ားလိုပဲ တင္သြင္းၿပီးေတာ့ အဲဒီလိုင္စင္ကို မသုံးဘဲထားထားတာ။ ဒါေပမယ့္ ဟုိတေလာက က်ိဳင္းတုံမွာ ကၽြန္ေတာ္တို ့ လိုင္စင္မရိွတဲ့ ေအးခဲအသားလုံး၊ အသားေခ်ာင္းေတြကို ဖမ္းထားတဲ့အတြက္ သူတို ့က ဒီလိုင္စင္ကိုင္ၿပီးေတာ့ အသားလုံးေတြ၊ အသားေခ်ာင္းေတြကို သယ္လာေပမယ့္ ေအးခဲအသား ေတြမွာက်ေတာ့ လုိုင္စင္မရိွပါဘူး"ဟု ဦးသန္းစိုးက ေျပာသည္။

ခြင့္ျပဳလိုင္စင္ရိွသည့္ ေအးခဲအသားလုံး၊ အသားေခ်ာင္းမ်ားကိုမူ မူလပို္င္ရွင္မ်ားထံသို ့ ျပန္လည္ ေပးအပ္ခဲ့ၿပီး ခြင့္ျပဳလုိုင္စင္မရိွသည့္ ေအးခဲအသား (၂၄၉၄)ကီလို ကာလတန္ဖိုး က်ပ္ (၇၆၇၉၄၈၈)သိန္းကို က်ိဳင္းတုံခရိုင္စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ ဧၿပီလ (၂၉)ရက္ ည(၈)နာရီခြဲခန္ ့တြင္ စားသုံးသူအကာအကြယ္ေပးေရးဥပေဒပုဒ္မ ၁၉/င ႏွင့္ ၁၉/စ အရ မီးရိႈ႕ဖ်က္ဆီးခဲ့ၿပီး သယ္ေဆာင္လာသူမ်ားကိုလည္း ခံ၀န္ကတိလက္မွတ္ ေရးထိုးခိုင္းခဲ့ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - ဦးသန္းစိုး


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မှတဆင့် တရားမဝင် သယ်ဆောင်လာသည့် အေးခဲအသားများ ကျိုင်းတုံတွင် သိမ်းဆည်း ဖျက်ဆီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ ဧပြီလ(၂၉)ရက်နေ့ နေ့လယ်(၃)နာရီခန့်က ကားနှစ်စီးဖြင့် တရားမဝင်သယ်ဆောင်လာသည့် အေးခဲအသား (၂၄၈၄)ကီလိုကို
စစ်ဆေးတွေ့ရှိရသဖြင့် ကျိုင်းတုံခရို်င် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

"ဧပြီလ (၂၉)ရက် မနက်(၁၀)နာရီလောက်က တာချီလိတ်ကနပြေီးတော့ ကျိုင်းတုံကို အေးခဲ အသားချောင်းနဲ့အသားတွေကို Vigo ကားတစ်စီးနဲ့ ဒိုင်နာကားတစ်စီးတို့က မယ်ယန်းဂိတ်ကနေ လိုင်စင်ဖြတ်ပြီး သယ်လာတယ်။ ဒါပေမယ့် သယ်လာတဲ့အထဲမှာက အေးခဲအသားချောင်း၊ အသားလုံးတွေမှာ လိုင်စင်ပါပေမယ့် အဲဒါတွေရဲ့အောက်မှာ လိုင်စင်မပါတဲ့ အေးခဲအသားတွေကိုပါ သယ်လာတဲ့အတွက် မှန်ရင်မှန်သလို စိစစ်ပေးပါဆိုပြီး တိုင်လာတာကြောင့် ကျွန်တော်တို့က နောင်နွန်းဂိတ်မှာ ဖမ်းမိပြီး မြို့နယ်အကောက်ခွန်ရုံးဝန်းထဲမှာ စစ်ဆေးခဲ့တာပါ"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကားနှစ်စီးပေါ်တွင်ပါလာသည့် အေးခဲအသားချောင်း၊ အသားလုံးနှင့် အသားများကို အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ရာ အေးခဲအသားလုံးနှင့် အသားချောင်း စုစုပေါင်း ကီလိုတစ်သောင်းမှာ ၂၀၁၈ ခုနှစ်အထိ သက်တမ်းရှိ (FDA)မှထုတ်ပေးထားသည့် ခွင့်ပြုလိုင်စင်ရှိသော်လည်း တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနထံတွင် ခွင့်ပြုလိုင်စင်ရယူရမည့် အေးခဲအသား စုစုပေါင်း (၂၄၈၄)ကီလိုတွင်မူ ခွင့်ပြုလိုင်စင် မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီအေးခဲအသားတွေကို အခွန်ဆောင်ပြီး သွင်းမယ်ဆိုရင် ကုန်ကျစရိတ်များတဲ့အတွက် မှောင်ခိုသွင်းတဲ့ လူတွေ ရောင်းတဲ့ဈေးနှုန်းကို မယှဉ်နိုင်ဘူးဆိုတော့ သူတို့ကလည်း အရင်က သူများလိုပဲ တင်သွင်းပြီးတော့ အဲဒီလိုင်စင်ကို မသုံးဘဲထားထားတာ။ ဒါပေမယ့် ဟိုတလောက ကျိုင်းတုံမှာ ကျွန်တော်တို့ လိုင်စင်မရှိတဲ့ အေးခဲအသားလုံး၊ အသားချောင်းတွေကို ဖမ်းထားတဲ့အတွက် သူတို့က ဒီလိုင်စင်ကိုင်ပြီးတော့ အသားလုံးတွေ၊ အသားချောင်းတွေကို သယ်လာပေမယ့် အေးခဲအသား တွေမှာကျတော့ လိုင်စင်မရှိပါဘူး"ဟု ဦးသန်းစိုးက ပြောသည်။

ခွင့်ပြုလိုင်စင်ရှိသည့် အေးခဲအသားလုံး၊ အသားချောင်းများကိုမူ မူလပို်င်ရှင်များထံသို့ ပြန်လည် ပေးအပ်ခဲ့ပြီး ခွင့်ပြုလိုင်စင်မရှိသည့် အေးခဲအသား (၂၄၉၄)ကီလို ကာလတန်ဖိုး ကျပ် (၇၆၇၉၄၈၈)သိန်းကို ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ဧပြီလ (၂၉)ရက် ည(၈)နာရီခွဲခန့်တွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉/င နှင့် ၁၉/စ အရ မီးရှို့ဖျက်ဆီးခဲ့ပြီး သယ်ဆောင်လာသူများကိုလည်း ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ဦးသန်းစိုး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~